18
ယဇ်ပုရောဟိတ်နှင့်လေဝိအမျိုးသားတို့၏ ဝတ္တရားများ
1 ထာဝရဘုရားကအာရုန်အား``သင်နှင့်တကွ သင်၏သားများနှင့်လေဝိအနွယ်ဝင်တို့သည် ငါစံတော်မူရာတဲတော်နှင့်ဆိုင်သောဝတ်ကို ဆောင်ရွက်ရာ၌ မှားယွင်းချွတ်ချော်ခဲ့သော် အပြစ်ဒဏ်ကိုသင်တို့ခံရကြမည်။ သို့ရာ တွင်ယဇ်ပုရောဟိတ်တာဝန်ကိုထမ်းဆောင် ရာ၌မှားယွင်းချွတ်ချော်ခဲ့လျှင်မူကား သင် နှင့်သင်၏သားတို့သာအပြစ်ဒဏ်ကို ခံရကြမည်။- 2 သင်နှင့်သင်၏သားတို့သည်တဲတော်နှင့်ဆိုင် သောဝတ်တို့ကိုဆောင်ရွက်ရာ၌ သင်၏ဆွေ မျိုးသားချင်းများဖြစ်သောလေဝိအနွယ် ဝင်တို့အားသင်တို့ကိုကူညီစေလော့။- 3 သူတို့သည်သင့်ဝေယျာဝစ္စနှင့်တဲတော် ဝေယျာဝစ္စကိုဆောင်ရွက်ရကြမည်။ သို့ရာ တွင်သူတို့သည်သန့်ရှင်းရာဌာနတော်နှင့် ဆိုင်သောပစ္စည်းများကိုလည်းကောင်း၊ ယဇ် ပလ္လင်ကိုလည်းကောင်းမထိမကိုင်ရ။ အကယ် ၍ထိကိုင်မိလျှင်သင်နှင့်တကွသူတို့သည် သေဒဏ်ခံရကြမည်။- 4 သူတို့သည်သင်နှင့်အတူတဲတော်နှင့်ဆိုင် သောတာဝန်များကိုထမ်းဆောင်ရမည်။ လေဝိ အနွယ်ဝင်မှတစ်ပါးအခြားမည်သူမျှ သင်နှင့်အတူတဲတော်တာဝန်ကိုမဆောင် ရွက်စေရ။- 5 သင်နှင့်သင်၏သားများသာလျှင်သန့်ရှင်း ရာဌာနတော်နှင့်ယဇ်လ္လင်ဆိုင်ရာတာဝန် များကိုထမ်းဆောင်ရမည်။ သို့မှသာလျှင် ငါသည်နောက်တစ်ဖန်ဣသရေလအမျိုး သားတို့အားအမျက်ထွက်တော်မူမည် မဟုတ်။- 6 ငါသည်ဣသရေလအမျိုးသားတို့မှ သင် ၏ဆွေမျိုးသားချင်းများဖြစ်သောလေဝိ အနွယ်ဝင်တို့ကို သင်တို့အတွက်လှူဖွယ် ဝတ္ထုအဖြစ်ငါရွေးချယ်၏။ သူတို့သည် တဲတော်ဝေယျာဝစ္စကိုထမ်းဆောင်စေရန် ငါ့အတွက်ဆက်ကပ်ထားသူများဖြစ်သည်။- 7 သို့ရာတွင်သင်နှင့်သင်၏သားများကသာ ယဇ်ပလ္လင်နှင့်အလွန်သန့်ရှင်းသောဌာနတော် နှင့်ဆိုင်သော ယဇ်ပုရောဟိတ်ဝတ်ရှိသမျှ ကိုဆောင်ရွက်ရမည်။ မဆိုင်သူတစ်စုံတစ် ယောက်သည်ချဉ်းကပ်မိလျှင် ထိုသူအားသေ ဒဏ်စီရင်ရမည်။ ငါသည်သင်တို့အားယဇ် ပုရောဟိတ်ရာထူးချီးမြှင့်ထားသည်ဖြစ် ရာ သင်တို့သည်ဤတာဝန်များကိုထမ်း ဆောင်ရမည်'' ဟုမိန့်တော်မူ၏။
ယဇ်ပုရောဟိတ်တို့၏ဝေစု
8 ထာဝရဘုရားသည်အာရုန်အား``မီးရှို့ရာ ယဇ်မဟုတ်သောအထူးပူဇော်သကာဟူ သမျှတို့ကို သင်နှင့်သင်၏သားတို့အား ငါပေးသည်။ ဤဝေစုကိုသင်နှင့်သင်၏ သားအစဉ်အဆက်တို့အားငါပေး၏။- 9 မီးရှို့ရာသကာမဟုတ်သည့်ထူးမြတ်သော သကာများအနက် သင်ပိုင်ဆိုင်သောသကာ များမှာဘောဇဉ်သကာ၊ အပြစ်ဖြေရာ သကာနှင့်အပြစ်ဒဏ်ပြေရာသကာတို့ ဖြစ်သည်။ ငါ့အားဆက်သသောသကာ ဟူသမျှသည်သင်နှင့်သင်၏သားများ ပိုင်ဆိုင်၏။- 10 သကာများကိုသန့်ရှင်းသောဌာနတွင်စားရ မည်။ အမျိုးသားများသာလျှင်စားရမည်။ ထို အစာသည်သန့်ရှင်းသောအစာဖြစ်၏။
11 ``ထို့အပြင်ဣသရေလအမျိုးသားတို့ဆက် သသော အခြားအထူးပူဇော်သကာများသည် လည်းသင်တို့နှင့်ဆိုင်၏။ ထိုပူဇော်သကာများ သည် သင်နှင့်သင်၏သားမြေးအစဉ်အဆက် တို့ခံစားရမည့်ဝေစုဖြစ်သည်။ သင့်အိမ်ထောင် ၌ဘာသာရေးထုံးနည်းအရသန့်စင်သူတိုင်း ထိုအစားအစာကိုစားနိုင်သည်။
12 ``ဣသရေလအမျိုးသားတို့ကငါ့အားနှစ် စဉ်ဆက်သသောအဦးသီးသောအသီးအနှံ များမှအကောင်းဆုံးသံလွင်ဆီ၊ အကောင်းဆုံး စပျစ်ရည်နှင့်အကောင်းဆုံးစပါးတို့ကို သင့်အားငါပေး၏။- 13 ထိုအစားအစာများသည်သင်နှင့်ဆိုင်၏။ သင့်အိမ်ထောင်၌ဘာသာရေးထုံးနည်းအရ သန့်စင်သူတိုင်းထိုအစားအစာကိုစား နိုင်သည်။
14 ``ဣသရေလနိုင်ငံတွင်ငါ့အား အပြီး အပိုင်ဆက်ကပ်ထားသမျှတို့သည်သင် တို့နှင့်ဆိုင်၏။✡ ဝတ်၊ ၂၇:၂၈။
15 ``ဣသရေလအမျိုးသားတို့က ငါ့အား ဆက်သသောသားဦးဖြစ်သောလူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေသင်တို့နှင့်ဆိုင်၏။ သို့ရာတွင် သားဦးကိုဖြစ်စေ၊ အနာအဆာရှိသော တိရစ္ဆာန်သားဦးကိုဖြစ်စေ ငွေဖြင့်ရွေးယူ ခြင်းကိုလက်ခံရမည်။- 16 တစ်လသားအရွယ်ကလေးများကိုကျပ် ချိန်တော်အရ ငွေသားငါးကျပ်ဖြင့်ရွေးယူ စေရမည်။- 17 သို့ရာတွင် နွား၊ သိုး၊ ဆိတ်တို့၏သားဦးများကို ရွေးယူပိုင်ခွင့်မရှိ။ ယင်းတို့ကိုငါ့အားဆက် ကပ်ထားပြီးဖြစ်၍ပူဇော်ရမည်။ ထိုယဇ်ကောင် တို့၏သွေးကိုယဇ်ပလ္လင်ပေါ်သို့ပက်ဖျန်း၍ အဆီကိုပူဇော်သကာအဖြစ်မီးရှို့ရမည်။ ထိုရနံ့ကိုငါနှစ်သက်တော်မူ၏။- 18 အထူးပူဇော်သကာမှရင်ပုံသားနှင့်ယာ ဘက်ပေါင်သည် သင်တို့နှင့်ဆိုင်သကဲ့သို့ ယင်းတို့၏အသားသည်လည်းသင်တို့နှင့် ဆိုင်၏။
19 ``ဣသရေလအမျိုးသားတို့ကငါ့အား ဆက်သသော အထူးပူဇော်သကာရှိသမျှတို့ ကိုသင်နှင့်သင်၏သားမြေးအစဉ်အဆက် တို့အားငါပေး၏။ ဤပဋိညာဉ်သည်ငါနှင့်သင် ၏အဆက်အနွယ်တို့ပြုထားသော ထာဝစဉ် တည်မြဲသည့်ပဋိညာဉ်ဖြစ်၏'' ဟုမိန့်တော် မူ၏။
20 ထာဝရဘုရားကအာရုန်အား``ဣသရေလ နိုင်ငံတွင် သင်အမွေခံရန်ပစ္စည်း၊ သင်ပိုင်မြေ ရလိမ့်မည်မဟုတ်။ ငါထာဝရဘုရားသည် သင်မှီခိုအားထားရာဖြစ်သည်'' ဟုမိန့်တော် မူ၏။
လေဝိအနွယ်ဝင်တို့၏ဝေစု
