7
1 ထိုနောက်မှ ယေရှု သည်ဂါလိလဲ ပြည်၌ လှည့်လည် တော်မူ၏။ ယုဒ လူတို့သည် ကိုယ်တော် ကို သတ် အံ့သောငှာရှာကြံ သောကြောင့် ၊ ယုဒ ပြည်၌ လှည့်လည် ခြင်းငှာအလို တော်မ ရှိ။ 2 ယုဒ လူတို့၏ သကေနေ ပွဲ ခံခါနီး တွင်၊ 3 ညီ တော်တို့က၊ သင် ပြု သောအမှု တို့ကို တပည့် များတို့သည်မြင် စေခြင်းငှာဤအရပ် မှထွက် ၍ ယုဒပြည် သို့ ကြွ ပါ။ 4 ကျော်စော ကိတ္တိကို အလိုရှိ သောသူမည်သည်ကားမ ထင်ရှားသောအားဖြင့် အဘယ်အမှုကိုမျှမပြု တတ်။ ဤ အမှုတို့ကို သင်သည်ပြု လျှင် ။ ဤလောက ၌ ကိုယ် ကိုထင်ရှား စွာ ပြပါဟု၊ 5 မ ယုံကြည် သောကြောင့် ယေရှု အားဆို ကြ၏။
6 ယေရှု ကလည်း၊ ငါ့ အချိန် မ ရောက် သေး။ သင် တို့ဘို့ ခပ်သိမ်း သောအချိန် သင့် လျက်ရှိ ၏။ 7 လောကီသား တို့သည် သင် တို့ကိုမ မုန်း နိုင် ။ ငါ့ ကိုမုန်း ကြ၏။ အကြောင်းမူကား ၊ ငါ သည်သူ တို့၏အကျင့် ဆိုးညစ် ကြောင်း ကို သက်သေခံ ၏။ 8 ထိုပွဲ သို့ သင် တို့သွား ကြလော့။ 9 ငါ မ သွား သေး။ ငါ့ အချိန် မ ပြည်စုံ သေး ဟု မိန့် တော်မူပြီးလျှင် ၊ ဂါလိလဲ ပြည်မှာ နေ တော်မူ၏။
10 ညီ တော်တို့သွား ပြီးမှကိုယ်တော် သည် ထိုပွဲ သို့ မ ထင် မရှားကြွ တော်မူ၏။ 11 ထို ပွဲ ၌ ယုဒ လူတို့က၊ ယေရှု သည်အဘယ်မှာ ရှိ သနည်းဟု မေးမြန်း ရှာဖွေ ကြ၏။ 12 လူ အစုအဝေးတို့သည် ကိုယ်တော် ကိုအကြောင်း ပြု၍ အုတ်အုတ်သဲသဲ ဖြစ် ကြ၏။ အချို့ တို့က၊ သူ သည်သူတော်ကောင်း ဖြစ် သည်ဟူ၍၎င်း၊ အချို့ တို့က၊ သူတော်ကောင်းမ ဟုတ်၊ လူ များကိုလှည့်ဖြား သည်ဟူ၍၎င်း ဆို ကြ၏။ 13 သို့သော်လည်း ယုဒ လူတို့ကို ကြောက် သောကြောင့် အဘယ်သူ မျှအတည့်အလင်း မပြော ဝံ့ကြ။ 14 ထိုပွဲ ကို ခံစဉ် တွင်၊ ယေရှု သည် ဗိမာန် တော်သို့ တက် ၍ ဆုံးမ ဩဝါဒပေးတော်မူ၏၊ 15 ယုဒ လူတို့သည် အံ့ဩ ၍ ၊ ဤသူ သည် စာ မ သင် ဘဲလျက် အဘယ်သို့ တတ်ဘိသနည်းဟုဆို ကြ၏။
