7
ပညတ် တရားကို သိ သောညီအစ်ကို တို့၊ ပညတ် တရားသည် လူ ကို အသက် ထက်ဆုံးမျှသာ ပိုင် သည်ကို မ သိကြသလော။ ဥပမာကား ၊ လင် ရှိသောမိန်းမ သည် လင် မ သေမှီတိုင်အောင် ၊ ပညတ် တရားအားဖြင့်လင်၌ချည်နှောင် လျက်ရှိ၏။ လင် သေ လျှင် မူကား လင် ဝတ် နှင့် လွတ် ၏။ ထိုကြောင့် ၊ မိမိလင် မသေမှီအခြား သော သူ ၏ မယားဖြစ် လျှင် ၊ မျောက်မထား သောမိန်းမဟု ခေါ် ထိုက် ၏။ လင် သေ လျှင် မူကား ၊ ထို တရား နှင့် လွတ် သည်ဖြစ် ၍၊ အခြား သောသူ၏ မယား ဖြစ် သော်လည်း၊ မျောက်မထား သောမိန်းမဟု ခေါ်စရာအကြောင်းမ ရှိ ထိုနည်းတူ၊ ငါ ညီအစ်ကို တို့၊ သင် တို့သည် အခြား သောသူတည်းဟူသော၊ သေ ခြင်းမှ ထမြောက် တော်မူသောသူ ၏မယားဖြစ် ၍၊ ဘုရားသခင် ၏ အလိုတော်နှင့်အညီတိုးပွား မည်အကြောင်း ၊ ခရစ်တော် ၏ ကိုယ်ခန္ဓါ အားဖြင့် သေ ၍ ပညတ် တရားနှင့်ကွာကြ၏။ ငါတို့သည် ဇာတိ ပကတိ၌ ကျင်လည် သောအခါ ၊ အပြစ် နှင့် စပ်ဆိုင်သောစိတ်တို့သည် ပညတ် တရား အားဖြင့် ပေါက်၍ သေ ခြင်းတရား၏အလို နှင့်အညီ တိုးပွား မည်အကြောင်း ၊ ငါ တို့၏ကိုယ်အင်္ဂါ များ၌ ပြုပြင် ကြ၏။ ယခု မူကား ၊ ကျမ်းစာ၌ပါသော တရား ဟောင်း ကို မ မှီဘဲ၊ ဝိညာဉ် တော်တရားသစ် ကို မှီ ၍ အမှု ဆောင်ရွက်ခြင်းအလိုငှာ ၊ ငါတို့သည် အသေ သဖြင့် အုပ်ချုပ် သောပညတ် တရား၏လက်မှ လွတ် ခြင်းသို့ ရောက်ကြပြီ။ သို့ဖြစ်၍ အဘယ်သို့ ပြော ရမည်နည်း။ ပညတ် တရား၌ အပြစ် ရှိသလော။ အပြစ်မ ရှိ နိုင်ရာ။ သို့ရာတွင် ပညတ် တရားအားဖြင့် သာ အပြစ် သဘောကို ငါသိ ရ၏။ အဘယ်သို့နည်းဟူမူကား ၊ လောဘ စိတ်မ ရှိစေနှင့်ဟု ပညတ် တရားမ ဆို လျှင် ၊ လောဘ သဘောကိုငါမ သိ အပြစ် တရားသည် ပညတ် တရားအားဖြင့် အခွင့် ရ ၍၊ ငါ ၌ အမျိုးမျိုး သော လောဘ တို့ကို ဖြစ် စေ၏။ ပညတ် တရားမ ရှိလျှင် ၊ အပြစ် တရားသေ ၏။ အထက် ကပညတ် တရားမ ရှိသဖြင့် ၊ ငါ သည် အသက် ရှင်၏။ ပညတ် တရားပေါ် သောအခါအပြစ် တရားသည် ရှင်ပြန် ၏။ ငါ လည်း သေ ၏။ 10  အသက် ရှင်ခြင်းနှင့်ဆိုင်သော ပညတ် တရား သည် သေ ခြင်းနှင့် ဆိုင်သည်ကို ငါ တွေ့ ၏။ 11  အပြစ် တရားသည်ပညတ် တရားအားဖြင့် အခွင့် ရ လျှင်၊ ငါ့ ကို လှည့်ဖြား ၍ ထိုတရား အားဖြင့် ငါ့ကို သတ် လေ၏။ 12  ထိုကြောင့် ၊ တရား တော်သည်သန့်ရှင်း ခြင်းရှိ၏။ ပညတ် တရားလည်း သန့်ရှင်း ခြင်း၊ ဖြောင့်မတ် ခြင်း၊ ကောင်းမြတ် ခြင်းရှိ၏။ 13  