24
ရှေခင်မြို့တွင်ဣသရေလအမျိုးသားတို့အား ယောရှုမှာကြားခြင်း
1 ယောရှုသည်ဣသရေလအနွယ်ဝင်အပေါင်း တို့ကိုရှေခင်မြို့တွင်စုရုံးစေ၏။ သူသည် ဣသရေလအမျိုးသားအကြီးအကဲများ၊ ခေါင်းဆောင်များ၊ တရားသူကြီးများ၊ အရာ ရှိများကိုဆင့်ခေါ်သဖြင့်သူတို့သည်ဘုရားသခင်၏ရှေ့တော်မှောက်သို့ရောက်ရှိလာကြ လေသည်။- 2 ထိုအခါယောရှုသည်လူအပေါင်းတို့အား``ဣသ ရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားကဤသို့မိန့်တော်မူသည်။ `ရှေးအခါက သင်တို့၏ဘိုးဘေးများဖြစ်ကြသောတေရ၊ သူ၏သားအာဗြဟံနှင့်နာခေါ်တို့သည် ဥဖရတ်မြစ်တစ်ဘက်တွင်နေထိုင်၍အခြား သောဘုရားများကိုကိုးကွယ်ကြ၏။-✡ က၊ ၁၁:၂၇။ 3 ငါသည်သင်တို့၏ဘိုးဘေးအာဗြဟံကို ဥဖရတ်မြစ်တစ်ဘက်ရှိဒေသမှခေါ်ဆောင် ပြီးလျှင် ခါနာန်ပြည်အရပ်ရပ်သို့ပို့ဆောင်၍ သူ၏အဆက်အနွယ်ကိုများပြားစေခဲ့ သည်။ သူ၌သားဣဇာက်ထွန်းကားစေ၏။-✡ က၊ ၁၂:၁-၉၊ ၂၁:၁-၃။ 4 ဣဇာက်၌သားများဖြစ်ကြသောယာကုပ်နှင့် ဧသောတို့ကိုထွန်းကားစေ၏။ ငါသည်ဧသော အားဧဒုံတောင်ကုန်းဒေသကိုအပိုင်ပေး၏။ ယာကုပ်နှင့်သူ၏သားတို့မူကားအီဂျစ်ပြည် သို့သွားရောက်နေထိုင်ခဲ့ကြသည်။-✡ က၊ ၂၅:၂၄-၂၆၊ ၃၆:၈။ တရား၊ ၂:၅။ က၊ ၄၆:၁-၇။ 5 ထိုနောက်ငါသည်မောရှေနှင့်အာရုန်တို့ကို စေလွှတ်၍ အီဂျစ်ပြည်တွင်ဘေးဆိုးများ ဆိုက်ရောက်စေပြီးနောက်သင်တို့ကိုထုတ် ဆောင်ခဲ့၏။-✡ ထွ၊ ၃:၁-၁၂၊၄၂။ 6 ငါသည်သင်တို့၏ဘိုးဘေးများကိုအီဂျစ် ပြည်မှထုတ်ဆောင်ခဲ့သောအခါ အီဂျစ်အမျိုး သားတို့သည်သူတို့နောက်သို့ရထားတပ်၊ မြင်း တပ်များနှင့်လိုက်၍တိုက်ခိုက်ကြသည်။ သူတို့ သည်ပင်လယ်နီသို့ရောက်ရှိလာသောအခါ၊- 7 ငါ့ထံသို့အော်ဟစ်၍အကူအညီတောင်းခံ ကြသည်။ ထိုအခါငါသည်သူတို့နှင့်အီဂျစ် တပ်သားများအကြားတွင်အမှောင်ထုကို ကျစေ၏။ ရန်သူများအပေါ်သို့ပင်လယ်ရေ လွှမ်းစေသဖြင့် သူတို့သည်ရေနစ်သေဆုံး ကြကုန်၏။ ငါသည်အီဂျစ်ပြည်အားမည်ကဲ့ သို့ဆုံးမခဲ့သည်ကိုသင်တို့သိကြ၏။
```သင်တို့သည်တောကန္တာရတွင်ကြာမြင့်စွာနေ ထိုင်ခဲ့ရကြ၏။-✡ ထွ၊ ၁၄:၁-၃၁။ 8 ထိုနောက်ငါသည်သင်တို့ကိုအာမောရိအမျိုး သားတို့နေထိုင်ရာယော်ဒန်မြစ်အရှေ့ဘက်သို့ ပို့ဆောင်ခဲ့သည်။ သူတို့သည်သင်တို့ကိုတိုက်ခိုက် ကြသော်လည်းငါသည်သင်တို့အားအနိုင်ရစေ၏။ သင်တို့သည်သူတို့၏ပြည်ကိုချီတက်သိမ်းပိုက် သောအခါငါသည်သူတို့ကိုသုတ်သင်ပယ်ရှင်း