13
အာမနုန်နှင့်တာမာ
1 ဒါဝိဒ်၏သားတော်အဗရှလုံတွင် တာမာ နာမည်ရှိသောအဆင်းလှသူနှမတော်ရှိ ၏။ ဒါဝိဒ်၏သားတော်တစ်ပါးဖြစ်သူအာ မနုန်သည်ထိုနှမတော်ကိုအလွန်စုံမက်၏။- 2 သူသည်တာမာကိုအလွန်ချစ်လှသဖြင့် စိတ္တဇရောဂါစွဲကပ်လာလေသည်။ နှမတော် သည်အပျိုစင်ဖြစ်သဖြင့် အာမနုန်သည် မိမိအလိုပြည့်စေရန်မကြံတတ်အောင် ဖြစ်လေ၏။- 3 သို့ရာတွင်သူ့မှာယောနဒပ်အမည်တွင်သော မိတ်ဆွေရှိ၏။ ယောနဒပ်သည်ဒါဝိဒ်၏အစ်ကို ရှိမာ၏သားဖြစ်၏။ သူသည်အလွန်ပါးနပ် လိမ္မာသူတည်း။- 4 ယောနဒပ်က``သင်သည်ဘုရင့်သားတော်ဖြစ် ပါလျက် နေ့စဉ်ရက်ဆက်စိတ်မချမ်းမသာ ဖြစ်လျက်နေသည်ကိုငါတွေ့မြင်ရပါ၏။ အကြောင်းအဘယ်သို့ရှိသည်ကိုငါ့အား ပြောလော့'' ဟုအာမနုန်အားဆို၏။
အာမနုန်က``ငါနှင့်အဖေတူအမေကွဲညီ အစ်ကိုတော်သူအဗရှလုံ၏နှမတာမာ ကိုငါချစ်လျက်နေပါ၏'' ဟုပြန်ပြော၏။
5 ယောနဒပ်က``သင်သည်ဖျားနာဟန်ပြု၍ အိပ်ရာပေါ်တွင်နေလော့။ သင့်ခမည်းတော် လာ၍ကြည့်သောအခါ`နှမတော်တာမာ အားအကျွန်ုပ်ထံသို့စေလွှတ်၍ အကျွန်ုပ် အားအစားအစာကျွေးစေတော်မူပါ။ အကျွန်ုပ်ရှေ့တွင်သူချက်၍ သူ့လက်ဖြင့် ကျွေးသောအစားအစာကိုစားလိုပါ သည်' ဟုလျှောက်ထားလော့'' ဟုအကြံ ပေး၏။- 6 သို့ဖြစ်၍အာမနုန်သည်ဖျားနာဟန်ပြု ၍အိပ်ရာပေါ်တွင်အိပ်နေလေ၏။
ဒါဝိဒ်မင်းသည်သူ့ကိုလာ၍ကြည့်သောအခါ အာမနုန်က``တာမာကိုစေလွှတ်၍အကျွန်ုပ် ရှေ့တွင်မုန့်အနည်းငယ်လုပ်စေပြီးလျှင်သူ့ လက်ဖြင့်အကျွန်ုပ်အားကျွေးမွေးစေတော် မူပါ'' ဟုလျှောက်၏။
7 သို့ဖြစ်၍ဒါဝိဒ်သည်နန်းတော်တွင်းရှိတာမာ ၏အိမ်သို့လူကိုစေလွှတ်၍ အာမနုန်၏အိမ် သို့သွား၍သူ့အတွက်အစားအစာအနည်း ငယ်ကိုပြင်ဆင်ပေးလော့'' ဟုမှာလိုက်၏။- 8 တာမာရောက်ရှိသောအခါအာမနုန်ကို အိပ်ရာထဲတွင်တွေ့ရှိရ၏။ တာမာသည် မုန့်ညက်အနည်းငယ်ကိုယူ၍နယ်ပြီးလျှင် အာမနုန်၏ရှေ့တွင်မုန့်အနည်းငယ်ကိုလုပ် ၏။ ထိုနောက်မုန့်ကိုဖုတ်၍၊- 9 အာမနုန်စားရန်မုန့်ကိုအိုးကင်းမှယူ၍ ထည့်ထားပေး၏။ သို့ရာတွင်အာမနုန်သည် မစားဘဲ``လူအပေါင်းတို့အားငါ့ထံမှ ထွက်ခွာသွားစေလော့'' ဟုဆို၏။ သူတို့ သည်လည်းထွက်သွားကြ၏။- 10 ထိုအခါသူသည်တာမာအား``မုန့်ကိုငါ၏ အိပ်ရာသို့ယူခဲ့၍သင်ကိုယ်တိုင်ငါ့အားကျွေး ပါလော့'' ဟုဆို၏။ တာမာသည်မိမိလုပ်ထား သည့်မုန့်ကိုယူ၍အာမနုန်ရှိရာသို့သွား၏။- 11 မုန့်ကိုကမ်း၍ပေးလိုက်သောအခါအာမနုန် သည်တာမာ၏လက်ကိုဆွဲကိုင်ကာ``ငါနှင့် အတူအိပ်စက်ပါလော့'' ဟုဆို၏။
12 တာမာက``ဤယုတ်မာမှုကိုမပြုပါနှင့်။ ဤ အမှုသည်ရွံရှာစက်ဆုတ်ဖွယ်ကောင်းပါ၏။- 13 ကျွန်မသည်လူပုံလယ်တွင်နောင်အဘယ်အခါ ၌မျှခေါင်းထောင်ရဲတော့မည်မဟုတ်ပါ။ သင်သည် လည်းဣသရေလအမျိုးသားတို့ရှေ့တွင်လုံးဝ အသရေပျက်သွားပါလိမ့်မည်။ ကျေးဇူးပြု၍ မင်းကြီးအားလျှောက်ထားပါလော့။ ထိုသို့ လျှောက်ထားပါလျှင်မင်းကြီးသည်ကျွန်မ အား သင်နှင့်မပေးစားဘဲနေတော်မူမည်မ ဟုတ်ကြောင်းကိုကျွန်မသိပါ၏'' ဟုဆို၏။- 14 သို့ရာတွင်အာမနုန်သည်တာမာ၏စကား ကိုနားမထောင်။ သူသည်တာမာထက်ပို၍ ခွန်အားကြီးသဖြင့် တာမာအားမတော် မတရားပြုကျင့်လေ၏။
15 ထိုနောက်အာမနုန်သည်တာမာကိုလွန်စွာမုန်း လေ၏။ သူသည်ယခင်အခါကချစ်အားကြီး သည်ထက် ယခုအခါ၌မုန်းအားပို၍ကြီး သဖြင့်တာမာအား``ထွက်သွားလော့'' ဟုနှင် ထုတ်လေသည်။
16 တာမာက``နှမတော်ကိုဤသို့နှင်ထုတ်ခြင်းမှာ ခုတင်ကသင်ကူးလွန်သည့်ပြစ်မှုထက်ပင် ပိုမိုဆိုးရွားပါသည်'' ဟုဆို၏။
သို့ရာတွင်အာမနုန်သည်တာမာ၏စကား ကိုနားမထောင်ဘဲ၊- 17 သူသည်မိမိ၏အစေခံကိုခေါ်၍``ဤမိန်းမ ကိုငါ့မျက်မှောက်မှထုတ်၍တံခါးကျင်ကို ထိုးထားလော့'' ဟုဆို၏။- 18 အစေခံသည်လည်းတာမာကိုအပြင်သို့ ထုတ်၍တံခါးကျင်ကိုထိုးလိုက်၏။
တာမာသည်ထိုခေတ်အခါကအိမ်ထောင်မပြု ရသေးသည့် မင်းသမီးများဝတ်ဆင်တတ်သည့် လက်ရှည်ဝတ်လုံအင်္ကျီကိုဝတ်ဆင်ထား၏။- 19 သူသည်မိမိ၏ဦးခေါင်းကိုပြာလူး၍ဝတ် လုံကိုလည်းဆုတ်ဖြဲကာ မျက်နှာကိုလက်ဖြင့် အုပ်၍ငိုယိုလျက်ထွက်ခွာသွားလေသည်။- 20 သူ၏အစ်ကိုအဗရှလုံက``သင့်အားအာမနုန် စော်ကားလိုက်ပြီလော။ ငါ့နှမ၊ အခြားမည်သူ့ ကိုမျှမပြောနှင့်။ သူသည်သင်နှင့်အဖေတူ အမေကွဲမောင်နှမတော်၏။ ဤအမှုကြောင့် များစွာစိတ်ဒုက္ခမဖြစ်ပါစေနှင့်'' ဟုဆို၏။
