ရှင်ယောဟန်သြဝါဒစာပထမစောင်
နိဒါန်း
ရှင်ယောဟန်သြဝါဒစာပထမစောင်တွင် ရည်ရွယ်ချက်(၂)ခုရှိ၏။ ယင်းရည်ရွယ်ချက် များမှာ (၁) စာဖတ်သူတို့အားဘုရားသခင် နှင့်လည်းကောင်း၊ ကိုယ်တော်၏သားတော်ယေရှု ခရစ်နှင့်လည်းကောင်း၊ မိတ်သဟာယဖွဲ့ဖို့အား ပေးတိုက်တွန်းရန်နှင့်(၂) ယင်းသို့မိတ်သဟာ ယဖွဲ့မှုကိုပျက်ပြားစေမည့်မှားယွင်းသော သွန်သင်ချက်ကိုလက်မခံကြဖို့သတိပေး ရန်ဖြစ်ပေသည်။ မှားယွင်းသောသွန်သင်ချက် အရမကောင်းမှုဟူသမျှသည်ရုပ်လောက နှင့်ထိတွေ့မှုမှဖြစ်ပေါ်လာရကား ဘုရား သခင်၏သားတော်သခင်ယေရှုသည်အကယ် ပင်လူ့ဇာတိကိုမခံယူနိုင်။ ထိုသို့သွန်သင် သောဆရာတို့ကကယ်တင်ခြင်းဆိုသည်မှာ ဤလောကတွင်နေထိုင်ရေးအတွက်စိုးရိမ် ပူပန်မှုနှင့်ကင်းဝေးနိုင်ခြင်းပင်ဖြစ်သည် ဟူ၍လည်းကောင်း၊ ကယ်တင်ခြင်းသည် အကျင့်တရား၊ မေတ္တာတရားတို့နှင့်မည် သို့မျှမသက်ဆိုင်ဟူ၍လည်းကောင်းသွန် သင်ကြ၏။
ထိုသူတို့၏သွန်သင်ချက်ကိုချေပသည့် အနေဖြင့်စာရေးသူက ယေရှုခရစ်သည်လူ သားအမှန်စင်စစ်ဖြစ်တော်မူခဲ့ကြောင်း ရှင်းလင်းပြတ်သားစွာတင်ပြသည်။ ထိုမှ တစ်ပါးလည်းသခင်ယေရှုကိုယုံကြည်၍ ဘုရားသခင်ကိုချစ်မြတ်နိုးသူမှန်သမျှ သည် မိမိတို့အချင်းချင်းအားလည်းချစ် ရကြမည်ဖြစ်ကြောင်းအလေးပေးသွန် သင်ပေသည်။
အကြောင်းအရာအကျဉ်းချုပ်
နိဒါန်း ၁:၁-၄
အလင်းနှင့်အမှောင် ၁:၅-၂:၂၉
ဘုရားသခင်၏သားသမီးများနှင့်
မာရ်နတ်၏သားသမီးများ ၃:၁-၂၄
အမှန်နှင့်အမှား ၄:၁-၆
မေတ္တာတရား ၄:၇-၂၁
အောင်မြင်သောယုံကြည်ခြင်း ၅:၁-၂၁
1
အသက်ရှင်စေသောနှုတ်ကပတ်တော်
1 အသက်တော်တည်းဟူသောနှုတ်ကပတ်တော် အကြောင်းကိုငါတို့စာရေးလိုက်၏။ ထိုနှုတ် ကပတ်တော်သည်အစမူလကတည်းကပင် ရှိနေတော်မူခဲ့၏။ ထိုနှုတ်ကပတ်တော်ကို ငါတို့ကြားခဲ့ကြ၏။ ငါတို့ကိုယ်တိုင်မျက်စိ ဖြင့်မြင်ခဲ့ကြ၏။ ငါတို့လက်ဖြင့်စမ်းသပ် ကြည့်ရှုခဲ့ကြ၏။-✡ ယော၊ ၁:၁။ 2 ထိုအသက်တော်ပေါ်လွင်ထင်ရှားခဲ့စဉ်က ငါတို့မြင်ရကြ၏။ သို့ဖြစ်၍ယင်း၏အကြောင်း