3
ဣသရေလအမျိုးသားတို့သည် သြဃဘုရင်ကိုတိုက်ခိုက်အောင်မြင်ခြင်း
(တော၊ ၂၁:၃၁-၃၅)
1 ``နောက်တစ်ဖန်ငါတို့သည် မြောက်ဘက်ရှိဗာရှန် ပြည်သို့ချီတက်ခဲ့ကြသည်။ ထိုအခါဗာရှန် ဘုရင်သြဃသည် မိမိ၏စစ်သူရဲအပေါင်း တို့နှင့်တကွငါတို့ကိုတိုက်ရန်ဧဒြိမြို့သို့ ချီတက်လာလေသည်။- 2 သို့ရာတွင်ထာဝရဘုရားက`သူ့ကိုမကြောက် နှင့်။ ငါသည်သူနှင့်တကွ သူ၏လူအပေါင်း တို့ကိုလည်းကောင်း၊ သူ၏တိုင်းပြည်ကိုလည်း ကောင်း၊ သင့်လက်သို့ပေးအပ်မည်။ သင်သည် ဟေရှဘုန်မြို့၌စိုးစံသောအာမောရိဘုရင် ရှိဟုန်အားနှိမ်နင်းသကဲ့သို့ သူ့အားလည်း နှိမ်နင်းလော့' ဟုငါ့အားမိန့်တော်မူသည်။''
3 ``သို့ဖြစ်၍ထာဝရဘုရားသည် သြဃဘုရင် နှင့်သူ၏လူအပေါင်းတို့ကိုငါတို့၏လက်သို့ အပ်သဖြင့် ငါတို့သည်တစ်ယောက်မကျန်သတ် ဖြတ်သုတ်သင်ခဲ့ကြ၏။- 4 တစ်ချိန်တည်းမှာပင်ငါတို့သည် သူပိုင်ဆိုင် သောမြို့ရှိသမျှကိုသိမ်းယူကြသည်။ ငါတို့ မသိမ်းယူသောမြို့ဟူ၍တစ်မြို့မှမရှိ။ ငါ တို့သည်မြို့ပေါင်းခြောက်ဆယ်၊ တစ်နည်းအား ဖြင့်ဗာရှန်ဘုရင်ကြီးစိုးသောအာဂေါဘ ဒေသတစ်ခုလုံးကိုသိမ်းယူကြသည်။- 5 ထိုမြို့အားလုံးတို့သည်မြင့်မားသောမြို့ရိုး၊ မြို့တံခါးများနှင့်မြို့တံခါးကန့်လန့်ကျင် များရှိသဖြင့် ခိုင်ခံ့သောမြို့များဖြစ်ကြ သည်။ အကာအကွယ်ကင်းမဲ့သောကျေးရွာ များလည်းအမြောက်အမြားရှိသည်။- 6 ငါတို့သည်ဟေရှဘုန်ဘုရင်ရှိဟုန်ပိုင်သော မြို့များနှင့်မြို့သူမြို့သားများကိုဖျက်ဆီး သုတ်သင်သကဲ့သို့ သြဃမင်းပိုင်သောမြို့ အားလုံးကိုဖျက်ဆီး၍ ယောကျာ်းမိန်းမနှင့် ကလေးသူငယ်အပေါင်းတို့ကိုသတ်ဖြတ် သုတ်သင်ခဲ့ကြသည်။- 7 တိရစ္ဆာန်များနှင့်မြို့များမှဥစ္စာပစ္စည်းများ ကိုလည်း သိမ်းယူခဲ့ကြသည်။
8 ``သို့ဖြစ်၍ထိုအချိန်တွင်ငါတို့သည် အာနုန် မြစ်မှဟေရမုန်တောင်အထိကျယ်ပြန့်သော ယောဒန်မြစ်အရှေ့ဘက်ရှိနယ်မြေကို ထို အာမောရိဘုရင်နှစ်ပါးတို့ထံမှသိမ်း ယူကြ၏။- 9 (ဟေရမုန်တောင်ကိုဇိဒုန်အမျိုးသားတို့က စိရုန်ဟူ၍လည်းကောင်း၊ အာမောရိအမျိုး သားတို့က ရှနိရဟူ၍လည်းကောင်းခေါ်ဝေါ် သမုတ်ကြ၏။-) 10 ငါတို့သည်ဗာရှန်ဘုရင်သြဃမင်းပိုင်သော မြေပြန့်ရှိမြို့များကိုလည်းကောင်း၊ အရှေ့ဘက် ရှိသာလကမြို့နှင့် ဧဒြိမြို့များအထိကျယ် ပြန့်သောဂိလဒ်ပြည်နှင့် ဗာရှန်ပြည်အားလုံး ကိုလည်းကောင်းသိမ်းယူခဲ့ကြသည်။''
11 (သြဃဘုရင်သည်အလွန်ထွားကြိုင်းသော ရီဖိမ် အနွယ်ဝင်ထဲမှနောက်ဆုံးကြွင်းကျန်သူဖြစ်၏။ သူ၏အလောင်းထည့်ရာခေါင်းကိုကျောက်ဖြင့် ပြုလုပ်၍ အနံခြောက်ပေ၊ အလျားတစ်ဆယ့် လေးပေနီးပါးရှိ၏။ ထိုဘုရင်၏ခေါင်းကို အမ္မုန်ပြည်ရဗ္ဗတ်မြို့တွင်ယနေ့တိုင်တွေ့မြင် နိုင်လေသည်။)
ယော်ဒန်မြစ်အရှေ့ဘက်တွင် နေထိုင်ကြသောအနွယ်များ
(တော၊ ၃၂:၁-၄၂)
12 ``ငါတို့သည်ဤပြည်ကိုသိမ်းပိုက်စဉ်အခါ က အာနုန်မြစ်အနီးရှိ၊ အာရော်မြို့မှစ၍ ဂိလဒ်တောင်ကုန်းဒေသတစ်ဝက်နှင့် ယင်းဒေသ ရှိမြို့များကိုရုဗင်အနွယ်နှင့်ဂဒ်အနွယ်တို့ အားငါခွဲဝေပေး၏။- 13 ဂိလဒ်ပြည်ကျန်တစ်ဝက်နှင့်သြဃဘုရင်အုပ် စိုးသောဗာရှန်ပြည်အားလုံး၊ တစ်နည်းအား ဖြင့်အာဂေါဘဒေသတစ်ခုလုံးကို မနာရှေ အနွယ်တစ်ဝက်တို့အားငါခွဲဝေပေး၏။''
(ဗာရှန်ပြည်တစ်ပြည်လုံးကို ရီဖိမ်လူမျိုး တို့၏ပြည်ဟူ၍ခေါ်တွင်ခဲ့သည်။- 14 မနာရှေအနွယ်ဝင်ယာဣရသည် ဂေရှုရနှင့် မာခါနယ်စပ်အထိကျယ်ဝန်းသောဗာရှန် ပြည်၊ တစ်နည်းအားဖြင့်အာဂေါဘဒေသ တစ်ခုလုံးကိုသိမ်းယူသည်။ သူသည်ကျေးရွာ များကို သူ၏နာမည်ဖြင့်မှည့်ခေါ်ရာ၌ ယနေ့ တိုင်အောင်ယာဣရ၏ကျေးရွာများဟုခေါ် တွင်သတည်း။)
15 ``မနာရှေအနွယ်ဝင်မာခိရအမျိုးသား တို့အား ဂိလဒ်မြို့ကိုငါခွဲဝေပေး၏။- 16 ရုဗင်နှင့်ဂဒ်အနွယ်ဝင်တို့အား ဂိလဒ်မြို့မှ အာနုန်မြစ်အထိနယ်မြေကိုငါခွဲဝေပေး ၏။ ထိုမြစ်လယ်တစ်လျှောက်သည်သူတို့၏ တောင်ဘက်နယ်နိမိတ်ဖြစ်၍ အမ္မုန်ပြည်နယ် စပ်တစ်စိတ်တစ်ဒေသဖြစ်သောယဗ္ဗုတ်မြစ် သည်သူတို့၏မြောက်ဘက်နယ်နိမိတ်ဖြစ် သည်။- 17 သူတို့၏နယ်မြေသည်အနောက်ဘက်ယော်ဒန် မြစ်သို့လည်းကောင်း၊ မြောက်ဘက်ဂါလိလဲ အိုင်သို့လည်းကောင်း၊ တောင်ဘက်ပင်လယ်သေ သို့လည်းကောင်း၊ အရှေ့ဘက်ပိသဂါတောင် ခြေသို့လည်းကောင်းကျယ်ဝန်းသည်။''
18 ``တစ်ချိန်တည်းမှာပင် ငါသည်သူတို့အား`ငါ တို့၏ဘုရားသခင်ထာဝရဘုရားသည် ယော်ဒန်မြစ်အရှေ့ဘက်တွင်ရှိသောဤပြည် ကို သင်တို့အားသိမ်းယူစေတော်မူပြီ။ ယခု သင်တို့၏စစ်သူရဲတို့ကိုလက်နက်စွဲကိုင် စေလော့။ အခြားသောဣသရေလအနွယ် ဝင်တို့နယ်မြေရရှိရေးအတွက် စစ်ကူ တိုက်ခိုက်ရန်သူတို့အလျင်ယော်ဒန်မြစ် ကိုဖြတ်ကူးစေလော့။-✡ ယောရှု၊ ၁:၁၂-၁၅။ 19 ငါသတ်မှတ်ပေးသောမြို့များတွင် သင်တို့ ၏သားမယားများနှင့်တိရစ္ဆာန်များသာလျှင် နေရစ်ခဲ့ရမည်။ သင်တို့တွင်တိရစ္ဆာန်များစွာ ရှိသည်ကိုငါသိ၏။- 20 