36
ဣသရေလအမျိုးသားတို့အတွက် ဘုရားသခင်၏ကောင်းချီးမင်္ဂလာ
1-2 ထာဝရဘုရားက``အချင်းလူသား၊ ဣသ ရေလတောင်တို့အားသူတို့အတွက်ငါအရှင် ထာဝရဘုရားမိန့်တော်မူသောစကားတော် ကိုနားထောင်ရန်ပြောလော့။ ဣသရေလပြည် ၏ရန်သူများက`ရှေးပဝေသဏီအခါမှ စ၍တည်ရှိခဲ့သော ဤတောင်ကုန်းများကို ယခုငါတို့အပိုင်ရပြီ' ဟုပီတိစိတ် ဖြင့်ဆိုကြ၏။
3 ``သို့ဖြစ်၍ငါအရှင်ထာဝရဘုရားမိန့်တော် မူသောစကားကိုဆင့်ဆိုလော့။ အိမ်နီးချင်း တိုင်းပြည်တို့သည်ဣသရေလတောင်များ ကိုတိုက်ခိုက်လုယက်သိမ်းပိုက်ကြသောအခါ လူတိုင်းပင်ဣသရေလအမျိုးသားတို့အား ပြက်ရယ်ပြုကြ၏။- 4 သို့ဖြစ်၍ဣသရေလတောင်တို့၊ အရှင်ထာဝရ ဘုရား၏အမိန့်ကိုနားထောင်ကြလော့။ ပတ်ဝန်း ကျင်တိုင်းပြည်များ၏တိုက်ခိုက်လုယက်မှု၊ ပြက်ရယ်ပြုမှုတို့ကိုခံရကာလူသူဆိတ် ငြိမ်ရာမြို့များ၊ ယိုယွင်းပျက်စီးနေသည့် အရပ်များ၊ တောင်များ၊ ချောင်းများ၊ ချိုင့်ဝှမ်း များအားဤသို့အရှင်ထာဝရဘုရား မိန့်တော်မူ၏။
5 ``ငါအရှင်ထာဝရဘုရားသည်ပတ်ဝန်း ကျင်တိုင်းပြည်တို့နှင့် ဧဒုံပြည်အပေါ်၌ ဒေါသအမျက်ချောင်းချောင်းထွက်၍မိန့် တော်မူလေပြီ။ သူတို့သည်ငါ၏ပြည် ကိုမထီမဲ့မြင်ပြုသောစိတ်၊ ပီတိစိတ် ဖြင့်စားကျက်များနှင့်တကွ ငါ၏ပြည် ကိုသိမ်းယူခဲ့ကြ၏။
6 ``သို့ဖြစ်၍ဣသရေလပြည်အားရည်မှတ် ၍ဟောပြောလော့။ တောင်များ၊ ကုန်းမြင့်များ၊ ချောင်းများနှင့်ချိုင့်ဝှမ်းများအားလူမျိုး တကာတို့စော်ကားအရှက်ခွဲသဖြင့် ငါ အရှင်ထာဝရဘုရားမနာလိုဒေါသ ထွက်၍ အဘယ်သို့မိန့်တော်မူသည်ကို ပြောကြားလော့။- 7 ပတ်ဝန်းကျင်တိုင်းပြည်များသည်အရှက် ကွဲကြလိမ့်မည်ဖြစ်ကြောင်း ငါအရှင်ထာ ဝရဘုရားအလေးအနက်ကျိန်ဆို၏။- 8 သို့ရာတွင်ဣသရေလတောင်များ၌မူကား သစ်ပင်တို့သည်အရွက်များပြန်၍ထွက်လာ ပြီးလျှင် ငါ၏လူမျိုးတော်ဖြစ်သောအသင် ဣသရေလအမျိုးသားတို့အတွက်အသီး များသီးကြလိမ့်မည်။ သင်တို့သည်မကြာမီ မိမိတို့ပြည်သို့ပြန်ရကြအံ့။- 9 ငါသည်သင်တို့ကိုဂရုစိုက်၍သင်တို့ဘက် ၌ရှိ၏။ သင်တို့၏လယ်ယာများကို ဧကန် မုချထွန်ယက်စိုက်ပျိုးလုပ်ကိုင်စေမည်။- 10 သင်တို့ဣသရေလလူမျိုးတစ်စုလုံး ကို လူဦးရေတိုးပွားစေမည်။ သင်တို့သည် မြို့များ၌နေထိုင်ရလိမ့်မည်။ ယိုယွင်းပျက် စီးနေသမျှသောအရာတို့ကိုပြန်လည် ပြုပြင်ရလိမ့်မည်။- 11 ငါသည်လူတိရစ္ဆာန်တို့ကိုတိုးပွားများ ပြားစေမည်။ ယခင်အခါများထက်သင် တို့ဦးရေကိုများစေမည်။ သင်တို့သားသမီး များစွာထွန်းကားလိမ့်မည်။ ယခင်ကကဲ့သို့ နေထိုင်ခွင့်ပေးမည်။ ယခင်အခါများထက် ပို၍ကြီးပွားချမ်းသာစေမည်။ ထိုအခါ ငါသည်ထာဝရဘုရားဖြစ်တော်မူ ကြောင်းသင်တို့သိရှိကြလိမ့်မည်။- 12 ငါ၏လူမျိုးတော်ဖြစ်သောဣသရေလ အမျိုးသားတို့ ငါသည်သင်တို့အားပြည် တော်တွင်တစ်ဖန်နေထိုင်နိုင်ကြစေရန်ငါ ခေါ်ဆောင်ခဲ့မည်။ ထိုပြည်သည်သင်တို့ပိုင် သောပြည်ဖြစ်လိမ့်မည်။ ယင်းသည်သင်တို့ ၏သားသမီးများအား နောင်အဘယ် အခါ၌မျှမဆုံးပါးစေရ။
13 ``ငါအရှင်ထာဝရဘုရားမိန့်တော်မူသည် ကားလူတို့က ထိုပြည်သည်လူတို့ကိုကိုက် စားသည့်ပြည်၊ ပြည်သားတို့၏သားသမီး များကိုဆုံးပါးစေသည့်ပြည်ဖြစ်သည် ဆိုသည်မှာမှန်၏။- 14 သို့ရာတွင်ယင်းပြည်သည်ယခုမှစ၍လူ တို့ကိုကိုက်စားသည့်ပြည်၊ သင်တို့၏သား သမီးများကိုဆုံးပါးစေသည့်ပြည်ဖြစ် တော့မည်မဟုတ်။ ဤကားငါအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။- 15 ထိုပြည်သည်လူမျိုးတကာတို့ပြက်ရယ် ပြုသံကိုကြားရကြတော့မည်မဟုတ်။ မဲ့ရွဲ့ပြသည်ကိုလည်းတွေ့မြင်ရတော့မည် မဟုတ်။ ယင်းပြည်ကိုလည်းကျဆုံးစေတော့ မည်မဟုတ်။ ဤကားငါအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏'' ဟုမိန့်တော်မူ၏။
ဣသရေလအမျိုးသားတို့၏ဘဝသစ်
16 ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။- 17 ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့သည်မိမိတို့ပြည်၌နေထိုင် ကြစဉ်အခါက သူတို့သည်အနေအထိုင် အကျင့်အကြံများအားဖြင့်ထိုပြည်ကို ညစ်ညမ်းစေခဲ့ကြ၏။ သူတို့၏အကျင့် အကြံသည်အမျိုးသမီးတစ်ယောက်ဋ္ဌမ္မ တာရာသီလာချိန်၌ဘာသာရေးအရ ညစ်ညမ်းသကဲ့သို့ညစ်ညမ်းသည်ဟုငါ မှတ်တော်မူသည်။- 18 သူတို့သည်လူသတ်မှုများကူးလွန်၍ရုပ်တု များအားဖြင့် ထိုပြည်ကိုညစ်ညမ်းစေသော ကြောင့်ငါသည်သူတို့အားငါ၏အမျက် တော်ဒဏ်ကိုခံစေခဲ့၏။- 19 သူတို့နေထိုင်ကျင့်ကြံသည့်အတိုင်းသူတို့ အားပြစ်ဒဏ်ချမှတ်ကာ နိုင်ငံတကာသို့ကွဲ လွင့်စေ၍နိုင်ငံရပ်ခြားများသို့ပျံ့လွင့် စေခဲ့၏။- 20 