29
မုန်တိုင်းထဲကအသံတော်7 * ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်စပ်ဆိုသောဆာလံ။
1 အို ကောင်းကင်သားတို့၊ထာဝရဘုရားအား ထောမနာပြုကြလော့။
ကိုယ်တော်၏ဘုန်းအသရေတော်နှင့်တန်ခိုး တော်ကို ထောမနာပြုကြလော့။
2 ဘုန်းအသရေတော်နှင့်ပြည့်စုံတော်မူသော
ထာဝရဘုရား၏နာမတော်ကို ထောမနာပြုကြလော့။
သန့်ရှင်းမြင့်မြတ်တော်မူသောအရှင် ကြွလာတော်မူသောအခါ
ရှေ့တော်၌ဦးညွှတ်ပျပ်ဝပ်ကြလော့။✡ ဆာ၊ ၉၆:၇-၉။
3 ထာဝရဘုရား၏အသံတော်သည် ပင်လယ်များပေါ်တွင်ထွက်ပေါ်လာ၏။
ဘုန်းအသရေတော်နှင့်ပြည့်စုံတော်မူသော ထာဝရဘုရားသည်မိုးချုန်းတော်မူ၏။
အသံတော်သည်သမုဒ္ဒရာပေါ်တွင်ပဲ့တင်ထပ် လေ၏။
4 ထာဝရဘုရား၏အသံတော်သည်ထွက်ပေါ် လာ၏။
ထိုအသံတော်သည်ဘုန်းတန်ခိုးအာနုဘော် တော်နှင့် ပြည့်စုံ၏။
5 ထာဝရဘုရား၏အသံတော်ကြောင့် အာရဇ်ပင်တို့သည်ကျိုးကျကုန်၏။
လေဗနုန်တောမှအာရဇ်ပင်တို့ပင်လျှင် ကျိုးကျကုန်၏။
6 ကိုယ်တော်သည်လေဗနုန်တောင်တို့ကို
နွားသူငယ်များကဲ့သို့ခုန်ပေါက်စေတော် မူ၏။
ဟေရမုန်တောင်ကိုလည်းနွားသိုးပျိုကဲ့သို့ ခုန်စေတော်မူ၏။
7 ထာဝရဘုရား၏အသံတော်သည်အလင်း ရောင်ကို ပေါ်ထွက်စေတော်မူ၏။
8 ကိုယ်တော်၏အသံတော်သည်တောကန္တာရကို တုန်လှုပ်စေတော်မူ၏။
ကိုယ်တော်သည်ကာဒေရှတောကန္တာရကို တုန်လှုပ်စေတော်မူ၏။
9 ထာဝရဘုရား၏အသံတော်သည် ဝက်သစ်ချပင်တို့ကိုတုန်လှုပ်စေတော်မူ၍
သစ်ပင်များမှအရွက်ရှိသမျှကိုကြွေစေ တော်မူ၏။
တစ်ချိန်တည်းမှာပင်``ဘုရားသခင်သည်ဘုန်း အသရေ ထွန်းတောက်တော်မူစေသတည်း'' ဟု
ဗိမာန်တော်တွင်လူအပေါင်းတို့ကြွေးကြော် ကြ၏။
10 ထာဝရဘုရားသည်ရေနက်ရာတို့တွင်စိုးစံ တော်မူ၏။
ကိုယ်တော်သည်ထာဝစဉ်ဘုရင်အဖြစ်ဖြင့် စိုးစံတော်မူ၏။
11 ထာဝရဘုရားသည်မိမိ၏လူစုတော်အား စွမ်းအားပေးတော်မူ၏။
သူတို့အားငြိမ်းချမ်းသာယာမှုကောင်းချီး မင်္ဂလာကိုပေးတော်မူ၏။