2
ဧဖက်မြို့အသင်းတော်အတွက်သြဝါဒ
1 ``ဧဖက်မြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ ဤသို့စာရေး၍သြဝါဒပေးလိုက်လော့။ ဤသြဝါဒသည်ကြယ်ခုနစ်လုံးကိုလက်ယာ လက်တွင်ကိုင်ကာ ရွှေမီးခွက်ခုနစ်ခုအကြား တွင်သွားလာနေသူ၏ထံမှဖြစ်၏။- 2 သင်ပြုသောအမှုကိုငါသိ၏။ သင်မည်မျှ ကြိုးပမ်းလုပ်ဆောင်သည်၊ မည်မျှရဲရင့်သည်၊ မည် မျှခံနိုင်ရည်ရှိသည်ကိုငါသိ၏။ သင်သည်ဆိုး ညစ်သူတို့ကိုသည်းမခံနိုင်ကြောင်း၊ တမန် တော်မဟုတ်ဘဲလျက် မိမိတို့ကိုယ်ကိုတမန် တော်ဟုခေါ်ဆိုကြသူတို့အားစစ်ဆေး၍ လူလိမ်များဖြစ်သည်ကိုသိရှိကြောင်းငါ သိ၏။- 3 သင်သည်ခံနိုင်ရည်ရှိပေသည်။ ငါ၏အတွက် များစွာဆင်းရဲခံပေသည်။ စိတ်အားလည်း မလျော့။- 4 သို့သော်သင်သည်အစကကဲ့သို့ယခုအခါ ၌ ငါ့ကိုမချစ်တော့သဖြင့်သင့်အားအပြစ် ဆိုစရာရှိ၏။- 5 သို့ဖြစ်၍သင်သည်အဘယ်မျှလောက်ကျဆင်း လာသည်ကိုဆင်ခြင်လော့။ နောင်တရ၍အစ ကပြုကျင့်ခဲ့သည့်အတိုင်းပြုကျင့်လော့။ သို့ မပြုပါမူသင်ရှိရာသို့ငါလာခဲ့မည်။ သင် နောင်တမရလျှင်သင်၏မီးခွက်ကိုနေရာမှ ငါဖယ်ရှားပစ်မည်။- 6 သို့ရာတွင်နိကောလ၏တပည့်တို့ကျင့်ကြံပုံ ကို ငါမုန်းသကဲ့သို့သင်လည်းမုန်းသဖြင့်သင့် အားချီးမွမ်းစရာရှိ၏။
7 ``အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော်မူ သောစကားများကိုကြားတတ်သောနားရှိ သူတို့ကြားပါစေ။
``အောင်မြင်သောသူအားဘုရားသခင်၏ဥယျာဉ် တော်ရှိအသက်ပင်၏အသီးကိုစားခွင့်ငါ ပေးမည်။✡ က၊ ၂:၉။ ဗျာ၊ ၂၂:၂။ ယေဇ၊ ၂၈:၁၃၊ ၃၁:၈။
စမုရနမြို့အသင်းတော်အတွက်သြဝါဒ
8 စမုရနမြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။
``ဤသြဝါဒသည်အစနှင့်အဆုံးဖြစ်သူ၊ သေပြီးမှအသက်ပြန်၍ရှင်လာသူ၏ထံမှ ဖြစ်သည်။-✡ ဟေရှာ၊ ၄၄:၆၊ ၄၈:၁၂။ ဗျာ၊ ၁:၁၇၊ ၂၂:၁၃။ 9 သင်သည်အဘယ်မျှဆင်းရဲ၍အဘယ်မျှဒုက္ခ ရောက်သည်ကိုငါသိ၏။ သို့ရာတွင်အမှန်စင်စစ် သင်သည်ကြွယ်ဝသူဖြစ်၏။ မိမိတို့ကိုယ်ကို ဟေဗြဲအမျိုးသားများဟုဆိုကြသောသူတို့ သည်သင့်အားအသရေပျက်စေသည့်စကား များကိုပြောဆိုကြကြောင်းငါသိ၏။ သူတို့ သည်စင်စစ်အားဖြင့်ဟေဗြဲအမျိုးသားများ မဟုတ်။ စာတန်၏အဖွဲ့ဝင်များဖြစ်ကြ၏။- 10 သင်ခံရမည့်ဆင်းရဲဒုက္ခများအတွက်မစိုး ရိမ်နှင့်။ စာတန်သည်သင်တို့အချို့ကိုထောင်ထဲ ၌အကျဉ်းချထားခြင်းအားဖြင့်စစ်ဆေးလိမ့် မည်။ သင်သည်ဆယ်ရက်တိုင်တိုင်ဒုက္ခခံရလိမ့်မည်။ သေသည်တိုင်အောင်သစ္စာစောင့်လော့။ သို့မှသာ သင့်အားအသက်သရဖူကိုငါပေးမည်။