ကိုငါတို့ဟောပြောကြ၏။ ခမည်းတော်နှင့် အတူရှိတော်မူခဲ့သည့်အသက်တော်သည် ငါတို့တွင်ပေါ်လွင်ထင်ရှားခဲ့သဖြင့် ငါတို့ သည်ထိုအသက်တော်အကြောင်းကိုသင်တို့ အားဖော်ပြကြေညာကြ၏။-✡ ယော၊ ၁:၁၄။ 3 ငါတို့သည်ခမည်းတော်နှင့်လည်းကောင်း၊ ကိုယ်တော်၏သားတော်ယေရှုခရစ်နှင့်လည်း ကောင်း၊ မိတ်သဟာယဖွဲ့ရကြသည်ဖြစ်ရာ သင်တို့သည်လည်း ငါတို့နှင့်အတူထိုမိတ် သဟာယတွင်ပါဝင်ခွင့်ကိုရရှိကြစေရန် ငါတို့တွေ့မြင်ကြားသိခဲ့ရသည့်အမှု အရာကိုသင်တို့အားဖော်ပြ၏။- 4 ငါတို့သည်ရွှင်လန်းဝမ်းမြောက်မှုကိုအပြည့် အဝခံစားနိုင်ကြစေရန် ဤအကြောင်း အရာများကိုစာရေးလိုက်သည်။
ဘုရားသခင်သည်အလင်းဖြစ်တော်မူခြင်း
5 ဘုရားသခင်သည်အလင်းဖြစ်တော်မူ၏။ ကိုယ်တော်၌အမှောင်လုံးဝမရှိဟူသော တရားစကားကို ငါတို့သည်ကိုယ်တော်၏ သားတော်ထံမှကြားသိရသဖြင့်သင်တို့ အားကြေညာ၏။- 6 သို့ဖြစ်၍ငါတို့သည်ကိုယ်တော်နှင့်မိတ်သဟာ ယဖွဲ့ရကြလေပြီဟုဆိုလျက် အမှောင်တွင် ကျင်လည်နေကြပါမူနှုတ်အားဖြင့်လည်း ကောင်း၊ အကျင့်အားဖြင့်လည်းကောင်းလိမ်လည် သူများဖြစ်ကြ၏။- 7 သို့ရာတွင်ကိုယ်တော်သည်အလင်းတွင်ရှိတော် မူသကဲ့သို့ ငါတို့သည်အလင်းတွင်ကျင်လည် ကြပါမူ အချင်းချင်းတစ်ယောက်နှင့်တစ်ယောက် မိတ်သဟာယဖွဲ့ခြင်းရှိကြ၏။ ဘုရားသခင် ၏သားတော်သခင်ယေရှု၏သွေးတော်သည် လည်းငါတို့၏အပြစ်ရှိသမျှကိုဆေးကြော စင်ကြယ်စေတော်မူလိမ့်မည်။
8 ငါတို့သည်အပြစ်သားများမဟုတ်ဟုဆို ပါမူ ငါတို့သည်မိမိတို့ကိုယ်ကိုလှည့်စား ကြ၏။ ငါတို့၌သစ္စာတရားမရှိ။- 9 သို့ရာတွင်အပြစ်ဝန်ချကြလျှင်ဘုရား သခင်သည်ကတိတည်တော်မူ၍တရားမျှတ တော်မူသောအရှင်ဖြစ်တော်မူသဖြင့် ငါတို့ ၏အြုပစ်များကိုဖြေလွှတ်၍ငါတို့အား ဒုစရိုက်အညစ်အကြေးအပေါင်းတို့နှင့် ကင်းစင်စေတော်မူလိမ့်မည်။- 10 အကယ်၍မိမိတို့သည်အပြစ်ကူးသူများ မဟုတ်ဟုငါတို့ဆိုပါမူ ဘုရားသခင်အား မုသားသုံးတော်မူသောအရှင်ဟုစွပ်စွဲပြော ဆိုရာရောက်လျက်နှုတ်ကပတ်တော်သည်ငါတို့ ၌မရှိ။