120
ကူမတော်မူရန်ဆုတောင်းပတ္ထနာ
1 ငါသည်ဒုက္ခရောက်စဉ်အခါထာဝရဘုရား ကို ဟစ်ခေါ်ပါ၏။
ကိုယ်တော်သည်လည်းထူးတော်မူပါ၏။
2 အို ထာဝရဘုရား၊
ကျွန်တော်မျိုးအားလိမ်လည်တတ်သူများ နှင့် လှည့်စားတတ်သူများ၏လက်မှကယ်တော် မူပါ။
3 အချင်းလိမ်လည်တတ်သူတို့၊
သင်တို့အားဘုရားသခင်သည်အဘယ်သို့ စီရင်တော်မူလိမ့်မည်နည်း။
သင်တို့အားကိုယ်တော်သည်အဘယ်သို့ ဒဏ်ခတ်တော်မူလိမ့်မည်နည်း။
4 စစ်သည်တို့၏ထက်မြက်သောမြားဖြင့်လည်း ကောင်း၊
ရဲရဲတောက်ပူလောင်သည့်မီးခဲဖြင့်လည်းကောင်း ဒဏ်ခတ်တော်မူလိမ့်မည်။
5 သင်တို့နှင့်ငါနေရသည်မှာမေရှက်ပြည်၌ နေထိုင်ရသကဲ့သို့လည်းကောင်း၊
ကေဒါ19 * မေရှက် ကေဒါ။ ကွာဝေးသောဒေသနှစ်ခု။ ၎င်းဒေသများ တွင်နေထိုင်သူတို့သည်လူရိုင်းများဟုယူ ဆသည်။ အမျိုးသားများနှင့်အတူ နေထိုင်ရသကဲ့သို့လည်းကောင်းဆိုးရွားပါ၏။
6 ငါသည်ငြိမ်းချမ်းရေးကိုမုန်းသောသူတို့နှင့် နေရသည်မှာကြာမြင့်လွန်းလေပြီ။
7 ငါသည်ငြိမ်းချမ်းရေးအကြောင်းပြောဆို သောအခါ သူတို့ကစစ်တိုက်ရန်ပြောဆိုကြ၏။
19120:5 * မေရှက် ကေဒါ။ ကွာဝေးသောဒေသနှစ်ခု။ ၎င်းဒေသများ တွင်နေထိုင်သူတို့သည်လူရိုင်းများဟုယူ ဆသည်။