ခဲ့၏။-✡ တော၊ ၂၁:၂၁-၃၅။ 9 ထိုနောက်ဇိဖော်၏သားမောဘပြည်ဘုရင် ဗာလက်သည်ဣသရေလအမျိုးသားတို့ကို တိုက်ခိုက်လေသည်။ သူသည်သင်တို့ကိုကျိန်ဆဲ ရန်ဗောရ၏သားဗာလမ်ကိုခေါ်စေသည်။- 10 သို့ရာတွင်ငါသည်ဗာလမ်၏လျှောက်ဆိုချက် ကိုလက်မခံသဖြင့် သူသည်သင်တို့ကိုကောင်း ချီးပေးလေသည်။ ဤနည်းအားဖြင့်ငါသည် သင်တို့အားဗာလက်၏လက်မှကယ်တင်ခဲ့ သည်။-✡ တော၊ ၂၂:၁-၂၄-၂၅။ 11 ထိုနောက်သင်တို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူး ၍ ယေရိခေါမြို့သို့ရောက်ရှိကြသည်။ ယေရိခေါ မြို့သား၊ အာမောရိအမျိုးသား၊ ဖေရဇိအမျိုး သား၊ ခါနာန်အမျိုးသား၊ ဟိတ္တိအမျိုးသား၊ ဂိရ ဂါရှိအမျိုးသား၊ ဟိဝိအမျိုးသားနှင့်ယေ ဗုသိအမျိုးသားတို့သည်သင်တို့ကိုတိုက်ခိုက် ကြသည်။ သို့ရာတွင်ငါသည်သင်တို့အားသူ တို့အပေါင်းတို့ကိုတိုက်ခိုက်အောင်မြင်စေ သည်။-✡ ယောရှု၊ ၃:၁၄-၁၇၊ ၆:၁-၂၁။ 12 သင်တို့ချီတက်လာစဉ်ငါသည်သူတို့ကို ကစဥ့်ကလျားဖြစ်စေပြီးလျှင် အာမောရိ ဘုရင်နှစ်ပါးကိုနှင်ထုတ်ခဲ့၏။ သင်တို့၏ဋ္ဌား နှင့်လေးလက်နက်တို့ဖြင့်အနိုင်ရကြသည် မဟုတ်။-✡ ထွ၊ ၂၃:၂၈။ တရား၊ ၇:၂၀။ 13 သင်တို့မထွန်ယက်၊ မလုပ်ကိုင်ခဲ့ဘူးသောလယ် ယာနှင့်မတည်ခဲ့ဘူးသောမြို့များကိုသင်တို့ အားငါပေးခဲ့၏။ ယခုအခါသင်တို့သည်ထို မြေပေါ်တွင်နေထိုင်၍ သင်တို့မစိုက်သောစပျစ် ခြံနှင့်သံလွင်ခြံတို့မှအသီးကိုစားသုံးရ ကြ၏' ဟုဆို၏။✡ တရား၊ ၆:၁၀-၁၁။
14 ယောရှုကဆက်လက်၍``ယခုသင်တို့သည် ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍ ကိုယ် တော်၏အမှုတော်ကိုစိတ်ထက်သန်စွာသစ္စာ ဖြင့်ဆောင်ရွက်ကြလော့။ မက်ဆိုပိုတေးမီးယား ပြည်နှင့်အီဂျစ်ပြည်တွင်သင်တို့၏ဘိုးဘေး များကိုးကွယ်ခဲ့သောဘုရားများကိုစွန့်ပယ် ၍ထာဝရဘုရားကိုသာကိုးကွယ်ကြလော့။- 15 အကယ်၍သင်တို့သည်ထာဝရဘုရားကို မကိုးကွယ်လျှင် မက်ဆိုပိုတေးမီးယားပြည် ၌သင်တို့၏ဘိုးဘေးများကိုးကွယ်သော ဘုရားများမှဖြစ်စေ၊ သင်တို့ယခုနေထိုင် ရာအာမောရိအမျိုးသားတို့ကိုးကွယ်သော ဘုရားများမှဖြစ်စေ၊ ကိုးကွယ်ရန်ဘုရား ကိုယနေ့ရွေးချယ်ကြလော့။ ငါနှင့်ငါ၏ မိသားစုတို့မူကားထာဝရဘုရားကို သာကိုးကွယ်မည်'' ဟုပြောကြားလေ၏။