သို့ရာတွင်သူတို့ရောက်လေရာရာအရပ် တို့တွင်လူတို့က`ဤသူတို့သည်ထာဝရဘုရား ၏လူမျိုးတော်ဖြစ်သော်လည်း ကိုယ်တော်၏ ပြည်မှထွက်ခွာလာရကြ၏' ဟုဆိုကြ သဖြင့်ငါ၏သန့်ရှင်းမြင့်မြတ်သောနာမ တော်သည်အသရေပျက်ရ၏။- 21 သူတို့သည်ရောက်လေရာရာအရပ်တို့တွင် ငါ၏သန့်ရှင်းမြင့်မြတ်သောနာမတော်ကို အသရေဖျက်ကြသဖြင့် ငါသည်မိမိ၏ နာမတော်အတွက်စိတ်မအေးရ။
22 ``သို့ဖြစ်၍ဣသရေလအမျိုးသားတို့အား ငါအရှင်ထာဝရဘုရားမိန့်တော်မူသည် ကား ယခုငါပြုမည့်အမှုသည်အသင်ဣသ ရေလအမျိုးသားတို့အတွက်ကြောင့်မဟုတ် ဘဲ ရောက်လေရာရာအရပ်တွင်သင်တို့အသ ရေဖျက်ခဲ့သည့်ငါ၏သန့်ရှင်းမြင့်မြတ်သော နာမတော်အတွက်ကြောင့်ဖြစ်၏။- 23 လူတို့ရှေ့တွင်သင်တို့အသရေဖျက်ခဲ့သော ငါ၏ကြီးမြတ်သည့်နာမတော်သည် အဘယ် မျှသန့်ရှင်းမြင့်မြတ်သည်ကိုလူမျိုးတကာ တို့အားငါပြသမည်။ ထိုနာမတော်သည် သင်တို့အသရေဖျက်သည့် ငါ၏နာမတော် ဖြစ်သည်။ သူတို့ရှေ့တွင်ငါသည်သန့်ရှင်းမြင့် မြတ်တော်မူကြောင်းသင်တို့အားဖြင့်သိ စေမည်။ ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်း သူတို့သိရှိကြလိမ့်မည်။ ဤကားငါအရှင်ထာဝရဘုရားမိန့်တော် မူသောစကားဖြစ်၏။- 24 ငါသည်သင်တို့အားအတိုင်းတိုင်းအပြည် ပြည်မှစုသိမ်းကာ သင်တို့နေရင်းပြည်သို့ ပြန်ခေါ်ခဲ့မည်။- 25 ငါသည်သင်တို့ကိုသန့်စင်သောရေဖြင့်ပက် ဖြန်း၍ သင်တို့၏ရုပ်တုများနှင့်အခြား ညစ်ညမ်းသည့်အရာရှိသမျှမှသန့်စင် သွားစေမည်။- 26 ငါသည်သင်တို့အားစိတ်သစ်သဘောသစ် ကိုပေးမည်။ သင်တို့အထဲမှကျောက်ခဲနှလုံး ကိုထုတ်ယူကာနာခံတတ်သောနှလုံးကို ပေးမည်။-✡ ယေဇ၊ ၁၁:၁၉-၂၀။ 27 ငါ၏ဝိညာဉ်တော်ကိုလည်းသွင်းပေးပြီး လျှင် သင်တို့အားငါ၏ပညတ်တော်များ ကိုစောင့်ထိန်းစေမည်။ ငါ၏အမိန့်တော် တို့ကိုလည်းလိုက်နာစေမည်။- 28 ထိုအခါသင်တို့သည်မိမိတို့၏ဘိုးဘေး များအား ငါပေးအပ်ခဲ့သည့်ပြည်တွင်နေ ထိုင်ရကြလိမ့်မည်။ သင်တို့သည်ငါ၏လူ မျိုးတော်ဖြစ်၍ငါသည်လည်းသင်တို့၏ ဘုရားဖြစ်လိမ့်မည်။- 29 သင်တို့အားညစ်ညမ်းမှုရှိသမျှနှင့်ကင်း စင်စေမည်။ ငတ်မွတ်ခေါင်းပါးခြင်းဘေး ကိုနောက်တစ်ဖန်မတွေ့မကြုံရကြစေ ရန်ဆန်ရေစပါးပေါများစေမည်။- 30 ငါသည်သစ်သီးဝလံများနှင့်ကောက်ပဲ သီးနှံများကိုအထွက်တိုးစေမည်။ ဤ နည်းအားဖြင့်လူမျိုးတကာတို့တွင်သင် တို့ကိုအသရေပျက်စေသည့်အစာငတ် မွတ်ခေါင်းပါးခြင်းကပ်သင့်တော့မည် မဟုတ်။- 31 သင်တို့သည်မိမိတို့၏ညစ်ညမ်းသော အကျင့်များနှင့်ပြုခဲ့သည့်အမှားများ ကိုပြန်လည်သတိရကြလိမ့်မည်။ မိမိ တို့၏အပြစ်များနှင့်ဆိုးညစ်မှုများ အတွက်သင်တို့သည်မိမိကိုယ်ကိုစက် ဆုပ်လာကြလိမ့်မည်။- 32 ဣသရေလအမျိုးသားတို့၊ ငါသည်သင် တို့ကိုထောက်ထား၍ ဤအမှုတို့ကိုပြု ခြင်းမဟုတ်ကြောင်းသင်တို့အားသိစေ လို၏။ သင်တို့ယခုပြုနေသောအမှုများ အတွက်အရှက်ရစေလို၏။ ဤကားငါ အရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
33 အရှင်ထာဝရဘုရားက``သင်တို့ကို အပြစ်အပေါင်းမှသန့်စင်စေသည့်ကာလ ၌ ငါသည်သင်တို့အားမိမိတို့မြို့များ တွင်ပြန်လည်နေထိုင်ခွင့်ပေးမည်။ ပျက်စီး ယိုယွင်းသောအရာများကိုလည်းပြန် လည်တည်ဆောက်ခွင့်ပေးမည်။- 34 အနီးမှဖြတ်သန်းသွားလာသူတို့မြင် ရသောပေါင်းပင်များထနေသည့်လယ် ယာများကိုတစ်ဖန်ထွန်ယက်စေမည်။- 35 ယခင်ကအသုံးမကျသောမြေရိုင်းဖြစ် နေခဲ့သောမြေယာတို့သည် ဧဒင်ဥယျာဉ် သဖွယ်ဖြစ်လာကြောင်း၊ ယခင်ကဖြိုဖျက် လုယက်တိုက်ခိုက်ခြင်းခံရ၍ယိုယွင်းပျက် စီးနေခဲ့သောမြို့တို့တွင်လည်း ယခုအခါ အခိုင်အမာခံတပ်များတည်ဆောက်ထား လျက်လူတို့နေထိုင်လျက်ရှိကြောင်းလူ တိုင်းပြောဆိုကြလိမ့်မည်။- 36 ထိုအခါထာဝရဘုရားသည်ပျက်စီး ယိုယွင်းနေသောမြို့တို့ကိုပြန်လည်တည် ဆောက်၍ စွန့်ပစ်ထားသောလယ်ယာများကို ပြန်လည်စိုက်ပျိုးတော်မူကြောင်းကိုသေ ဘေးမှလွတ်မြောက်သောနီးနားဝန်းကျင်ရှိ လူမျိုးတို့သိရှိကြလိမ့်မည်။ ငါထာဝရ ဘုရားသည်ဤအမှုကိုပြုမည်ဟု ကတိ ထားတော်မူပြီ'' ဟုမိန့်တော်မူ၏။
37 အရှင်ထာဝရဘုရားက``ငါသည်ဤထက် မကပင်ပြုတော်မူမည်။ ဣသရေလအမျိုး သားတို့အားငါ့ထံတွင်တစ်ဖန်အကူအညီ တောင်းခံခွင့်ကိုပေးမည်။ သူတို့အားသိုးအုပ် ကဲ့သို့အရေအတွက်တိုးပွားလာစေမည်။- 38 အခါတစ်ပါးကယေရုရှလင်မြို့သည်ပွဲ နေ့များ၌ယဇ်ပူဇော်ရာသိုးတို့ဖြင့်ပြည့် နှက်နေသကဲ့သို့ ယခုယိုယွင်းပျက်စီးနေ သောမြို့တို့သည်လူများဖြင့်ပြည့်နှက်၍ နေလိမ့်မည်။ ထိုအခါငါသည်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသူတို့သိရှိ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။