26
1 ယောဘ ပြန် ၍ မြွက်ဆိုသည်ကား၊ 2 သင်သည်အားနည်း သောသူကို အဘယ်သို့ မစ သနည်း။ လက် ကျ သောသူကို အဘယ်သို့ထောက်ပင့် သနည်း။ 3 မိုက် သောသူကို အဘယ်သို့ အကြံ ပေးသနည်း။ ထူးဆန်း သော ပညာ ကို အဘယ်သို့ပြ သနည်း။ 4 ဤစကား ကို အဘယ်သူ အားမြွက်ဆို သနည်း။ အဘယ်သူ ၏ ဝိညာဉ် အားဖြင့်ဟောပြောသနည်း။ 5 အောက် အရပ်၌ သင်္ချိုင်း သားတို့နှင့်တကွရေ များနှင့် ရေ၌ နေ သောသူများတို့သည် တုန်လှုပ် ကြ၏။ 6 မရဏ နိုင်ငံသည် ရှေ့ တော်၌ လှန် လျက်ရှိ၏။ အဗဒ္ဒုန် နိုင်ငံကို ဖုံးအုပ် ခြင်းမ ရှိရာ။ 7 မိုဃ်းကောင်းကင်ကို လွတ်လပ် လဟာ၌ ကြက် တော်မူ၏။ မြေကြီး ကိုအခုအခံမ ရှိ ဆွဲထား တော်မူ၏။ 8 ထူထပ်သော မိုဃ်းတိမ် တော်နှင့် ရေ ကို ထုပ် တော်မူ၍၊ မိုဃ်းတိမ် သည် မ စုတ် မပြတ်နေ၏။ 9 မိုဃ်းတိမ် တော်ကို ဖြန့် ၍ ပလ္လင် တော်မျက်နှာ ကို ဖုံးအုပ် တော်မူ၏။ 10 အလင်း နှင့် အမိုက် ဆုံမိရာ အပိုင်းအခြား၌ စကြဝဠာကို ကန့်ကွက်တော်မူ၏။ 11 ဆုံးမ တော်မူခြင်းကြောင့် ၊ မိုဃ်း ကောင်းကင်တိုင် တို့သည် တုန်လှုပ် ၍ မိန်းမော တွေဝေလျက်နေကြ၏။ 12 တန်ခိုး တော်အားဖြင့် သမုဒ္ဒရာ ကို ဆုံးမ တော်မူ ၏။ ပညာ တော်အားဖြင့် သူ၏ မာန ကို ချိုးဖျက် တော်မူ ၏။ 13 ဝိညာဉ် တော်အားဖြင့် မိုဃ်း ကောင်းကင်တန်ဆာများကိုပြင် ၍၊ လျင်မြန်သော နဂါး ကိုလည်း ဖန်ဆင်းတော်မူ၏။ 14 ဤ ရွှေ့ကား၊ အမှု တော်အရိပ်အမြွက်သာဖြစ်၏။ စကား တော် အသံအနည်းငယ် ကိုသာ နားကြား ရ၏။ တန်ခိုး တော်မိုဃ်းကြိုး သံကို အဘယ်သူ နားလည် နိုင် သနည်းဟု မြွက်ဆို ၏။