127
ဘုရားသခင်၏ကောင်းမြတ်တော်မူခြင်းကို ထောမနာပြုခြင်း3 * ဟေဗြဲခေါင်းစဉ်။ ရှောလမုန်စပ်ဆိုသည်။
1 အကယ်၍ထာဝရဘုရားသည်အိမ်ကို
ဆောက်တော်မမူလျှင်ဆောက်လုပ်သူတို့၏ လုပ်ဆောင်ချက်သည်အချည်းနှီးဖြစ်၏။
ထာဝရဘုရားသည်မြို့ကိုစောင့်တော်မမူ လျှင်
ကင်းစောင့်တို့၏စောင့်ကြပ်မှုသည်အချည်းနှီးဖြစ်၏။
2 အသက်မွေးဝမ်းကျောင်းမှုအတွက် နံနက်စောစောထ၍
ညဥ့်နက်သည်တိုင်အောင်ပင်ပန်းစွာအလုပ် လုပ်ရခြင်းသည်အချည်းနှီးဖြစ်၏။
အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် မိမိချစ်တော်မူသောသူတို့အိပ်စက်နေစဉ်
သူတို့လိုအပ်သောအရာများကို ပေးသနားတော်မူသောကြောင့်ဖြစ်၏။
3 သားသမီးများသည်ထာဝရဘုရားပေး သော ဆုလာဘ်များဖြစ်ကြ၏။
သူတို့သည်ကောင်းချီးမင်္ဂလာအစစ်အမှန် ဖြစ်ကြ၏။
4 အသက်ပျိုရွယ်စဉ်အခါရသော
သားသမီးများသည်စစ်သူရဲ၏လက်တွင်ရှိသော မြားများနှင့်တူကြ၏။
5 ဤသို့သောမြားမြောက်မြားစွာရှိသူသည် မင်္ဂလာရှိ၏။
သူသည်ရန်သူများနှင့်တရားရုံးတွင် ရင်ဆိုင်သောအခါအရေးရှုံးနိမ့်လိမ့်မည် မဟုတ်။