30
အာမလက်အမျိုးသားတို့နှင့်စစ်ဖြစ်ခြင်း
1 နှစ်ရက်မျှကြာသောအခါဒါဝိဒ်တို့လူစု သည် ဇိကလတ်မြို့သို့ပြန်လည်ရောက်ရှိလာ ကြ၏။ အာမလက်အမျိုးသားတို့သည်ယုဒ ပြည်တောင်ပိုင်းသို့ ချင်းနင်းဝင်ရောက်ကာဇိ ကလတ်မြို့ကိုတိုက်ခိုက်မီးရှို့၍၊- 2 အမျိုးသမီးအပေါင်းတို့ကိုဖမ်းဆီးပြီး လျှင်ခေါ်ဆောင်သွားကြ၏။ သို့ရာတွင်မည် သူတစ်စုံတစ်ယောက်ကိုမျှမသတ်ခဲ့ကြ။
3 ဒါဝိဒ်တို့လူစုရောက်ရှိလာသောအခါ မြို့မှာ မီးကျွမ်းလျက် မိမိတို့၏မယားနှင့်သားသမီး များကို ရန်သူတို့ဖမ်းဆီးသွားကြောင်းကို တွေ့ရှိသဖြင့်၊- 4 အားအင်ကုန်ခန်းသည့်တိုင်အောင်ငိုကြွေး ကြ၏။- 5 ဒါဝိဒ်၏မယားများဖြစ်ကြသော အဟိနောင် နှင့်အဘိဂဲလတို့ပင်လျှင်ပါသွားကြလေ သည်။✡ ၁ရာ၊ ၂၅:၄၂-၄၃။
6 ဒါဝိဒ်၏လူတို့သည်မိမိတို့သားသမီးများ ဆုံးရှုံးရကြသည့်အတွက် စိတ်ညှိုးငယ်လျက် ဒါဝိဒ်အားခဲနှင့်ပေါက်ရန်ခြိမ်းခြောက်နေသဖြင့် ဒါဝိဒ်သည်အတိဒုက္ခရောက်လျက်ရှိ၏။ သို့ရာ တွင်သူသည်မိမိ၏ဘုရားသခင်ထာဝရ ဘုရားထံတော်မှခွန်အားကိုရရှိပေသည်။- 7 ဒါဝိဒ်သည်အဟိမလက်၏သား၊ ယဇ်ပုရော ဟိတ်အဗျာသာအား``သင်တိုင်းတော်ကိုယူ ဆောင်ခဲ့လော့'' ဟုဆိုလျှင်အဗျာသာသည် သင်တိုင်းတော်ကိုယူဆောင်ခဲ့၏။-✡ ၁ရာ၊ ၂၂:၂၀-၂၃။ 8 ထိုအခါဒါဝိဒ်သည်ထာဝရဘုရား အား``အကျွန်ုပ်သည်ဤမြို့ကိုတိုက်ခိုက် လုယက်သူတို့၏နောက်သို့လိုက်ရပါမည် လော။ သူတို့အားဖမ်းဆီးရမိပါမည် လော'' ဟုမေးလျှောက်၏။
ကိုယ်တော်က``သူတို့၏နောက်သို့လိုက်လော့။ သင် သည်သူတို့ကိုဖမ်းဆီးရမိ၍သုံ့ပန်းများ ကိုကယ်ဆယ်နိုင်လိမ့်မည်'' ဟုပြန်လည်မိန့် ကြားတော်မူ၏။
9 သို့ဖြစ်၍ဒါဝိဒ်နှင့်လူခြောက်ရာတို့သည် ထွက်ခွာသွားကြရာဗေသော်ချောင်းသို့ရောက် ရှိသောအခါ အချို့သောသူတို့သည်ထို အရပ်တွင်နေရစ်ကြ၏။- 10 ဒါဝိဒ်သည်လူလေးရာနှင့်ဆက်၍သွား၏။ အခြားလူနှစ်ရာမှာမောပန်းလွန်းသဖြင့် ချောင်းကိုမကူးနိုင်ဘဲနေရစ်ကြ၏။