11 ``အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော်မူ သောစကားများကိုကြားတတ်သောနားရှိသူ တို့ကြားပါစေ။
``အောင်မြင်သောသူသည်ဒုတိယသေ ခြင်းဘေးနှင့်ကင်းလွတ်လိမ့်မည်။✡ ဗျာ၊ ၂၀:၁၄၊ ၂၁:၈။
ပေရဂံမြို့အသင်းတော်အတွက်သြဝါဒ
12 ``ပေရဂံမြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။
ဤသြဝါဒသည်ထက်မြက်သောသန်လျက် ဆောင်ထားသူ၏ထံမှဖြစ်၏။- 13 အဘယ်အရပ်တွင်သင်နေထိုင်သည်ကိုငါသိ ၏။ သင်သည်စာတန်၏ပလ္လင်ရှိရာအရပ်တွင်နေ ထိုင်၏။ ငါ၏ဘက်မှာသစ္စာရှိစွာသက်သေခံသူ အန္တိပသည် စာတန်နေထိုင်ရာတွင်အသတ်ခံရ ချိန်၌ပင် သင်သည်ငါ၏သစ္စာကိုစောင့်၍ ငါ့ကို ယုံကြည်ကိုးစားမှုမစွန့်။- 14 သို့ရာတွင်သင်တို့အထဲတွင်ဗာလမ်၏အယူ ဝါဒကိုလိုက်လျှောက်သူများရှိနေသဖြင့် သင့်အားအပြစ်ဆိုစရာအနည်းငယ်ရှိ၏။ ဣသရေလအမျိုးသားတို့သည်ရုပ်တုပူဇော် ရာအစားအစာများကိုစားကြစေရန်နှင့် ကာမဂုဏ်ကိုလိုက်စားကြစေရန်ဗာလမ်က ဗာလက်မင်းအားသင်ကြားပေး၏။-✡ တော၊ ၂၂:၅၊၇၊ ၃၁:၁၆။ တရား၊ ၂၃:၄။ တော၊ ၂၅:၁-၃။ 15 ထိုနည်းတူစွာသင်တို့အထဲတွင်လည်းနိ ကောလ၏တပည့်များ သင်ကြားပို့ချသည့် အယူဝါဒများကိုလိုက်လျှောက်နေသူများ ရှိပေသည်။- 16 ထို့ကြောင့်နောင်တရလော့။ နောင်တမရပါမူ မကြာမီ ငါလာ၍ထိုသူတို့အားငါ၏ခံ တွင်းမှထွက်သောသန်လျက်နှင့်တိုက်ခိုက်မည်။
17 ``အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော်မူ သောစကားများကိုကြားတတ်သောနားရှိ သူတို့ကြားပါစေ။
အောင်မြင်သောသူအားဝှက်ထားသောမန္နမုန့် ကိုငါပေးမည်။ ကျောက်စရစ်ဖြူကိုလည်း ငါပေးမည်။ ထိုကျောက်ဖြူပေါ်တွင်အက္ခရာ တင်ထားသည့်နာမည်သစ်ကိုအဘယ်သူ မျှမသိနိုင်ရာ။ ထိုကျောက်ကိုခံယူရရှိ သူသာလျှင်သိရှိနိုင်ပေသည်။✡ ထွ၊ ၁၆:၁၄-၁၅၊ ၁၆:၃၃-၃၄။ ယော၊ ၆:၄၈-၅၀။ ဟေရှာ၊ ၆၂:၂၊ ၆၅:၁၅။
သွာတိရမြို့အသင်းတော်အတွက်သြဝါဒ
18 သွာတိရမြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။
``ဤသြဝါဒသည်ဘုရားသခင်၏သားတော် ထံမှဖြစ်၏။ ထိုအရှင်၏မျက်စိတော်များသည် မီးလျှံသဖွယ်တောက်ပလျက်၊ ခြေတော်များ သည်တောက်ပြောင်သောကြေးဝါကဲ့သို့ဖြစ်၏။- 19 ငါသည်သင်ပြုသောအမှုကိုသိ၏။ သင်မေတ္တာ ထားပုံနှင့်သစ္စာစောင့်ပုံတို့ကိုလည်းကောင်း၊ အမှုတော်ဆောင်ပုံနှင့်တည်ကြည်ပုံကို လည်းကောင်းငါသိ၏။ ထို့ပြင်နောက်ပိုင်း အချိန်သင်ပြုသည့်အမှုများသည် စော စောပိုင်းအချိန်ပြုသည့်အမှုများထက် သာလွန်ကောင်းမွန်ပေသည်။- 20 သို့ရာတွင်သင့်အားအပြစ်ဆိုစရာရှိသည် မှာ ယေဇဗေလဆိုသူအမျိုးသမီးကိုသင် လက်ခံလျက်နေခြင်းပင်ဖြစ်၏။ သူသည်မိမိ ကိုယ်ကိုဘုရားသခင်၏စေတမန်ဟုဆိုကာ ငါ၏တပည့်တို့အား ကာမဂုဏ်လိုက်စားစေ ရန်နှင့်ရုပ်တုတို့အားပူဇော်သည့်အစား အစာများကိုစားစေရန် သွန်သင်ခြင်းအား ဖြင့်မှောက်မှားလမ်းလွဲစေလေသည်။-✡ ၃ရာ၊ ၁၆:၃၁။ ၄ရာ၊ ၉:၂၂၊၃၀။ 21 နောင်တရရန်သူ့အားငါအချိန်ပေးခဲ့၏။ သို့ရာတွင်သူသည်မိမိအကျင့်ပျက်မှု အတွက်နောင်တရလိုစိတ်မရှိ။- 22 သို့ဖြစ်၍ငါသည်သူ့အားအိပ်ရာပေါ်တွင်လဲ ကျစေ၍ ဒုက္ခဝေဒနာခံစေမည်။ သူနှင့်ကာမ ရာဂစပ်ယှက်သူတို့အားလည်းပြင်းထန်စွာ ဒုက္ခဝေဒနာခံစေမည်။ သူတို့သည်ထိုအမျိုး သမီးနှင့်ပြုသည့်ဆိုးညစ်မှုများအတွက် နောင်တမရကြပါမူ ငါသည်ယခုပင်သူ တို့အားဒုက္ခဝေဒနာခံစေမည်။- 23 သူ၏နောက်လိုက်တို့သည်အသတ်ခံကြရ လိမ့်မည်။ ထိုအခါ၌ငါသည်လူတို့၏စိတ် နှလုံးနှင့်အကြံအစည်တို့ကိုသိမြင် တော်မူသောအရှင်ဖြစ်ကြောင်း အသင်းတော် အပေါင်းတို့သိရှိကြလိမ့်မည်။ သင်တို့ အသီးသီး၏အကျင့်အလျောက်အကျိုး အပြစ်ကိုငါပေးမည်။✡ ဆာ၊ ၇:၉။ ယေ၊ ၁၇:၁၀။ ဆာ၊ ၆၂:၁၂။
24 ထိုသူတို့မှလွဲ၍ အခြားသွာတိရမြို့အသင်း တော်ဝင်တို့သည်ဤဆိုးညစ်သည့်အယူဝါဒ ကိုမလိုက်နာကြ။ စာတန်၏နက်နဲသည့်လျှို့ဝှက် ချက်များဟုသူတစ်ပါးတို့ခေါ်ဝေါ်ကြသည့် အရာများကိုလည်းမခံမယူကြ။ သင်တို့ အပေါ်သို့အခြားဝန်ထုပ်ကိုငါမတင်။- 25 သင်တို့သည်မိမိတို့၏လက်ဝယ်ရှိသည့် အရာကိုငါလာသည်တိုင်အောင်စွဲမြဲ စွာကိုင်ထားကြလော့။- 26-28 အောင်မြင်၍ငါလိုလားသည့်အကျင့်ကို အဆုံးတိုင်အောင် ကျင့်သောသူတို့အား ခမည်းတော်ထံမှငါရရှိသည့်အခွင့် အာဏာကိုငါပေးမည်။ ယင်းအခွင့်အာဏာ မှာလူမျိုးတကာတို့ကိုသံလှံတံဖြင့် အုပ်စိုး၍ မြေအိုးများကိုသံတုတ်ဖြင့် အစိတ်စိတ်အမြွှာမြွှာရိုက်ခွဲသကဲ့သို့ သူတို့အားချေမှုန်းပိုင်ခွင့်ဖြစ်သည်။ မိုး သောက်ကြယ်ကိုလည်းသူတို့အားငါ ပေးမည်။✡ ဆာ၊ ၂:၈-၉။
29 အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော် မူသောစကားများကိုကြားတတ်သော နားရှိသူတို့ကြားပါစေ။
✡2:7 က၊ ၂:၉။ ဗျာ၊ ၂၂:၂။ ယေဇ၊ ၂၈:၁၃၊ ၃၁:၈။
✡2:8 ဟေရှာ၊ ၄၄:၆၊ ၄၈:၁၂။ ဗျာ၊ ၁:၁၇၊ ၂၂:၁၃။
✡2:11 ဗျာ၊ ၂၀:၁၄၊ ၂၁:၈။
✡2:14 တော၊ ၂၂:၅၊၇၊ ၃၁:၁၆။ တရား၊ ၂၃:၄။ တော၊ ၂၅:၁-၃။
✡2:17 ထွ၊ ၁၆:၁၄-၁၅၊ ၁၆:၃၃-၃၄။ ယော၊ ၆:၄၈-၅၀။ ဟေရှာ၊ ၆၂:၂၊ ၆၅:၁၅။
✡2:20 ၃ရာ၊ ၁၆:၃၁။ ၄ရာ၊ ၉:၂၂၊၃၀။
✡2:23 ဆာ၊ ၇:၉။ ယေ၊ ၁၇:၁၀။ ဆာ၊ ၆၂:၁၂။
✡2:26-28 ဆာ၊ ၂:၈-၉။