21
ခါနာန်အမျိုးသားတို့ကိုတိုက်ခိုက်အောင်မြင်ခြင်း
1 ခါနာန်ပြည်တောင်ပိုင်းတွင်အာရဒ်မြို့ကိုအုပ် စိုးသောမင်းသည် ဣသရေလအမျိုးသားများ အသရိမ်လမ်းဖြင့်လာနေကြောင်းသိရလျှင် သူတို့ကိုစစ်ချီတိုက်ခိုက်ရာအချို့ကိုသုံ့ပန်း အဖြစ်ဖမ်းမိလေသည်။-✡ တော၊ ၃၃:၄၀။ 2 ထိုအခါဣသရေလအမျိုးသားတို့က``ကိုယ် တော်သည်အကျွန်ုပ်တို့အားဤသူတို့ကိုတိုက် ခိုက်အောင်မြင်စေတော်မူလျှင် သူတို့နှင့်သူတို့ ၏မြို့များကိုကိုယ်တော်အားအပြီးအပိုင် ဆက်ကပ်သောပူဇော်သကာအဖြစ်ဖျက်ဆီး ပစ်ပါမည်'' ဟုထာဝရဘုရားအားသစ္စာ ကတိပြုကြလေသည်။- 3 ထာဝရဘုရားသည်သူတို့လျှောက်ထားသည် အတိုင်းခါနာန်အမျိုးသားတို့ကိုတိုက်ခိုက် အောင်မြင်စေတော်မူ၏။ ထိုကြောင့်ဣသရေလ အမျိုးသားတို့သည်သူတို့၏မြို့များကို လုံးဝဖျက်ဆီးပစ်ပြီးလျှင် ထိုအရပ်ကို ဟော်မာဟူ၍နာမည်မှည့်ခေါ်လေသည်။
ကြေးဝါမြွေရုပ်
4 ထိုနောက်ဣသရေလအမျိုးသားတို့သည် ဟောရ တောင်မှထွက်ခွာ၍ဧဒုံပြည်ကိုရှောင်ကွင်းသွားရန် အကွာဘာပင်လယ်ကွေ့သို့သွားရာလမ်းအတိုင်း ချီတက်ကြလေသည်။ သို့ရာတွင်သူတို့သည် လမ်းခုလတ်တွင် စိတ်ပျက်အားလျော့လာကြ ပြီးလျှင်၊-✡ တရား၊ ၂:၁။ 5 ဘုရားသခင်နှင့်မောရှေတို့အားပြစ်တင်ပြော ဆိုကြလေသည်။ သူတို့က``အစာရေစာမရှိ သည့်ဤတောကန္တာရတွင်သေစေရန် အဘယ် ကြောင့် အကျွန်ုပ်တို့ကိုအီဂျစ်ပြည်မှခေါ် ဆောင်လာပါသနည်း။ ဤပေါ့ပျက်သော အစားအစာကိုလည်း အကျွန်ုပ်တို့ငြီး ငွေ့လာပါပြီ'' ဟုညည်းညူကြ၏။- 6 ထိုအခါထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့ရှိရာသို့မြွေဆိုးများကိုစေ လွှတ်သဖြင့် လူပေါင်းများစွာတို့သည်မြွေ ကိုက်ခံရ၍သေဆုံးကြ၏။-✡ ၁ကော၊ ၁၀:၉။ 7 ထိုကြောင့်လူများသည်မောရှေထံသို့လာ ၍``အကျွန်ုပ်တို့သည်ထာဝရဘုရားနှင့်ကိုယ် တော်ကို ဆန့်ကျင်ပြောဆို၍ပြစ်မှားမိပါပြီ။ ဤမြွေများကိုဖယ်ရှားပစ်ရန်ထာဝရဘုရား ထံဆုတောင်းပေးပါလော့'' ဟုတောင်းပန်ကြ၏။ သို့ဖြစ်၍မောရှေသည် သူတို့အတွက်ထာဝရ ဘုရားထံဆုတောင်းလေ၏။- 