16 ထိုအခါလူအပေါင်းတို့က``အကျွန်ုပ်တို့သည် မည်သည့်အချိန်၌မျှ ထာဝရဘုရားကိုစွန့် ၍အခြားသောဘုရားများကိုကိုးကွယ်မည် မဟုတ်ပါ။- 17 အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား သည် အကျွန်ုပ်တို့၏ဖခင်များနှင့်အကျွန်ုပ်တို့ အားကျွန်ခံရာအီဂျစ်ပြည်မှကယ်တင်တော် မူခဲ့ပါပြီ။ ကိုယ်တော်ပြုတော်မူသောအံ့သြ ဖွယ်ရာအမှုများကိုအကျွန်ုပ်တို့မြင်ခဲ့ရ ကြပါပြီ။ နိုင်ငံအသီးသီးကိုဖြတ်သန်း ရာခရီးတစ်လျှောက်တွင်ကိုယ်တော်သည် အကျွန်ုပ်တို့အားကာကွယ်စောင့်ရှောက် တော်မူခဲ့ပါသည်။- 18 အကျွန်ုပ်တို့သည်ဤပြည်ထဲသို့ချီတက် လာစဉ်က ကိုယ်တော်သည်ဤဒေသရှိအာ မောရိအမျိုးသားအပေါင်းတို့ကိုနှင်ထုတ် တော်မူခဲ့ပါသည်။ သို့ဖြစ်၍အကျွန်ုပ်တို့ သည်ထာဝရဘုရားကိုသာဝတ်ပြုကိုး ကွယ်ပါမည်။ ကိုယ်တော်သည်အကျွန်ုပ်တို့ ၏ဘုရားဖြစ်တော်မူ၏'' ဟုဖြေကြား ကြ၏။
19 ထိုအခါယောရှုကလူတို့အား``သင်တို့သည် ထာဝရဘုရားကိုဝတ်ပြုကိုးကွယ်နိုင်စွမ်း ရှိကြမည်မဟုတ်။ ကိုယ်တော်သည်သန့်ရှင်း မြင့်မြတ်သောဘုရားဖြစ်၍သင်တို့၏ အပြစ်များကိုလွှတ်တော်မူမည်မဟုတ်။ ကိုယ် တော်သည်ပြိုင်ဘက်ကိုလုံးဝလက်ခံတော် မမူ။- 20 သင်တို့သည်ထာဝရဘုရားကိုစွန့်၍ အခြားသောဘုရားများကိုဝတ်ပြုလျှင် သင်တို့ကိုကျေးဇူးပြုတော်မူခဲ့သော ထာဝရဘုရားသည် သင်တို့ကိုရန်ဘက် ပြု၍သေကြေပျက်စီးရန်ဒဏ်ခတ်တော် မူလိမ့်မည်'' ဟုပြောကြားလေသည်။
21 လူတို့က``အကျွန်ုပ်တို့သည်ထာဝရဘုရား ကိုသာဝတ်ပြုကိုးကွယ်ပါမည်'' ဟုယောရှု အားပြန်၍လျှောက်ထားကြ၏။
22 ယောရှုကလည်း``သင်တို့သည်ထာဝရဘုရား ကိုသာဝတ်ပြုမည်ဟုထွက်ဆိုရာ၌သင်တို့ ကိုယ်တိုင်သက်သေဖြစ်ကြ၏'' ဟုဆို၏။
ထိုအခါသူတို့က``အကျွန်ုပ်တို့ကိုယ်တိုင် သက်သေဖြစ်ကြောင်းဝန်ခံပါ၏'' ဟုပြန် လျှောက်ကြ၏။
23 ယောရှုက``သို့ဖြစ်လျှင်သင်တို့တွင်ရှိသော အခြားဘုရားများကိုစွန့်ပယ်၍ ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားအားဆည်းကပ်ကိုးကွယ်ကြလော့'' ဟုဆိုလေ၏။
24 ထိုအခါလူတို့ကယောရှုအား``အကျွန်ုပ်တို့ သည်အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်၍ ကိုယ်တော်၏ စကားတော်ကိုနားထောင်ပါမည်'' ဟုကတိ ပေးကြ၏။