11 ဒါဝိဒ်နှင့်ပါလာသောလူတို့သည် အီဂျစ် အမျိုးသားလူငယ်တစ်ယောက်ကိုကျေးတော တွင်တွေ့၍ဒါဝိဒ်ထံသို့ခေါ်ဆောင်ခဲ့ကြ၏။ သူတို့သည်ထိုလူငယ်အားအစားအစာ နှင့်ရေကိုလည်းကောင်း၊- 12 သင်္ဘောသဖန်းသီးခြောက်အနည်းငယ်နှင့် စပျစ် သီးခြောက်နှစ်ပြွတ်ကိုလည်းကောင်းပေးကြ၏။ လူငယ်သည်ထိုအစားအစာများကိုစားပြီး နောက်ပြန်၍အားပြည့်လာလေသည်။ သူသည် သုံးရက်တိုင်တိုင်မည်သည့်အစာရေစာမျှ မစားမသောက်ခဲ့ရ။- 13 ဒါဝိဒ်သည်သူ့အား``သင်၏သခင်ကားမည်သူ နည်း။ သင်အဘယ်အရပ်မှလာသနည်း'' ဟု မေး၏။
လူငယ်က``ကျွန်တော်သည်အာမလက်အမျိုး သားတစ်ဦး၏ကျွန်၊ အီဂျစ်လူမျိုးဖြစ်ပါ၏။ ဖျားနာနေသောကြောင့်ကျွန်တော်အားလွန်ခဲ့ သည့်သုံးရက်ကပင်သခင်ကထားခဲ့ပါ၏။- 14 ကျွန်တော်တို့သည်ယုဒပြည်တောင်ပိုင်းခေရသိ နယ်မြေနှင့် ကာလက်သားချင်းစု၏နယ်မြေကို တိုက်ခိုက်၍ဇိကလတ်မြို့ကိုမီးရှို့ခဲ့ကြပါ ၏'' ဟုပြန်ပြော၏။
15 ဒါဝိဒ်က``သင်သည်ထိုလူစုရှိရာသို့ငါ့ကို လမ်းပြပါမည်လော'' ဟုမေးလျှင်၊
လူငယ်က``အရှင်သည်ကျွန်တော်ကိုမသတ်၊ ကျွန်တော်၏သခင်လက်သို့မပေးအပ်ပါဟူ ၍ဘုရားသခင်၏နာမတော်ကိုတိုင်တည်၍ ကတိပြုပါလျှင်အရှင့်အားလမ်းပြပါ မည်'' ဟုဆိုပြီးလျှင်၊- 16 ဒါဝိဒ်ကိုထိုသူတို့ထံသို့ခေါ်ဆောင်သွားလေသည်။
ထိုသူတို့သည်ဖိလိတ္တိပြည်နှင့်ယုဒပြည်တို့မှ ပစ္စည်းဥစ္စာအမြောက်အမြားကို သိမ်းယူရရှိခဲ့ သဖြင့် နေရာအနှံ့အပြားတွင်စားသောက်ကာ အောင်ပွဲခံလျက်နေကြ၏။- 17 ဒါဝိဒ်သည်နောက်တစ်နေ့အရုဏ်တက်ချိန်မှအစ ပြု၍ညဥ့်ဦးတိုင်အောင် သူတို့အားတိုက်ခိုက်ရာ ကုလားအုတ်စီးသူလူငယ်လေးရာမှလွဲ၍ အခြားအဘယ်သူမျှထွက်မပြေးနိုင်ချေ။- 18 ဒါဝိဒ်သည်မိမိမယားနှစ်ယောက်နှင့်တကွ အာမလက်အမျိုးသားတို့သိမ်းယူသွား သမျှတို့ကိုပြန်လည်ရရှိလိုက်လေသည်။- 19 အဘယ်အရာမျှပျောက်ဆုံးမှုမရှိ။ ဒါဝိဒ် သည်မိမိလူစု၏သားသမီးအပေါင်းကို လည်းကောင်း၊ အာမလက်အမျိုးသားတို့တိုက် ယူသွားသည့်ပစ္စည်းမှန်သမျှကိုလည်းကောင်း ပြန်၍ရလေသည်။- 20 သူတို့လူစုသည်21 * သူတို့၏လူစုသည်။ မောင်းနှင်ကာ။ ဟေဗြဲမူတွင်မရှင်းမလင်းဖြစ်သည်။ သိုးအုပ်နွားအုပ်တို့ကိုလည်းပြန်လည်ရရှိသ ဖြင့် မိမိတို့ရှေ့တွင်မောင်းနှင်ကာ``ဤသိုးနွားများ ကားဒါဝိဒ်ပိုင်ပစ္စည်းများဖြစ်သည်'' ဟုဆိုကြ၏။
