150
ထာဝရဘုရားအားထောမနာပြုကြလော့
1 ထာဝရဘုရားအားထောမနာပြုကြလော့။
ဗိမာန်တော်တွင်ဘုရားသခင်အား ထောမနာပြုကြလော့။
ကောင်းကင်ထက်တွင်ကိုယ်တော်၏တန်ခိုးတော်အား ထောမနာပြုကြလော့။
2 ကိုယ်တော်ပြုတော်မူသည့်မဟာ
အမှုတော်များအတွက်ကိုယ်တော်အား ထောမနာပြုကြလော့။
အလွန်ကြီးမြတ်တော်မူသည်ဖြစ်၍ ထောမနာပြုကြလော့။
3 တံပိုးခရာများဖြင့်ကိုယ်တော်အား ထောမနာပြုကြလော့။
စောင်းကြီးစောင်းငယ်များဖြင့်ကိုယ်တော်အား ထောမနာပြုကြလော့။
4 ပတ်သာကိုတီးလျက်၊ကခုန်လျက်ကိုယ်တော်အား ထောမနာပြုကြလော့။
စောင်းများ၊ပြွေများဖြင့်ကိုယ်တော်အား ထောမနာပြုကြလော့။
5 သံလွင်များကိုတီး၍ကိုယ်တော်အား ထောမနာပြုကြလော့။
လင်းကွင်းကြီးများကိုတီး၍ကိုယ်တော်အား ထောမနာပြုကြလော့။
6 သက်ရှိသတ္တဝါအပေါင်းတို့၊ထာဝရဘုရားအား ထောမနာပြုကြလော့။
ထာဝရဘုရားအားထောမနာပြုကြလော့။ ဒါဝိဒ်မင်းကြီးနှင့်ရှင်အာသပ်အစရှိသော ပရောဖက်များတို့ရေးထားသောဆာလံကျမ်း ပြီး၏။