14
ညီအစ်ကိုတို့အားပြစ်တင်ဝေဖန်မှုမပြုနှင့်
1 ဘုရားသခင်အားယုံကြည်ကိုးစားမှုအား နည်းသူကိုလက်ခံကြလော့။ သို့ရာတွင်သူ ၏ထင်မြင်ယူဆချက်များနှင့်ပတ်သက်၍ သူနှင့်အငြင်းအခုံမပြုကြနှင့်။- 2 ယုံကြည်ခြင်းခိုင်မာသူသည်မည်သည့်အစား အစာကိုမဆိုစားနိုင်၏။ ယုံကြည်ခြင်းမခိုင် မာသူသည်ဟင်းရွက်ဟင်းသီးများကိုသာ လျှင်စားတတ်၏။- 3 မည်သည့်အစားအစာကိုမဆိုစားတတ်သော သူသည် ထိုသို့မစားတတ်သူအားအထင်မသေး နှင့်။ ဟင်းသီးဟင်းရွက်သာစားတတ်သူကလည်း မည်သည့်အစားအစာကိုမဆိုစားတတ်သူ ကိုပြစ်တင်ဝေဖန်မှုမပြုနှင့်။ အဘယ်ကြောင့် ဆိုသော်မည်သည့်အစားအစာကိုမဆိုစား တတ်သူအား ဘုရားသခင်လက်ခံတော်မူ ပြီးဖြစ်သောကြောင့်တည်း။- 4 သင်သည်အဘယ်သူဖြစ်၍သူတစ်ပါး၏ အစေခံကိုစစ်ကြောစီရင်နိုင်သနည်း။ ထို အစေခံ၏အလုပ်သည်ကျေနပ်ဖွယ်ဖြစ်သည် မဖြစ်သည်ကိုသူ၏သခင်ကဆုံးဖြတ်လိမ့် မည်။ သူ၏အလုပ်ကျေနပ်ဖွယ်ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သခင်ဘုရားသည် သူ့အားကူမတော်မူနိုင်သောကြောင့်တည်း။
5 လူအချို့တို့ကနေ့ရက်တစ်ရက်သည်အခြား နေ့ရက်ထက်ပို၍အရေးကြီးသည်ဟုယူဆ ကြ၏။ အချို့သောသူတို့ကမူနေ့ရက်များ အားလုံးပင်အတူတူဖြစ်သည်ဟုယူဆ ကြသည်။ သူတို့သည်မည်သို့ပင်ယူဆစေ ကာမူ မိမိတို့မှန်ကန်သည်ဟုစိတ်ချယုံ ကြည်စိတ်ရှိကြရမည်။- 6 နေ့ထူးနေ့မြတ်ကိုစောင့်ထိန်းသူသည်သခင် ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းရန်အတွက် စောင့်ထိန်းခြင်းဖြစ်၏။ မည်သည့်အစားအစာ များကိုမဆိုစားတတ်သူသည်လည်း သခင် ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းရန်အတွက် စားခြင်းဖြစ်သည်။ သူသည်လည်းထိုအစား အစာအတွက်ဘုရားသခင်၏ကျေးဇူး တော်ကိုချီးမွမ်းသည်။ အချို့သောအစား အစာကိုရှောင်ကြဉ်သောသူသည်လည်း သခင် ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းရန်အတွက် ရှောင်ကြဉ်ခြင်းဖြစ်၏။ သူသည်လည်းဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်း သည်။-✡ ကော၊ ၂:၁၆။ 7 ငါတို့အနက်အဘယ်သူမျှတစ်ကိုယ်တည်း အတွက်သာအသက်မရှင်။ တစ်ကိုယ်တည်း အတွက်သာမသေ။- 8 ငါတို့အသက်ရှင်လျှင်သခင်ဘုရား၏ အတွက်ဖြစ်၍သေလျှင်လည်း သခင်ဘုရား ၏အတွက်ဖြစ်၏။ ထို့ကြောင့်ငါတို့သည် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ သခင်ဘုရားပိုင်ဆိုင်ရာဖြစ်၏။- 9 အဘယ်ကြောင့်ဆိုသော်ခရစ်တော်သည်သေ သူ၊ ရှင်သူတို့၏အရှင်သခင်ဖြစ်အံ့သောငှာ အသေခံ၍ရှင်ပြန်ထမြောက်တော်မူသော ကြောင့်ဖြစ်၏။- 10 ထို့ကြောင့်သင်တို့သည်အဘယ်ကြောင့်မိမိ တို့၏ခရစ်ယာန်ညီအစ်ကိုများကိုစစ်ကြော စီရင်ကြသနည်း။ အဘယ်ကြောင့်သူတို့အား အထင်သေးကြသနည်း။ ငါတို့အားလုံးပင် တရားစီရင်ခံရရန်ဘုရားသခင်၏တရား ပလ္လင်တော်ရှေ့သို့ရောက်ကြရမည်။-✡ ၂ကော၊ ၅:၁၀။ 11 ကျမ်းစာတော်တွင်၊