သို့ဖြစ်လျှင် ကောင်းမြတ် သောအရာသည် ငါ ၌သေ ခြင်းအကြောင်း ဖြစ် သလော။ မ ဖြစ် နိုင်ရာ။ အပြစ် တရားသည် မိမိသဘောကို ထင်ရှား စေခြင်းငှာ ကောင်းမြတ် သောအရာအားဖြင့် ငါ ၌သေ ခြင်းကို ပြု ၍ သေ ခြင်းအကြောင်းဖြစ်၏။ ထိုသို့ဖြစ်သောကြောင့် အပြစ် တရားသည် ပညတ် တော်အားဖြင့် အလွန် အပြစ် နှင့်ပြည့်စုံခြင်းရှိ သတည်း။ 14  ထိုမှတပါး၊ပညတ် တရားသည် ဝိညာဉ် ပကတိနှင့် စပ်ဆိုင် သည်ကို ငါတို့သိ ကြ၏။ ငါ မူကား ဇာတိ ပကတိရှိ ၏။ အပြစ် တရားလက် ၌ ကျေးကျွန်ဖြစ်၏။ 15  အကြောင်းမူကား ၊ ငါသည်ကိုယ်ကျင့် သော အကျင့်ကို မ နှစ်သက် ။ ကျင့်ချင် သော အကျင့် ကိုမ ကျင့် ၊ ရွံ့ရှာ သော အကျင့် ကို ကျင့် ၏။ 16  ထိုသို့ ငါသည် မ ကျင့်ချင် သောအကျင့် ကို ကျင့် လျှင် ၊ ပညတ် တရားဖြောင့် သည်ဟု ငါဝန်ခံ ၏။ 17  သို့ဖြစ်လျှင် ၊ ထို မကောင်းသောအကျင့်ကို ငါ့ ကိုယ်တိုင်ကျင့် သည်မ ဟုတ်။ ငါ့ အထဲ ၌နေ သော အပြစ် တရားသည် ကျင့်၏။ 18  ငါ့ အထဲ မှာ ငါ့ ဇာတိ ပကတိ၌ ကောင်း သော အရာတစ်စုံတစ်ခုမျှ မ တည် သည်ကို ငါသိ ၏။ အကြောင်းမူကား ၊ ငါ သည်ကျင့်ချင်သော စိတ် ရှိ သော်လည်း ၊ ကောင်း စွာကျင့် တတ်သောအခွင့်ကိုရှာ၍ မ တွေ့နိုင်။ 19  ငါသည် ကျင့် ချင် သော အကျင့်ကောင်း ကို မ ကျင့်။ မ ကျင့်ချင် သော အကျင့်ဆိုး ကိုကျင့် ၏။ 20  ထိုသို့ ငါ သည်မ ကျင့်ချင် သောအကျင့်ကို ကျင့် လျှင် ၊ ငါ ကိုယ်တိုင်ကျင့် သည်မ ဟုတ်။ ငါ့ အထဲ ၌နေ သော အပြစ် တရားသည်ကျင့်၏။ 21  ထိုသို့ ကောင်း သော အကျင့်ကိုငါ ကျင့် ချင်သောအခါ၊ မကောင်း သောအကျင့်ကို ကျင့် စေတတ်သော တရား ကို ငါတွေ့ ၏။ 22  ငါသည် အတွင်း လူ အားဖြင့် ဘုရားသခင် ၏ ပညတ် တရားတော်တို့ နှစ်သက်၏ 23  သို့သော်လည်း ငါ့ ကိုယ်အင်္ဂါ များ၌ ရှိသော တရား တစ်ပါးသည် စိတ် ဝိညာဉ်တရား ကို ပြိုင်ဆိုင် တိုက်လှန်သဖြင့် ၊ ငါ့ ကိုယ်အင်္ဂါ များ၌ ရှိ သော အပြစ် တရား လက် သို့ ငါ့ ကိုဘမ်း သွားအပ်နှံသည်ကို ငါမြင် ၏။ 24  ငါသည်ငြိုငြင် သောသူ ဖြစ် ပါသည်တကား၊ ဤ အသေ ကောင် မှ ငါ့ ကို အဘယ်သူ ကယ်လွှတ် မည်နည်း။ 25  ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ကယ်လွှတ်တော်မူသောဘုရားသခင် ၏ကျေးဇူး တော်ကြီးလှပေ၏။ ထိုသို့စိတ် ဝိညာဉ်အားဖြင့် ဘုရားသခင် ၏ တရား တော် အလိုသို့၎င်း၊ ဇာတိ ပကတိအားဖြင့် အပြစ် တရား အလိုသို့၎င်း၊ ငါ လိုက် တတ်၏။