2
ထူးမြတ်သည့်ကယ်တင်ခြင်း
1 ထို့ကြောင့်လမ်းမှားတိမ်းချော်မှုမဖြစ်ကြစေ ရန် ငါတို့သည်ကြားနာခဲ့ရသည့်သမ္မာတရား ကိုပိုမို၍ပင်စွဲမြဲစွာဆုပ်ကိုင်ထားရမည်။- 2 ကောင်းကင်တမန်များမှတစ်ဆင့်ပေးအပ် တော်မူသောတရားတော်သည်မှန်ကန်သော တရားတော်ဖြစ်သဖြင့် ထိုတရားတော်ကို မလိုက်လျှောက်၊ မနာခံသူမှန်သမျှသည် ထိုက်သင့်သောအပြစ်ဒဏ်စီရင်ခြင်းကို ခံကြရသည်မှန်ပါက၊- 3 ဤမျှထူးမြတ်သည့်ကယ်တင်ခြင်းတရား တော်ကိုငါတို့ဂရုမစိုက်ဘဲနေကြပါမူ အဘယ်သို့လျှင်ငါတို့သည်အပြစ်ဒဏ် စီရင်ခြင်းနှင့်ကင်းလွတ်နိုင်ကြပါမည်နည်း။ ထိုကယ်တင်ခြင်းတရားတော်ကိုသခင် ဘုရားကိုယ်တော်တိုင် ဦးစွာပထမဟော ကြားတော်မူ၍ကြားနာရသူတို့ကငါ တို့အား ထိုတရားတော်မှန်ကန်ကြောင်းကို သက်သေပြခဲ့ကြ၏။- 4 တစ်ချိန်တည်းမှာပင်ဘုရားသခင်သည် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်ရာများနှင့် ထူးဆန်းသောတန်ခိုးအမျိုးမျိုးတို့ကို ပြတော်မူခြင်းအားဖြင့်လည်းကောင်း၊ သန့်ရှင်း သောဝိညာဉ်တော်သည်မိမိအလိုတော် အတိုင်း ဆုကျေးဇူးများကိုဝေငှတော်မူ ခြင်းအားဖြင့်လည်းကောင်းထပ်လောင်း သက်သေပြတော်မူ၏။
ကယ်တင်ခြင်းသို့ပို့ဆောင်သူ
5 ငါတို့ပြောဆိုသောနောင်အခါတည်ရှိမည့် ကမ္ဘာသစ်ကိုအုပ်စိုးရန်ကောင်းကင်တမန် များအားပေးအပ်တော်မမူ။- 6 ကျမ်းစာတော်တစ်နေရာတွင်၊
``လူသည်အဘယ်သို့သောသူဖြစ်၍ကိုယ်တော် သည် သူ့အားသတိရတော်မူပါသနည်း။
သာမန်လူသားသည်အဘယ်သို့သောသူဖြစ်၍
ကိုယ်တော်သည်သူ့အားဂရုပြုတော်မူရပါ သနည်း။✡ ဆာ၊ ၈:၄-၆။
7 ကိုယ်တော်သည်သူ့အားကာလအနည်းငယ်မျှ ကောင်းကင်တမန်တို့ထက်နိမ့်ကျစေတော်မူ၍
ဘုန်းအသရေ၊ဂုဏ်ကျက်သရေနှင့် ပြည့်ဝစေတော်မူပါ၏။
8 ခပ်သိမ်းသောအရာတို့ကိုစိုးမိုးခွင့်ပေးတော် မူပါ၏'' ဟုဖော်ပြထား၏။ ကျမ်းစာတော်က`ခပ် သိမ်းသောအရာတို့ကိုစိုးမိုးခွင့်ပေးတော် မူ၏' ဟုဆိုရာ၌လူ၏စိုးမိုးခြင်းကို မခံရ သည့်အရာတစ်စုံတစ်ခုမျှမရှိဟူ၍ဆို လိုသတည်း။ သို့ရာတွင်ယခုအခါ၌ လူ သည်ခပ်သိမ်းသောအရာတို့ကိုစိုးမိုးခွင့်ရ ကြောင်း ငါတို့မတွေ့မမြင်ကြရပေ။- 9 သို့သော်ငါတို့တွေ့မြင်ကြရသူကား ဘုရား သခင်၏ကျေးဇူးတော်အားဖြင့်လူအပေါင်း တို့အတွက် အသက်တော်ကိုစွန့်တော်မူနိုင်ရန် ကာလအနည်းငယ်မျှ ကောင်းကင်တမန်များ ထက်နှိမ့်ချမှုကိုခံရသည့်သခင်ယေရှုပင် ဖြစ်တော်မူ၏။ ထိုအရှင်သည် မိမိအသေခံ တော်မူခဲ့သည့်အတွက်ဘုန်းအသရေ၊ ဂုဏ် အသရေနှင့်ပြည့်ဝလျက်ရှိတော်မူသည် ကို ယခုအခါငါတို့တွေ့မြင်ကြရ၏။- 10 ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းပြုပြင် ထိန်းသိမ်းစောင့်ရှောက်တော်မူသောဘုရား သခင်သည် မိမိ၏သားအမြောက်အမြား တို့အားဘုန်းအသရေတော်ဝင်စားခွင့်ပေး တော်မူနိုင်ရန် ဆင်းရဲဒုက္ခကိုခံစေခြင်းအား ဖြင့် သခင်ယေရှုအားပြည့်ဝစုံလင်စေတော် မူ၏။ ဤသို့ဘုရားသခင်ပြုတော်မူသည်မှာ လျော်ကန်သင့်မြတ်လှပေသည်။ အဘယ် ကြောင့်ဆိုသော်ကယ်တင်ခြင်းရရှိကြစေ ရန် ထိုသူတို့အားပို့ဆောင်သူမှာသခင် ယေရှုပင်ဖြစ်သောကြောင့်တည်း။
11 သခင်ယေရှုသည်လူတို့အားအပြစ်များမှ သန့်စင်စေတော်မူ၏။ ကိုယ်တော်နှင့်ကိုယ်တော် သန့်စင်စေတော်မူသောသူတို့တွင် အဖတစ်ဦး တည်းရှိသဖြင့် ကိုယ်တော်သည်ထိုသူတို့အား မိမိ၏ညီများဟုခေါ်ဆိုရန်ရှက်တော်မမူ။- 12 သခင်ယေရှုက၊
``အကျွန်ုပ်သည်ကိုယ်တော်ပြုတော်မူသော အမှုကို
အကျွန်ုပ်၏ညီအစ်ကိုတို့အားပြောကြားပါမည်။
သူတို့၏အစည်းအဝေးတွင်ကိုယ်တော်၏ ဂုဏ်တော်ကိုချီးကူးမည်''
ဟုဘုရားသခင်အားမိန့်တော်မူ၏။-✡ ဆာ၊ ၂၂:၂၂။ 13 တစ်ဖန်တုံကိုယ်တော်က``ငါသည်ဘုရားသခင် ကိုကိုးစားမည်'' ဟူ၍လည်းကောင်း၊ ထိုနောက် တစ်ဖန်``ငါသည်မိမိအား ဘုရားသခင်ပေး အပ်ထားသည့်သားသမီးများနှင့်အတူ ရှိ၏'' ဟူ၍လည်းကောင်းမိန့်တော်မူပေသည်။✡ ဟေရှာ၊ ၈:၁၇၊၁၈။
14 ထိုသားသမီးများသည်အသွေးအသားရှိ သူများဖြစ်ကြသဖြင့် သခင်ယေရှုသည်ထို သူတို့နည်းတူအသွေးအသားရှိသူအဖြစ် ကိုခံယူတော်မူ၏။ ယင်းသို့ခံယူတော်မူခြင်း မှာ သေခြင်းကိုအစိုးရသည့်မာရ်နတ်၏ တန်ခိုးကိုချိုးနှိမ်ပစ်ရန်ပင်ဖြစ်၏။- 15 ဤနည်းအားဖြင့်သေဘေးကိုကြောက်သဖြင့် တစ်သက်လုံးကျွန်ခံလျက်နေကြရသော သူတို့ကိုလွတ်မြောက်စေတော်မူပေသည်။- 16 ကိုယ်တော်သည်ကောင်းကင်တမန်များအား ကူညီမစတော်မူသည်မဟုတ်။ ကျမ်းစာ တော်တွင်ဖော်ပြထားသည်အတိုင်း အာဗြဟံ ၏သားမြေးတို့အားကူညီမစတော်မူ ကြောင်းကိုသိသာထင်ရှားပေသည်။- 17 ထို့ကြောင့်ကိုယ်တော်သည်လူတို့၏အပြစ်များ ကိုဖြေလွှတ်အံ့သောငှာကရုဏာ၊ သစ္စာနှင့် ပြည့်ဝသည့်ယဇ်ပုရောဟိတ်မင်းအဖြစ်ဖြင့် ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်နိုင် ရန် အရာရာ၌မိမိ၏ညီအစ်ကိုများနှင့် တူညီရပေသည်။- 18 ကိုယ်တော်သည်မိမိကိုယ်တိုင်ဆင်းရဲဒုက္ခနှင့် စုံစမ်းသွေးဆောင်ခြင်းကိုခံခဲ့ရသဖြင့် စုံ စမ်းသွေးဆောင်ခြင်းခံရသူတို့အားကူညီ မစခြင်းငှာတတ်နိုင်တော်မူသည်။