8 ထိုအခါထာဝရဘုရားကမောရှေအား သတ္တု မြွေရုပ်ကိုပြုလုပ်၍တိုင်ထိပ်တွင်တင်ထားရန် ခိုင်းစေတော်မူ၏။ မြွေကိုက်ခံရသောသူသည် မြွေရုပ်ကိုကြည့်လျှင် အသက်ချမ်းသာရာရ မည်ဖြစ်ကြောင်းဆင့်ဆိုစေတော်မူ၏။- 9 ထို့ကြောင့်မောရှေသည်ကြေးဝါမြွေရုပ်ကိုပြု လုပ်၍ တိုင်ထိပ်တွင်တင်ထားရာမြွေကိုက်ခံ ရသောသူသည် မြွေရုပ်ကိုကြည့်လျှင်အသက် ချမ်းသာရာရလေ၏။✡ ၄ရာ၊ ၁၈:၄။ ယော၊ ၃:၁၄။
ဟောရတောင်မှမောဘအမျိုးသားတို့နေထိုင်ရာ ချိုင့်ဝှမ်းသို့ခရီးဆက်ခြင်း
10 တစ်ဖန်ဣသရေလအမျိုးသားတို့သည် ခရီး ဆက်ခဲ့ကြရာသြဗုတ်အရပ်တွင်စခန်းချ ကြ၏။- 11 ထိုအရပ်မှတစ်ဖန်သူတို့သည်ခရီးထွက်၍ မောဘပြည်အရှေ့ဘက်တောကန္တာရရှိယို ယွင်းပျက်စီးနေသော ဗာရိမ်မြို့တွင်စခန်းချ ကြလေသည်။- 12 ထိုနောက်သူတို့သည်ဇာရက်မြစ်ဝှမ်းတွင် စခန်းချကြသည်။- 13 ထိုအရပ်မှတစ်ဖန်သူတို့သည်ခရီးထွက်လာ ခဲ့ကြရာ အာနုန်မြစ်မြောက်ဘက်အာမောရိပြည် တောကန္တာရနှင့်တစ်ဆက်တည်းရှိသောတော ကန္တာရတွင်စခန်းချကြ၏။ (အာနုန်မြစ်သည် မောဘပြည်နှင့်အာမောရိပြည်တို့၏နယ်ခြား ဖြစ်၏။-) 14 ထို့ကြောင့်ထာဝရဘုရား၏စစ်ပွဲများစာ စောင်တွင်``သုပဒေသတွင်တည်သောဝါဟက် မြို့နှင့်ချိုင့်ဝှမ်းများအာနုန်မြစ်နှင့်၊- 15 မောဘပြည်နယ်စပ်အာရမြို့သို့တိုင်အောင် လျှောဆင်းသောချိုင့်ဝှမ်းများ'' ဟူ၍ဖော်ပြ ပါရှိလေသည်။
16 ဣသရေလအမျိုးသားတို့သည်ထိုအရပ်မှ ရေတွင်းဟုအနက်ရှိသောဗေရစခန်းသို့ ရောက်ကြလေသည်။ ထိုစခန်းတွင်ထာဝရ ဘုရားကမောရှေအား``လူအပေါင်းတို့ကို စုရုံးစေလော့။ ငါသည်သူတို့အားရေပေး မည်'' ဟုမိန့်တော်မူ၏။- 17 ထိုအခါဣသရေလအမျိုးသားတို့စပ်ဆို ကြသောသီချင်းသည်ကား၊-
``ရေတွင်းတို့ရေထွက်ကြလော့။ ငါတို့သည်သီချင်းဆို၍ကြိုဆိုမည်။
18 မင်းညီမင်းသားနှင့်ခေါင်းဆောင်တို့တူးဖော် သော ရေတွင်း၊ရာဇလှံတံနှင့်တောင်ဝှေးများဖြင့်
တူးဖော်သောရေတွင်းပေတည်း'' ဟူ၍ဖြစ် သည်။
