43
ပြည်နှင်ဒဏ်သင့်သူတစ်ဦး၏ဆုတောင်းပတ္ထနာ
(ဆာလံ၊၄၂ ၏အဆက်)
1 အို ဘုရားသခင်၊
ကျွန်တော်မျိုးမှာအပြစ်မရှိကြောင်း ထုတ်ဖော်ကြေညာတော်မူပါ။
ဘုရားတရားကင်းမဲ့သူတို့ကိုဆန့်ကျင်လျက် ကျွန်တော်မျိုးဘက်မှခုခံကာကွယ်တော်မူပါ။
လိမ်လည်ဆိုးယုတ်သူတို့၏လက်မှ ကျွန်တော်မျိုးအားကယ်တော်မူပါ။
2 ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားကွယ်ကာ စောင့်ရှောက်တော်မူသောအရှင်ဖြစ်တော်မူပါ၏။
အဘယ်ကြောင့်ကျွန်တော်မျိုးကို စွန့်ပစ်တော်မူပါသနည်း။
ကျွန်တော်မျိုးသည်အဘယ်ကြောင့်ရန်သူများ ၏
ရက်စက်ကြမ်းကြုတ်မှုဒဏ်ကိုဆက်လက်၍ ခံနေရပါသနည်း။
3 ကိုယ်တော်ရှင်၏အလင်းတော်နှင့် သစ္စာတရားတော်ကိုစေလွှတ်၍
ကျွန်တော်မျိုးအားကိုယ်တော်ရှင်၏သန့်ရှင်း မြင့်မြတ်သည့်ဇိအုန်တောင်19 * ဇိအုန်တောင်။ သန့်ရှင်းမြင့်မြတ်သည့်တောင်တော် ၂:၆ ကို ကြည့်ပါ။ သို့လည်းကောင်း၊
ကိုယ်တော်ကိန်းဝပ်ရာဗိမာန်တော်သို့လည်းကောင်း ပြန်၍ပို့ဆောင်စေတော်မူပါ။
4 ထိုအခါ အို ဘုရားသခင်၊ကျွန်တော်မျိုးသည် ယဇ်ပလ္လင်တော်သို့ချဉ်းကပ်ပါမည်။
ကျွန်တော်မျိုးသည်အထံတော်မှရွှင်လန်း ဝမ်းမြောက်ခြင်းကိုခံယူရရှိပါ၏။
အို ဘုရားသခင်၊
ကျွန်တော်မျိုး၏ဘုရား၊ကိုယ်တော်အား စောင်းတီးလျက်ချီးမွမ်းထောမနာပြုပါမည်။
5 ငါသည်အဘယ်ကြောင့်ဤမျှစိတ်ညှိုးငယ်ရသနည်း။ အဘယ်ကြောင့်စိတ်ဒုက္ခရောက်ရသနည်း။
ငါသည်ဘုရားသခင်အားမျှော်ကိုးမည်။
ငါ၏ကယ်တင်ရှင်၊ငါ၏ဘုရားအား တစ်ဖန်ထောမနာပြုမည်။