``ဘုရားရှင်မိန့်တော်မူသည်ကား`ငါသည် အသက်ရှင်သောဘုရားဖြစ်တော်မူသည်အတိုင်း
ငါ၏ရှေ့၌လူတိုင်းပျပ်ဝပ်ရလိမ့်မည်။
ငါသည်ဘုရားဖြစ်တော်မူကြောင်းလူတိုင်း ဝန်ခံရလိမ့်မည်' ''
ဟူ၍ဆိုသည်။-✡ ဟေရှာ၊ ၄၅:၂၃။ 12 သို့ဖြစ်၍ငါတို့အားလုံးသည်မိမိတို့ပြုခဲ့ သမျှကို ဘုရားသခင်အားအစီရင်ခံကြ ရမည်။
ညီအစ်ကိုအားမှောက်မှားစေရန်မပြုနှင့်
13 ထို့ကြောင့်ငါတို့သည်အချင်းချင်းအား စစ်ကြောစီရင်မှုမပြုဘဲနေကြကုန်အံ့။ ညီအစ်ကိုချင်းတို့အားတိုက်လဲမှောက်မှားစေ မည့်အပြုအမူများကိုရှောင်ကြဉ်ကြကုန် အံ့။- 14 အဘယ်အစားအစာမျှပကတိအားဖြင့် မညစ်ညမ်းကြောင်းကိုငါသည်သခင်ယေရှု ကိုအမှီပြုလျက်အသေအချာသိ၏။ သို့ သော်လည်းအစားအစာသည်ညစ်ညမ်းသည် ဟုယုံကြည်လျှင်ယုံကြည်သူအဖို့သာညစ် ညမ်း၏။- 15 အကယ်၍သင်သည်မိမိစားသောအစား အစာအားဖြင့်ညီအစ်ကိုတစ်စုံတစ်ယောက် အားစိတ်အနှောင့်အယှက်ဖြစ်စေပါမူ ထို သူ၏အပေါ်တွင်မေတ္တာတရားကင်းမဲ့စွာ ပြုကျင့်ရာရောက်၏။ ထိုသူ၏အတွက်ခရစ် တော်သည်အသေခံတော်မူခဲ့သည်ဖြစ်ရာ တစ်စုံတစ်ခုသောအစားအစာကိုသင် စားခြင်းကြောင့်ထိုသူအားအကျိုးမနည်း စေနှင့်။- 16 သင်တို့ကောင်းသည်ဟုထင်မြင်ယူဆမှုသည် ကဲ့ရဲ့စရာမဖြစ်စေနှင့်။- 17 ငါတို့ကိုဘုရားသခင်အုပ်စိုးတော်မူခြင်း ဆိုသည်မှာအစားအသောက်နှင့်မစပ်ဆိုင်။ သန့်ရှင်းသောဝိညာဉ်တော်မှရရှိသောငြိမ် သက်ခြင်း၊ ဝမ်းမြောက်ခြင်းတို့နှင့်သာစပ် ဆိုင်၏။- 18 ဤနည်းအားဖြင့်ခရစ်တော်၏အမှုတော် ကိုဆောင်ရွက်သူအားဘုရားသခင်နှစ်သက် တော်မူ၏။ လူတို့လည်းချီးမွမ်းကြ၏။
19 သို့ဖြစ်၍ငြိမ်းချမ်းစွာနေထိုင်မှုကိုပြုစု ပေးမည့်အရာများနှင့်တစ်ယောက်ကိုတစ် ယောက် ဝိညာဉ်ခွန်အားပြည့်စေမည့်အရာ များကိုအမြဲကြိုးစားပြုလုပ်ကြရမည်။- 20 အစားအစာတစ်စုံတစ်ရာစားသောက်မှု အတွက်ကြောင့်ယုံကြည်ခြင်းမခိုင်မာသေး သူကိုအကျိုးမနည်းစေနှင့်။ အစားအစာ မှန်သမျှသည်စားသင့်သောအရာဖြစ်သော် လည်းထိုအစားအစာများကိုစားသုံး ခြင်းဖြင့်သူတစ်ပါးတို့အားမှောက်မှား စေသူ၌အဆိုးဖြစ်၏။- 21 အသားစားခြင်း၊ စပျစ်ရည်သောက်ခြင်းစ သောသင့်ညီအစ်ကိုအားတိုက်လဲစေရန် မည်သည်ကိုမျှမပြုသင့်။- 22 ဤကိစ္စများနှင့်ပတ်သက်၍သင်မည်သို့ပြုမူ သည်မှာသင်နှင့်ဘုရားသခင်သာသက်ဆိုင် ၏။ မိမိမှန်ကန်သည်ဟုယုံကြည်သည့်အတိုင်း ဆောင်ရွက်၍သြတ္တပ္ပစိတ်ကြည်လင်သူသည် မင်္ဂလာရှိ၏။- 23 သို့ရာတွင်သံသယရှိသောစိတ်နှင့်အစား အစာတစ်စုံတစ်ရာကိုစားသုံးသောသူအား ဘုရားသခင်ပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ယုံကြည်မှုပေါ်၌ တည်၍မပြုသောကြောင့်ဖြစ်၏။ ယုံကြည်မှု ပေါ်၌မတည်ဘဲပြုလေသမျှသည်အပြစ် ဖြစ်၏။