16 ယေရှု ကလည်း၊ ငါ ဟောသောဒေသနာ သည် ငါ ၏ဒေသနာမ ဟုတ်။ ငါ့ ကိုစေလွှတ် တော်မူသောသူ ၏ ဒေသနာဖြစ်၏။ 17 ထိုသူ ၏အလို တော်သို့ လိုက် ချင်သောသူ မည်သည်ကား၊ ဤဒေသနာ သည်ဘုရားသခင် ၏ ဒေသနာ တော်ဖြစ် သလော၊ ငါ သည် ကိုယ် အလိုအလျောက် ဟောပြော သလောဟု ပိုင်းခြား၍သိ လိမ့်မည်။ 18 ကိုယ်အလိုအလျောက် ဟောပြော သောသူ သည်မိမိ ဘုန်း အသရေကိုရှာ တတ်၏။ မိမိ ကို စေလွှတ် တော်မူသောသူ ၏ ဘုန်း အသရေကိုရှာ သော သူ မူကား ၊ ယုံ လောက်သောသူ ဖြစ် ၏။ ထိုသူ ၌ မုသား မ ရှိ ။ 19 မောရှ သည်ပညတ် တရားကို သင်တို့အား ပေး သည်မ ဟုတ်လော။ ထိုတရား ကို သင် တို့တွင် တစ်စုံတစ်ယောက် မျှမကျင့် ။ ငါ့ ကိုသတ် အံ့သောငှာအဘယ်ကြောင့် ရှာကြံ ကြသနည်း ဟု မိန့် တော်မူ၏။
20 လူ အစုအဝေးကလည်း၊ သင်သည် နတ်ဆိုးစွဲ သောသူဖြစ် ၏။ သင့် ကို သတ် အံ့သောငှာအဘယ်သူ ရှာကြံ သနည်းဟု ဆိုကြ၏။
21 ယေရှု ကလည်း ၊ ငါပြု သောအမှု တစ်ခု ကို သင်တို့ရှိသမျှ သည် အံ့ဩ ခြင်းရှိကြ၏။ 22 မောရှ သည် အရေဖျားလှီး ခြင်းတရားကို သင် တို့အား ပေး ၏။ ထိုသို့ဆိုသော်မောရှေ မှ အစစွာခံရ သည်ဟု မဆိုလို။ ဘိုးဘေး များမှ ဆက်ခံရသတည်း၊ ထိုကြောင့် ဥပုသ်နေ့ ၌ သင်တို့သည်အရေဖျားလှီး ခြင်းကို ပေးကြ၏။ 23 မောရှေ ၏တရား မ ပျက် စေခြင်းငှာ လူ သည်ဥပုသ်နေ့ ၌ အရေဖျားလှီး ခြင်းကိုခံရ လျှင် ၊ ငါသည် ဥပုသ်နေ့ ၌ လူ တစ်ကိုယ်လုံး ကိုကျန်းမာ စေ သောကြောင့် ၊ သင် တို့သည် ငါ့ ကိုအမျက်ထွက်ရာသလော။ 24 မျက်နှာ ကို သာကြည့် ၍မ စီရင် ကြနှင့်။ တရား သဖြင့် စီရင် ကြလော့ ဟု မိန့် တော်မူ၏။ 25 ထိုအခါ ယေရုရှလင် မြို့သားအချို့ ကလည်း၊ ဤ သူ ကိုသတ် အံ့သောငှာရှာ ကြသည်မ ဟုတ် လော။ 26 ကြည့် ပါ။ သူ သည်ထင်ရှား စွာဟောပြော ၍ အဘယ် မြစ်တားခြင်းကိုမျှ မပြုကြပါတကား၊ ဤသူ သည် ခရစ်တော် ဖြစ် ကြောင်း ကို မင်း များတို့သည် အမှန် သိ ကြသလော။ 27 သို့သော်လည်း ဤ သူသည် အဘယ် ကဖြစ် သည်ကိုငါတို့သိ ကြ၏။ ခရစ်တော် သည် ကြွလာ တော်မူသောအခါ အဘယ် ကဖြစ် တော်မူသည်ကို အဘယ်သူ မျှမသိ ရဟု ဆို ကြ၏။