21 ထိုသို့ဖြစ်ပျက်သည်ကိုကြားသိသော အခါဒါဝိဒ်သည်လွန်စွာအမျက်ထွက်၏။- 22 အဗရှလုံမူကားမိမိ၏နှမတာမာကိုမ တော်မတရားပြုကျင့်သည့်အတွက် အာမနုန် အားလွန်စွာမုန်းသဖြင့်စကားမပြောဘဲ နေ၏။
အဗရှလုံလက်စားချေခြင်း
23 နှစ်နှစ်မျှကြာသော်အဗရှလုံသည်ဧဖရိမ် မြို့အနီးဗာလဟာဇော်ရွာတွင် မိမိသိုးများ အမွေးညှပ်ပွဲကိုကျင်းပ၏။ ထိုအခါသူ သည်ဘုရင့်သားတော်အပေါင်းတို့ကိုဖိတ် ခေါ်လေသည်။- 24 သူသည်ဒါဝိဒ်မင်းကြီးထံသို့သွားပြီး လျှင်``အရှင်မင်းကြီး၊ အကျွန်ုပ်သည်သိုးမွေး ညှပ်ပွဲကျင်းပမည်ဖြစ်၍အရှင်နှင့်မှူးမတ် များကြွရောက်တော်မူပါ'' ဟုလျှောက်၏။
25 မင်းကြီးက``ငါ့သားငါတို့မလာလို။ လာခဲ့ သော်သင့်အတွက်တာဝန်ကြီးပါလိမ့်မည်'' ဟု ဆို၏။ အဗရှလုံသည်မင်းကြီးအားမရမ ကဖိတ်ခေါ်ပါသော်လည်း မင်းကြီးသည်မ လိုက်ဘဲအဗရှလုံအားကောင်းချီးပေး၍ ထွက်ခွာသွားစေတော်မူ၏။
26 သို့ရာတွင်အဗရှလုံက``ထိုသို့ဖြစ်ပါမူ ယုတ်စွအဆုံးအကျွန်ုပ်၏အစ်ကိုအာမနုန် ကိုသွားခွင့်ပြုတော်မူပါ'' ဟုလျှောက်၏။
မင်းကြီးက``အဘယ်ကြောင့်သူ့အား သွားစေရပါမည်နည်း'' ဟုဆို၏။- 27 သို့သော်လည်းအဗရှလုံသည်မရမကဆက် လက်ပူဆာနေသဖြင့် နောက်ဆုံး၌ဒါဝိဒ်သည် အာမနုန်နှင့်အခြားသားတော်အားလုံးကို သွားခွင့်ပြုတော်မူ၏။
28 အဗရှလုံသည်ဘုရင်တို့နှင့်ထိုက်တန်သည့် စားပွဲကြီးကိုပြင်ဆင်ပြီးနောက် မိမိ၏အစေ ခံတို့အား``အာမနုန်သည်စပျစ်ရည်အလွန် အကြူးသောက်မိသောအခါ ငါအမိန့်ပေး လိုက်မည်။ ထိုအခါသင်တို့သူ့အားလုပ်ကြံ ကြလော့။ မကြောက်ကြနှင့်။ ငါကိုယ်တိုင်တာ ဝန်ယူမည်။ ရဲရင့်စွာပြုကြလော့။ လက်မရွံ့ စေကြနှင့်'' ဟုမှာကြား၍ထား၏။- 29 အစေခံတို့သည်အဗရှလုံအမိန့်ပေးထား သည့်အတိုင်းအာမနုန်ကိုလုပ်ကြံကြ၏။ ထို အခါဒါဝိဒ်၏အခြားသားတော်အပေါင်း တို့သည်လားများကိုစီး၍ထွက်ပြေးကြ လေသည်။
30 သူတို့သည်အိမ်အပြန်လမ်း၌ရှိနေသေး စဉ်``အဗရှလုံသည်အရှင်၏သားတော် အပေါင်းတို့ကိုသတ်လေပြီ။ တစ်ဦးတစ် ယောက်မျှမကျန်မရှိတော့ပါ'' ဟူသော သတင်းသည်ဒါဝိဒ်ထံသို့ရောက်ရှိလာ၏။- 31 မင်းကြီးသည်ဝမ်းနည်းကြေကွဲလျက်မိမိ ၏အဝတ်ကိုဆုတ်ဖြဲပြီးလျှင် ကိုယ်ကိုမြေ ပေါ်သို့လှဲချလိုက်၏။ ထိုအရပ်တွင်မင်း ကြီးနှင့်အတူရှိသောအစေခံတို့သည် လည်း မိမိတို့၏အင်္ကျီများကိုဆုတ်ဖြဲ ကြ၏။- 32 သို့ရာတွင်ဒါဝိဒ်၏အစ်ကိုရှိမာ၏သား ယောနဒပ်က``အရှင်မင်းကြီး၊ အရှင်၏သား တော်အားလုံးကိုသတ်လိုက်ကြသည်မဟုတ် ပါ။ အာမနုန်တစ်ယောက်တည်းကိုသာသတ် ခြင်းဖြစ်ပါသည်။ အဗရှလုံသည်မိမိ၏ နှမတော်တာမာကိုအာမနုန်မတရား ပြုကျင့်သည့်နေ့မှစ၍ ဤအမှုကိုပြုရန် စိတ်ပိုင်းဖြတ်ထားကြောင်းသူ၏မျက်နှာ တွင်ပေါ်ပါ၏။- 33 သို့ဖြစ်၍အရှင်၏သားတော်အားလုံးသေ လေပြီဟူသောသတင်းကိုယုံကြည်တော် မမူပါနှင့်။ အာမနုန်တစ်ဦးတည်းသာ သေပါ၏'' ဟုလျှောက်၏။
34 ဤအတောအတွင်း၌အဗရှလုံသည်ထွက် ပြေးလေ၏။ ထိုနောက်မကြာမီကင်းစောင့်တာ ဝန်ကျသောတပ်သားသည်ဟောရောနိမ်မြို့ လမ်းတောင်ကုန်းပေါ်မှလူအချို့ဆင်းလာ သည်ကိုတွေ့သဖြင့်ဘုရင့်ထံသို့သွား ၍``ဟောရောနိမ်လမ်းတောင်ကုန်းပေါ်မှလူ အချို့တို့ဆင်းလာနေကြပါသည်'' ဟု လျှောက်၏။- 35 ယောနဒပ်ကဒါဝိဒ်အား`အကျွန်ုပ်လျှောက် ထားခဲ့သည့်အတိုင်း ထိုသူတို့သည်အရှင် ၏သားတော်များဖြစ်ပါ၏' ဟုလျှောက်၏။- 36 သူ၏စကားဆုံးသည်နှင့်တစ်ပြိုင်နက်ဒါဝိဒ် ၏သားတော်တို့သည်ရောက်ရှိလာကြ၏။ သူ တို့သည်စတင်ငိုကြွေးကြသဖြင့်ဒါဝိဒ် နှင့်မှူးမတ်တို့သည်လည်းပြင်းစွာငိုကြွေး ကြ၏။
37-38 အဗရှလုံသည်ထွက်ပြေးပြီးလျှင်ဂေရှုရ ပြည်အမိဟုဒ်၏သားဘုရင်တာလမဲထံ သို့သွား၏။ ဒါဝိဒ်သည်လည်းသားတော် အာမနုန်အတွက် ကာလကြာမြင့်စွာဝမ်း နည်းကြေကွဲလျက်နေ၏။ အဗရှလုံသည် ဂေရှုရပြည်တွင်သုံးနှစ်မျှနေလေသည်။-✡ ၂ရာ၊ ၃:၃။ 39 မင်းကြီးသည်သေဆုံးသောအာမနုန်ကို အလွမ်းပြေသောအခါ အဗရှလုံအား လွမ်းဆွတ်တသလေ၏။