ထာဝရဘုရားသည်သင်တို့အားအေးချမ်း စွာနေထိုင်ခွင့်ပေးတော်မူသည့်နည်းတူ အခြား သောဣသရေလအနွယ်တို့အား ယော်ဒန်မြစ် အနောက်ဘက်နယ်မြေကိုသိမ်းပိုက်၍ အေးချမ်း စွာနေထိုင်ခွင့်ပေးတော်မူသည်တိုင်အောင် သင် တို့သည်သူတို့ကိုကူညီရမည်။ သို့ဆောင်ရွက် ပြီးမှသင်တို့အပေါင်းသည် ငါခွဲဝေပေး သောပြည်သို့ပြန်လာရကြမည်' ဟုညွှန် ကြားခဲ့သည်။
21 ``ထိုအခါကငါသည်ယောရှုအားလည်း`သင် ၏ဘုရားသခင်ထာဝရဘုရားသည် ထိုဘုရင် နှစ်ပါးတို့အားစီရင်တော်မူခဲ့ပုံအလုံးစုံကို သိမြင်ခဲ့ရပြီ။ ထာဝရဘုရားသည်သင်ဝင် ရောက်တိုက်ခိုက်သမျှသောတိုင်းနိုင်ငံဘုရင် တို့ကိုလည်း ထိုနည်းတူစီရင်တော်မူလိမ့် မည်။- 22 သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ဘက်၌စစ်ကူတိုက်မည်ဖြစ်သောကြောင့် သူတို့ကိုမကြောက်နှင့်' ဟူ၍မှာကြား၏။''
မောရှေအားခါနာန်ပြည်သို့ဝင်ခွင့်မပြု
23 ``ထိုအချိန်တွင်ငါသည်ထာဝရဘုရား အား၊-✡ တော၊ ၂၇:၁၂-၁၄။ တရား၊ ၃၂:၄၈-၅၂ 24 `အို အရှင်ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူ မည့်ကြီးမားအံ့သြဖွယ်ကောင်းသောအမှုတော် အရိပ်အမြွက်မျှလောက်ကိုသာ အကျွန်ုပ်အား ပြတော်မူပြီ။ ကောင်းကင်ဘုံ၌လည်းကောင်း၊ ကမ္ဘာ လောက၌လည်းကောင်းကိုယ်တော်နည်းတူကြီး မားသောအမှုတော်များကိုပြုနိုင်သောဘုရား မရှိပါ။- 25 အို ထာဝရဘုရား၊ အကျွန်ုပ်အားယော်ဒန်မြစ်ကို ကူးစေ၍ တစ်ဘက်တွင်ရှိသောမြေသြဇာကောင်း သည့်ပြည်ကိုလည်းကောင်း၊ သာယာသည့်တောင် ကုန်းဒေသနှင့်လေဗနုန်တောင်ကိုလည်းကောင်း တွေ့မြင်ခွင့်ပေးတော်မူပါ' ဟုတောင်းပန် လျှောက်ထား၏။''
26 ``သို့သော်လည်းသင်တို့အတွက်ကြောင့်ထာဝရ ဘုရားသည်ငါ့ကိုအမျက်ထွက်၍ ငါ၏တောင်းပန် စကားကိုလက်ခံတော်မမူ။ ထာဝရဘုရား က`ဆက်၍မလျှောက်နှင့်။ ဤအကြောင်းကို နောက်ထပ်မလျှောက်ထားနှင့်။- 27 ပိသဂါတောင်ထိပ်ပေါ်သို့တက်၍အရှေ့၊ အနောက်၊ တောင်၊ မြောက်သို့ကြည့်လော့။ သင်သည်ယော်ဒန်မြစ် တစ်ဘက်သို့ကူးရမည်မဟုတ်သောကြောင့် သင် မြင်သမျှကိုသေချာစွာကြည့်ရှုလော့။- 28 ယောရှုအားတာဝန်လွှဲအပ်လော့။ သူသည်ဤလူ မျိုးကိုခေါင်းဆောင်၍ သင်မြင်သောပြည်သို့ ဖြတ်ကူးသိမ်းယူရမည်ဖြစ်သောကြောင့်သူ့ ကိုအားပေးလော့။ ကြံ့ခိုင်စေလော့' ဟုငါ့ အားမိန့်တော်မူ၏။''
29 ``သို့ဖြစ်၍ငါတို့သည်ဗက်ပေဂုရမြို့တစ်ဘက် တွင်ရှိသောချိုင့်ဝှမ်း၌စခန်းချကြ၏။''