28 ယေရှု ကလည်း၊ သင်တို့သည်ငါ့ ကိုသိ ကြ၏။ ငါအဘယ် ကဖြစ် သည်ကိုလည်း သိ ကြ၏။ သို့သော်လည်း ငါသည် ကိုယ် အလိုအလျောက်လာ သည်မ ဟုတ်။ ငါ့ ကို စေလွှတ် တော်မူသောသူ သည်သစ္စာ နှင့်ပြည့်စုံ တော်မူ၏။ ထိုသူ ကို သင် တို့မ သိ ကြ။ 29 ငါ မူကားသိ ၏။ အကြောင်းမူကား ၊ ထိုသူ ၏ အထံ တော်မှ ငါ လာ၏။ သူ သည်လည်း ငါ့ ကိုစေလွှတ် တော်မူ၏ ဟု ဗိမာန် တော်၌ ဆုံးမ ဩဝါဒပေးတော်မူစဉ်တွင် ကြွေးကြော် ၍ မိန့် တော်မူလျှင် ၊
30 ကိုယ်တော် ကို ဘမ်းဆီး ခြင်းအခွင့်ကိုရှာ ကြ၏။ သို့သော်လည်း ကိုယ်တော် ၏အချိန် မ စေ့ မရောက်သေး သောကြောင့် အဘယ်သူ မျှမဘမ်းဆီး ကြ။ 31 လူ အစုအဝေးထဲ၌ ပါသောလူ များတို့သည် ယုံကြည် သည်ဖြစ်၍ ၊ ခရစ်တော် သည် ကြွလာ တော်မူသောအခါ ၊ ဤ သူပြ သော နိမိတ် လက္ခဏာထက်သာ၍ များသောနိမိတ်လက္ခဏာ တို့ကို ပြ တော်မူမည်လောဟု ဆို ကြ၏။ 32 ထိုသို့လူ များ အုတ်အုတ်သဲသဲ ဖြစ်ကြသည်ကို ဖာရိရှဲ တို့သည်ကြား လျှင်၊ ယဇ်ပုရောဟိတ် အကြီးတို့ နှင့် တိုင်ပင်ပြီးမှကိုယ်တော် ကို ဘမ်းဆီး စေခြင်းငှာ မင်း လုလင်တို့ကို စေလွှတ် ကြ၏။
33 ယေရှု ကလည်း၊ ငါသည် သင် တို့နှင့်အတူ ခဏ သာနေ ပြီးလျှင် ၊ ငါ့ ကိုစေလွှတ် တော်မူသော သူ ထံသို့ သွား ရမည်။ သင်တို့သည် ငါ့ ကိုရှာ ကြလိမ့်မည်။ 34 ရှာသော်လည်း မ တွေ့ ရကြ။ ငါ ရှိ ရာအရပ် သို့ သင် တို့မ ရောက် နိုင် ကြ ဟု မိန့် တော်မူလျှင် ၊
35 ယုဒ လူတို့က၊ ငါ တို့ကိုမ တွေ့ စေခြင်းငှာ သူ သည် အဘယ် အရပ်သို့သွား လိမ့်မည်နည်း။ ဟေလသ လူ တို့တွင်အရပ်ရပ်သို့ ကွဲပြား လျက်နေသော သူတို့ရှိရာသို့ သွား ၍ ဟေလသ လူတို့အား တရား ဟောလိမ့်မည်လော။ 36 သင်တို့သည် ငါ့ ကို ရှာ ကြလိမ့်မည်။ ရှာသော်လည်း မ တွေ့ ရကြ။ ငါ ရှိ ရာအရပ် သို့ သင် တို့မ ရောက် နိုင် ကြဟူသောစကား သည် အဘယ်သို့ ဆိုလို သနည်းဟု အချင်းချင်း ဆိုကြ၏။