သူတို့သည်ထိုတောကန္တာရမှမတ္တနာစခန်း သို့လည်းကောင်း၊- 19 ထိုမှတစ်ဖန်နဟာလျေလစခန်းသို့လည်း ကောင်း၊ နဟာလျေလစခန်းမှဗာမုတ်စခန်း သို့လည်းကောင်း၊- 20 ဗာမုတ်စခန်းမှသဲကန္တာရကိုမျက်နှာမူနေသော ပိသဂါတောင်ခြေရှိမောဘချိုင့်ဝှမ်းသို့လည်း ကောင်းခရီးဆက်ကြလေသည်။
ရှိဟုန်ဘုရင်နှင့်သြဂဘုရင်တို့ကို တိုက်ခိုက်အောင်မြင်ခြင်း
(တရား၊ ၂:၂၆-၃:၁၁)
21 ဣသရေအမျိုးသားတို့သည် အာမောရိဘုရင် ရှိဟုန်ထံသို့သံတမန်များစေလွှတ်လျက်၊- 22 ``အကျွန်ုပ်တို့အားမင်းကြီး၏ပြည်ကိုဖြတ် သွားခွင့်ပြုပါ။ အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့ ၏သိုးနွားတိရစ္ဆာန်တို့သည် လမ်းမကြီးအတိုင်း သွားပါမည်။ မင်းကြီး၏လယ်ယာများနှင့် စပျစ်ဥယျာဉ်များကိုဖြတ်ကျော်သွားမည် မဟုတ်ပါ။ မင်းကြီး၏ရေတွင်းများမှရေကို လည်းမသောက်ပါ။ အကျွန်ုပ်တို့သည်မင်းကြီး ၏နယ်မြေမှထွက်သည်အထိ လမ်းမကြီး အတိုင်းဖြတ်သွားပါမည်'' ဟူ၍အခွင့် တောင်းစေ၏။- 23 သို့ရာတွင်ရှိဟုန်ဘုရင်သည်ဣသရေလ အမျိုးသားတို့အား မိမိ၏ပြည်ကိုဖြတ် သန်းခွင့်မပေးချေ။ သူသည်တောကန္တာရရှိ ယာဟတ်မြို့သို့စစ်ချီလာပြီးလျှင် ဣသရေလ အမျိုးသားတို့ကိုတိုက်ခိုက်လေသည်။- 24 သို့ရာတွင်ဣသရေလအမျိုးသားတို့သည်ရန် သူများစွာတို့ကို တိုက်ပွဲ၌ကျဆုံးစေပြီးလျှင် အာနုန်မြစ်မှမြောက်ဘက်အမ္မုန်ပြည်နယ်စပ် ယဗ္ဗုတ်မြစ်တိုင်အောင် ရှိဟုန်ဘုရင်၏နယ်မြေ များကိုသိမ်းယူကြလေသည်။ အမ္မုန်ပြည် နယ်စပ်တိုင်အောင်သာချီတက်နိုင်ခြင်းမှာ ထိုနယ်စပ်ကိုခိုင်ခံ့စွာကာကွယ်ထားခြင်း ကြောင့်ဖြစ်သည်။- 25 ဤနည်းအားဖြင့်ဣသရေလအမျိုးသားတို့ သည် ဟေရှဘုန်မြို့နှင့်ပတ်ဝန်းကျင်ရှိမြို့များ အပါအဝင် အာမောရိအမျိုးသားတို့၏မြို့ အားလုံးကိုသိမ်းပိုက်၍ ထိုမြို့များတွင်နေ ထိုင်ကြလေသည်။- 26 ဟေရှဘုန်မြို့သည်ကားရှိဟုန်ဘုရင်နန်းစိုက် သောမြို့တော်ဖြစ်သည်။ ရှိဟုန်ဘုရင်၏ပိုင်နက် မှာအာနုန်မြစ်တိုင်အောင်ကျယ်ပြန့်သော ယခင် မောဘပြည်ဘုရင်ပိုင်နက်ဖြစ်သည်။ ထိုနယ်မြေ ကိုရှိဟုန်ဘုရင်ကတိုက်ခိုက်သိမ်းယူခဲ့ခြင်း ဖြစ်သည်။- 27 သို့ဖြစ်၍ကဗျာဆရာတို့က၊