21 ထာဝရဘုရားက``ဣသရေလအမျိုးသား တို့က ငါ့အားဆက်သသောဆယ်ဖို့တစ်ဖို့ အလှူရှိသမျှကို လေဝိအနွယ်ဝင်တို့အား ငါစံတော်မူရာတဲတော်ထိန်းသိမ်းခအဖြစ် ငါပေးပြီ။-✡ ဝတ်၊ ၂၇:၃၀-၃၃။ တရား၊ ၁၄:၂၂-၂၉။ 22 အခြားသောဣသရေလအနွယ်ဝင်တို့သည် တဲတော်အနီးသို့မချဉ်းကပ်ရ၊ ချဉ်းကပ်မိ သောသူတို့သည်သေဒဏ်ခံရမည်။- 23-24 ယခုမှစ၍လေဝိအနွယ်ဝင်တို့ကသာလျှင် တဲတော်ကိုထိန်းသိမ်း၍ တဲတော်နှင့်ဆိုင်သော ဝေယျာဝစ္စရှိသမျှကိုတာဝန်ခံဆောင်ရွက် ရမည်။ ဤပညတ်ကိုသင်၏သားမြေးအစဉ် အဆက်စောင့်ထိန်းရမည်။ ငါ့အားဣသရေလ အမျိုးသားတို့ကအထူးအလှူအဖြစ် ဆက် သသောဆယ်ဖို့တစ်ဖို့ကိုလေဝိအနွယ်ဝင် တို့ကိုငါပေးထားပြီဖြစ်သောကြောင့် ဣသ ရေလနိုင်ငံတွင်ပစ္စည်းဥစ္စာမပိုင်ဆိုင်ရ။ သို့ ဖြစ်၍သူတို့သည်ဣသရေလနိုင်ငံတွင် ပစ္စည်းဥစ္စာမပိုင်ရဟုငါအမိန့်ရှိခဲ့ပြီ'' ဟုမိန့်တော်မူ၏။
လေဝိအနွယ်ဝင်တို့ဆက်သရမည့် ဆယ်ဖို့တစ်ဖို့အလှူ
25-26 ထာဝရဘုရားသည်မောရှေမှတစ်ဆင့် လေဝိ အနွယ်ဝင်တို့အား``ထာဝရဘုရားသည်ဣသ ရေလအမျိုးသားတို့၏ဆယ်ဖို့တစ်ဖို့အလှူ ကိုသင်တို့အားပေးသောအခါ သင်တို့သည် ထိုအလှူ၏ဆယ်ဖို့တစ်ဖို့ကိုထာဝရဘုရား အား အထူးအလှူအဖြစ်ဆက်သရမည်။- 27 ထိုအထူးအလှူကိုလယ်သမား၊ ခြံသမား ဆက်သသောကောက်သစ်၊ စပျစ်ရည်သစ် အလှူကဲ့သို့ငါမှတ်ယူမည်။- 28 ဤနည်းအားဖြင့်သင်တို့သည်ဣသရေလ အမျိုးသားတို့ထံမှ ရရှိသောဆယ်ဖို့တစ်ဖို့ အလှူရှိသမျှကို ငါ့အားအထူးအလှူ အဖြစ်ဆက်သရမည်။ သင်တို့သည်ငါ့အား ဆက်သသော ဤအထူးအလှူကိုယဇ်ပု ရောဟိတ်အာရုန်အားပေးအပ်ရမည်။- 29 သင်တို့ရရှိသောအလှူထဲမှအကောင်းဆုံး ကို ထာဝရဘုရားအားဆက်သရမည်။- 30 လယ်သမား၊ ခြံသမားသည်ထာဝရဘုရား အတွက် လှူစရာသီးနှံများကိုဆက်သပြီး နောက် ကျန်ရှိသမျှကိုမိမိစားသုံးနိုင်သကဲ့ သို့ သင်တို့သည်အကောင်းဆုံးကိုဆက်သပြီး လျှင် ကျန်ရှိသမျှကိုစားသုံးနိုင်သည်။- 31 ကျန်ရှိသမျှသောအလှူသည်သင်တို့တဲ တော်၌ အမှုဆောင်သည့်အတွက်ခံထိုက်သော အခဖြစ်ခြင်းကြောင့် ထိုအလှူကိုသင်နှင့် သင်၏မိသားစုတို့သည်မည်သည့်နေရာ ၌မဆိုစားသုံးနိုင်သည်။- 32 အလှူထဲမှအကောင်းဆုံးကိုထာဝရဘုရား အား ဆက်သပြီးမှစားသုံးလျှင်သင်တို့၌ အပြစ်မရှိ။ သို့ရာတွင်သင်တို့သည်ဣသရေလ အမျိုးသားတို့ပေးသော အလှူမှအကောင်းဆုံး ကိုထာဝရဘုရားအားမဆက်သမီစားသုံး ခြင်းအားဖြင့် အလှူကိုမညစ်ညူးမိစေရန် သတိပြုလော့။ ညစ်ညူးမိလျှင်သင်တို့သည် သေဒဏ်သင့်လိမ့်မည်'' ဟုမိန့်တော်မူ၏။