37 ထို ပွဲ ကိုခံ၍ နောက်ဆုံး ဖြစ်သောနေ့ မြတ် ၌ ယေရှု သည်ရပ် ၍ ကြွေးကြော် တော်မူသည်ကား၊ ရေငတ် သောသူ ရှိလျှင် ငါ့ ထံသို့ လာ ၍ သောက် လော့။ 38 ငါ့ ကိုယုံကြည် သောသူ သည် ကျမ်းစာ လာ သည်အတိုင်း အသက် ရေ ထွက် ရာစမ်း ရေတွင်း ဖြစ်လိမ့်မည် ဟု မိန့် တော်မူ၏။ 39 ထိုသို့ မိန့်တော်မူသော်၊ ယုံကြည် သောသူ တို့သည် ခံရ လတံ့သောဝိညာဉ် တော်ကို ရည်မှတ် ၍ မိန့် တော်မူ၏။ ယေရှု သည် ဘုန်းပွင့် တော်မ မူသေးသောကြောင့် သန့်ရှင်းသောဝိညာဉ် တော်ကို ပေးတော်မ မူသေး။ 40 စကား တော်ကို ကြား သောလူ အများတို့က၊ ဤ သူသည်လာလတံ့သော ပရောဖက် အမှန် ဖြစ် သည်ဟု ဆို ကြ၏။ 41 အချို့ ကလည်း၊ ဤသူ သည်ခရစ်တော် ဖြစ် သည်ဟု ဆို ကြ၏။ အချို့ ကလည်း၊ ခရစ်တော် သည် ဂါလိလဲ ပြည်သားဖြစ် ရသလော။ 42 ခရစ်တော်သည် ဒါဝိဒ် အမျိုး ၊ဒါဝိဒ် နေရာ ဌာန၊ ဗက်လင် ရွာသားဖြစ် ရမည်ဟု ကျမ်းစာ လာ သည် မ ဟုတ် လောဟု ဆို ကြ၏။ 43 ထိုသို့ လူ များတို့သည် ကွဲပြား ကြသည်ဖြစ်၍ ၊ အချို့ တို့သည် ကိုယ်တော် ကိုဘမ်းဆီး ခြင်းငှာအလိုရှိ ကြ၏။ 44 သို့သော်လည်း အဘယ်သူ မျှမဘမ်း မဆီးကြ။ 45 ထိုအခါ မင်း လုလင်တို့သည် ယဇ်ပုရောဟိတ် အကြီး၊ ဖာရိရှဲ ထံသို့ ပြန် ၍၊ ထို မင်းတို့က၊ အဘယ်ကြောင့် သူ့ ကိုမ ဆောင်ခဲ့ ကြသနည်းဟု မေးမြန်း လျှင်၊ 46 မင်း လုလင်တို့က၊ ထို သူဟောပြောသကဲ့သို့ အဘယ်သူမျှမ ဟော စဖူးပါဟု လျှောက် ကြ၏။ 47 ဖာရိရှဲ တို့ကလည်း၊ သင် တို့ကိုပင် လှည့်ဖြား ပြီလော။ 48 မင်း များ၊ ဖာရိရှဲ များတို့တွင် သူ့ ကိုယုံကြည် သောသူတစ်စုံတစ်ယောက် မျှရှိသလော။ 49 တရား ကိုမ သိ သော ဤ လူ များတို့သည် ကျိန် ခြင်းကို ခံရသောသူဖြစ် သည်ဟုဆို ကြ၏။ 50 အထက် ကညဉ့်အခါ၌ အထံ တော်သို့ လာ သော သူ တည်းဟူသောထိုမင်း များအဝင် ဖြစ် သော နိကောဒင် ကလည်း၊ 51 ငါ တို့တရား သည် လူ ကိုမ စစ် ၊ သူ့ အမှု ကို မ သိ မှီကပင်ရှေ့မဆွ ကဆုံးဖြတ် တတ်သလောဟုဆို လျှင်၊ 52 သူတို့က၊ သင် သည်လည်း ဂါလိလဲ ပြည်သားဖြစ် သလော။ စစ် ဦးလော့၊ ဂါလိလဲ ပြည်၌ အဘယ် ပရောဖက် မျှမ ပေါ်ထွန်း သည်ကိုမှတ် လော့ဟု ဆို ကြပြီးမှ၊ 53 ထိုသူအပေါင်းတို့သည် မိမိ တို့အိမ် သို့ သွား ကြ၏။