21 ထိုနောက်မောပန်းလွန်းသဖြင့် မိမိနှင့်မလိုက်နိုင် ဘဲဗေသော်ချောင်းအနီးတွင် နေရစ်သူလူနှစ်ရာ ရှိရာသို့ဒါဝိဒ်ပြန်လည်ရောက်ရှိလာ၏။ ထိုသူ တို့သည်ခရီးဦးကြိုပြုရန်ထွက်လာ၍ ဒါဝိဒ် တို့လူစုအားနှုတ်ဆက်ကြ၏။- 22 သို့ရာတွင်ဒါဝိဒ်နှင့်အတူလိုက်ပါသွားသူများ အနက် စိတ်သဘောထားသေးသိမ်ယုတ်မာသောလူ အချို့တို့က``ထိုသူတို့သည်ငါတို့နှင့်အတူမလိုက် ခဲ့ကြသဖြင့် သူတို့အားတိုက်ရာပါပစ္စည်းကိုမျှ မပေးနိုင်ပါ။ သူတို့သည်မိမိတို့ဇနီးသားသမီး များကိုခေါ်၍ထွက်ခွာသွားနိုင်ပါသည်'' ဟုဆို ကြ၏။
23 သို့သော်ဒါဝိဒ်က``ညီအစ်ကိုတို့၊ ထာဝရဘုရား ငါတို့အားပေးသနားတော်မူသောပစ္စည်းဥစ္စာများ ကိုသင်တို့ဤသို့မပြုရ။ ကိုယ်တော်သည်ငါတို့ အားဘေးမဲ့လုံခြုံစွာထားတော်မူ၍ ငါတို့မြို့ ကိုချင်းနင်းဝင်ရောက်တိုက်ခိုက်ခဲ့သူတို့အား နှိမ်နင်းနိုင်ခွင့်ပေးတော်မူ၏။- 24 သင်တို့၏အကြံပေးချက်ကိုအဘယ်သူမျှ လက်ခံနိုင်လိမ့်မည်မဟုတ်။ သင်တို့အားလုံးညီ တူညီမျှခွဲဝေယူရကြမည်။ စခန်းစောင့်နေ ရစ်ခဲ့သူသည်စစ်ပွဲဝင်ရန်သွားရောက်သူရရှိ သည့်အတိုင်းပင်ရရှိစေရမည်'' ဟုဆို၏။- 25 ဒါဝိဒ်သည်ဤသို့ဥပဒေကိုပြုလုပ်ခဲ့သဖြင့် ဣသရေလပြည်တွင်ယင်းဥပဒေသည်ယနေ့ တိုင်အောင်တည်မြဲလျက်ရှိပေသည်။
26 ဒါဝိဒ်သည်ဇိကလတ်မြို့သို့ပြန်လည်ရောက်ရှိ လာသောအခါ တိုက်ရာပါပစ္စည်းအချို့တို့ကို မိမိ၏မိတ်ဆွေများဖြစ်သောယုဒခေါင်းဆောင် များထံသို့အမှာစာရေး၍ပေးပို့လိုက်လေ သည်။ အမှာစာတွင်``ထာဝရဘုရား၏ရန်သူ များထံမှအကျွန်ုပ်ရရှိခဲ့သည့်တိုက်ရာပါ ပစ္စည်းအချို့ကိုသင်တို့အတွက်လက်ဆောင် ပေးပို့လိုက်ပါသည်'' ဟုဖော်ပြပါရှိ၏။- 27 သူသည်ပစ္စည်းအချို့ကိုလည်းဗေသလမြို့၊ ယုဒပြည်တောင်ပိုင်းရှိရာမမြို့၊ ယတ္တိယမြို့၊- 28 အာရော်မြို့၊ ရှိဖမုတ်မြို့၊ ဧရှတမောမြို့၊- 29 ရာခလမြို့၊ ယေရမေလသားချင်းစုတို့နေ ထိုင်ရာမြို့၊ ကေနိသားချင်းစုတို့နေထိုင်ရာမြို့၊- 30 ဟောမာမြို့၊ ခေါရာရှန်မြို့၊ အာသက်မြို့၊- 31 ဟေဗြုန်မြို့မှစ၍မိမိနှင့်မိမိ၏လူစုတည်း ခိုခဲ့ဖူးသည့်မြို့ရွာရှိသမျှသို့ပေးပို့လိုက် လေသည်။