25 ထို့ကြောင့်ယောရှုသည်ထိုနေ့၌လူတို့နှင့် ပဋိညာဉ်ပြုပြီးလျှင် ရှေခင်မြို့တွင်သူတို့ လိုက်နာရမည့်ပညတ်များကိုပြဋ္ဌာန်းပေး လေသည်။- 26 ယောရှုသည်ဤပညတ်များကိုဘုရားသခင်၏ ပညတ်ကျမ်းစာတွင်ရေးထားလေ၏။ ထိုနောက်သူ သည်ကျောက်တုံးကြီးတစ်တုံးကိုထာဝရဘုရား ၏သန့်ရှင်းရာဌာနတော်ရှိဝက်သစ်ချပင် အောက်တွင်စိုက်ထူလေသည်။- 27 ယောရှုကလူအပေါင်းတို့အား``ဤကျောက်တုံး သည်ငါတို့အတွက်သက်သေဖြစ်စေမည်။ ငါတို့ အားထာဝရဘုရားမိန့်တော်မူသမျှကိုဤ ကျောက်တုံးသည်ကြားရပြီ။ သို့ဖြစ်၍သင်တို့ သည်သင်တို့၏ဘုရားသခင်ကိုပုန်ကန်လျှင် ဤကျောက်တုံးသည်သက်သေဖြစ်ကြလိမ့် မည်'' ဟုမိန့်ကြားလေ၏။- 28 ထိုနောက်ယောရှုသည်လူအပေါင်းတို့ကို ပြန်ခွင့်ပြုသဖြင့်သူတို့သည် မိမိတို့၏ နေရပ်သို့ပြန်သွားကြလေသည်။
ယောရှုနှင့်ဧလာဇာတို့အနိစ္စရောက်ခြင်း
29 ထိုနောက်ထာဝရဘုရား၏အစေခံ၊ နုန်၏ သားယောရှုသည်အသက်တစ်ရာ့တစ်ဆယ် ရှိသော်အနိစ္စရောက်လေသည်။- 30 သူတို့သည်ဂါရှတောင်မြောက်ဘက်၊ ဧဖရိမ် တောင်ကုန်းပေါ်ရှိတိမနဿေရမြို့ရှိသူ ပိုင်သောမြေကွက်တွင်သူ့အလောင်းကိုသင်္ဂြိုဟ် ကြလေသည်။✡ ယောရှု၊ ၁၉:၄၉-၅၀။
31 ယောရှုအသက်ရှင်နေသမျှကာလပတ်လုံး ဣသရေလအမျိုးသားတို့သည် ထာဝရ ဘုရားကိုဝတ်ပြုကိုးကွယ်ကြ၏။ ယောရှု အနိစ္စရောက်ပြီးနောက်ဣသရေလအမျိုး သားတို့အတွက် ထာဝရဘုရားပြုတော်မူ သမျှကိုတွေ့မြင်ခဲ့သည့်ခေါင်းဆောင်များ အသက်ရှင်နေသေးသမျှကာလပတ်လုံး ၌လည်း သူတို့သည်ထာဝရဘုရားကို ဝတ်ပြုကိုးကွယ်ကြ၏။
32 ဣသရေလအမျိုးသားတို့သည်အီဂျစ် ပြည်မှယူဆောင်ခဲ့သောယောသပ်၏အရိုး များကို ရှေခင်၏ဖခင်ဟာမော်၏သားများ ထံမှယာကုပ်ငွေတစ်ရာဖြင့်ဝယ်သော ရှေခင် မြို့ရှိမြေကွက်တွင်မြှုပ်နှံကြလေသည်။ ဤ မြေကွက်သည်ယောသပ်၏အဆက်အနွယ် များဆက်ခံရရှိသောမြေကွက်ဖြစ်သည်။✡ က၊ ၃၃:၁၉၊ ၅၀:၂၄-၂၅။ ထွ၊ ၁၃:၁၉။ ယော၊ ၄:၅။ တ၊ ၇:၁၆။
33 အာရုန်၏သားဧလာဇာသည်လည်းအနိစ္စ ရောက်သဖြင့် သူ၏အလောင်းကိုသူ၏သား ဖိနဟတ်အားပေးထားသောဧဖရိမ်တောင် ကုန်းဒေသရှိဂစ်ဗီအာမြို့တွင်သင်္ဂြိုဟ်ကြ လေသည်။ ယောရှုမှတ်စာပြီး၏။
✡24:2 က၊ ၁၁:၂၇။
✡24:3 က၊ ၁၂:၁-၉၊ ၂၁:၁-၃။
✡24:4 က၊ ၂၅:၂၄-၂၆၊ ၃၆:၈။ တရား၊ ၂:၅။ က၊ ၄၆:၁-၇။
✡24:5 ထွ၊ ၃:၁-၁၂၊၄၂။
✡24:7 ထွ၊ ၁၄:၁-၃၁။
✡24:8 တော၊ ၂၁:၂၁-၃၅။
✡24:10 တော၊ ၂၂:၁-၂၄-၂၅။
✡24:11 ယောရှု၊ ၃:၁၄-၁၇၊ ၆:၁-၂၁။
✡24:12 ထွ၊ ၂၃:၂၈။ တရား၊ ၇:၂၀။
✡24:13 တရား၊ ၆:၁၀-၁၁။
✡24:30 ယောရှု၊ ၁၉:၄၉-၅၀။
✡24:32 က၊ ၃၃:၁၉၊ ၅၀:၂၄-၂၅။ ထွ၊ ၁၃:၁၉။ ယော၊ ၄:၅။ တ၊ ၇:၁၆။