``ရှိဟုန်ဘုရင်၏မြို့တော်ဟေရှဘုန်မြို့သို့ လာကြလော့။
ငါတို့သည်ထိုမြို့ကိုအသစ်တစ်ဖန်တည်ကြ ကုန်စို့။
28 တစ်ခါကရှိဟုန်ဘုရင်၏တပ်သည်ဟေရှဘုန် မြို့မှ ထွက်သောမီးလျှံကဲ့သို့ချီတက်၍
မောဘပြည်အာရမြို့ကိုဖျက်ဆီးလျက် အာနုန်မြစ် အထက်ပိုင်းရှိတောင်များကိုလောင်ကျွမ်းစေ၏။
29 မောဘပြည်သားတို့သင်တို့သည်အလွန် ဆင်းရဲဒုက္ခရောက်ကြရပါပြီတကား။
ခေမုရှဘုရားကိုကိုးကွယ်သောအသင်တို့ ပျက်စီးရကြလေပြီ။
သင်တို့၏ဘုရားများသည်သင်တို့၏အမျိုး သားများကို စစ်ပြေးဒုက္ခသည်များဖြစ်စေ၍၊
အမျိုးသမီးများကိုအာမောရိဘုရင်၏ သုံ့ပန်းများဖြစ်စေ၏။✡ ယေ၊ ၄၈:၄၅-၄၆။
30 သို့ဖြစ်၍သူတို့၏အဆက်အနွယ်တို့သည် ဟေရှဘုန်မြို့မှဒိဘုန်မြို့သို့လည်းကောင်း၊
နာရှင်မြို့မှမေဒဘမြို့အနီးနောဖာမြို့သို့ လည်းကောင်း၊
ဖျက်ဆီးသုတ်သင်ခြင်းခံရလေပြီ'' ဟူ၍ စပ်ဆိုကြ၏။
31 သို့ဖြစ်၍ဣသရေလအမျိုးသားတို့သည် အာမောရိပြည်တွင်အခြေချနေထိုင်ကြ လေသည်။- 32 မောရှေသည်ယာဇာမြို့ကိုမတိုက်ခိုက်မီ လူကို စေလွှတ်၍ထောက်လှမ်းစေ၏။ ဣသရေလအမျိုး သားတို့သည်ထိုမြို့နှင့်တကွ ပတ်ဝန်းကျင်ရှိမြို့ များကိုတိုက်ခိုက်သိမ်းပိုက်သဖြင့် အာမောရိ အမျိုးသားတို့သည်ထိုမြို့များမှထွက်ပြေး ကြ၏။
33 ထိုနောက်ဣသရေလအမျိုးသားတို့သည် ဗာရှန် ပြည်ကိုဦးတည်ချီတက်ကြလေသည်။ ထိုအခါ ဗာရှန်ပြည်ဘုရင်သြဃသည်စစ်ချီ၍ ဣသ ရေလအမျိုးသားတို့ကိုဧဒြိအရပ်တွင် တိုက်ခိုက်လေသည်။- 34 ထာဝရဘုရားကမောရှေအား``သူ့ကိုမ ကြောက်နှင့်။ သူနှင့်တကွပြည်သူပြည်သား အပေါင်းတို့ကိုလည်းကောင်း၊ သူ၏ပြည်ကို လည်းကောင်းသင့်လက်၌ငါအပ်ပေးမည်။ သင်သည်ဟေရှဘုန်မြို့တွင်စိုးစံသော အာ မောရိဘုရင်ရှိဟုန်အားပြုသကဲ့သို့သူ့ အားပြုလော့'' ဟုမိန့်တော်မူ၏။- 35 ထိုကြောင့်ဣသရေလအမျိုးသားတို့သည် သြဃဘုရင်နှင့်သူ၏သားများအပါအဝင် တိုင်းသူပြည်သားတို့ကိုတစ်ယောက်မကျန် သုတ်သင်သတ်ဖြတ်ပြီးနောက်တိုင်းပြည်ကို သိမ်းပိုက်လေသည်။