21
လေဝိအနွယ်ဝင်တို့၏မြို့များ
1-2 လေဝိအနွယ်မိသားစုခေါင်းဆောင်တို့သည် ခါနာန်ပြည်၊ ရှိလောမြို့နေယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သားယောရှုနှင့်ဣသရေလ အနွယ်အပေါင်းတို့၏မိသားစုအကြီးအကဲ တို့ထံသို့ချဉ်းကပ်၍``ထာဝရဘုရားသည် အကျွန်ုပ်တို့နေထိုင်ရန်မြို့များနှင့်အကျွန်ုပ် တို့၏သိုးနွားများအတွက် ယင်းမြို့များပတ် ဝန်းကျင်ရှိစားကျက်များကိုသတ်မှတ်ပေး ရမည်ဟူ၍ မောရှေမှတစ်ဆင့်မိန့်မှာတော် မူခဲ့ပါသည်'' ဟုလျှောက်ထားကြ၏။-✡ တော၊ ၃၅:၁-၈။ 3 ထို့ကြောင့်ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း မိမိတို့ရရှိသောနယ်မြေထဲမှမြို့များ နှင့်စားကျက်များကိုလေဝိအနွယ်ဝင်တို့ အားခွဲဝေသတ်မှတ်ပေးကြလေသည်။
4 လေဝိအနွယ်ဝင်ကောဟတ်သားချင်းစုတို့ အတွက် မြို့များကိုဦးစွာခွဲဝေသတ်မှတ် ပေးကြသည်။ ထိုသို့ခွဲဝေပေးရာ၌ယဇ် ပုရောဟိတ်အာရုန်မှဆင်းသက်သောလေဝိ အနွယ်ဝင်တို့အတွက် မြို့တစ်ဆယ့်သုံးမြို့ ကိုယုဒနယ်မြေ၊ ရှိမောင်နယ်မြေ၊ ဗင်္ယာမိန် နယ်မြေထဲမှသတ်မှတ်ပေးကြသည်။- 5 ကျန်ရှိနေသောကောဟတ်သားချင်းစုတို့ အတွက်မြို့ဆယ်မြို့ကိုဧဖရိမ်နယ်မြေ၊ ဒန် နယ်မြေ၊ အနောက်ဘက်မနာရှေနယ်မြေ ထဲမှသတ်မှတ်ပေးကြသည်။
6 ဂေရရှုံသားချင်းစုတို့အတွက်မြို့တစ်ဆယ့် သုံးမြို့ကိုဣသခါနယ်မြေ၊ အာရှာနယ်မြေ၊ နဿလိနယ်မြေ၊ အရှေ့မနာရှေနယ်မြေထဲ မှသတ်မှတ်ပေးကြသည်။
7 မေရာရိသားချင်းစုတို့အတွက်မြို့တစ်ဆယ့် နှစ်မြို့ကိုရုဗင်နယ်မြေ၊ ဂဒ်နယ်မြေ၊ ဇာဗုလုန် နယ်မြေထဲမှသတ်မှတ်ပေးကြလေသည်။
8 ထာဝရဘုရားသည်မောရှေမှတစ်ဆင့်မိန့် မှာတော်မူသည့်အတိုင်းဣသရေလအမျိုး သားတို့သည်မဲချ13 * မဲချ။ ၁၄:၂ ကိုကြည့်ပါ။ ၍ဤမြို့များနှင့်စားကျက်များကိုလေဝိ အနွယ်ဝင်တို့အတွက်သတ်မှတ်ပေးလေသည်။
9-10 လေဝိအနွယ်ဝင်ကောဟတ်၏သားချင်းစု ဖြစ်သည့်အာရုန်သားမြေးတို့အတွက်ဦးစွာ မဲကျသဖြင့် ယုဒနှင့်ရှိမောင်တို့နယ်မြေထဲမှ မြို့များကိုသတ်မှတ်ပေးကြ၏။- 11 ယုဒနယ်မြေတောင်ကုန်းဒေသရှိယခုအခါ ဟေဗြုန်မြို့ဟုနာမည်တွင်သောအာဘမြို့(အာဘ သည်အာနက၏အဖဖြစ်၏) နှင့်တကွပတ်ဝန်း ကျင်ရှိစားကျက်များကိုသူတို့အားပေးကြ၏။- 12 သို့ရာတွင်မြို့ပတ်ဝန်းကျင်ရှိလယ်ကွင်းများ နှင့် ကျေးရွာများကိုယေဖုန္နာ၏သားကာလက် အားအပိုင်ပေးခဲ့ပြီးဖြစ်သည်။- 13 အာရုန်၏သားမြေးတို့အားသတ်မှတ်ပေး သောမြို့များမှာဟေဗြုန်မြို့(ခိုလှုံရာမြို့တစ်မြို့) အပြင်လိဗနမြို့၊- 14-15 ယတ္တိရမြို့၊ ဧရှတေမောမြို့၊- ဟောလုန်မြို့၊ ဒေဗိရမြို့၊- 16 အဣနမြို့၊ ယုတ္တမြို့၊ ဗက်ရှေမက်မြို့များနှင့်တကွ ယင်းတို့၏ပတ်ဝန်းကျင်ရှိစားကျက်များဖြစ်၏။ ဖော်ပြပါကိုးမြို့တို့ကိုယုဒပြည်နယ်နှင့် ရှိမောင်ပြည်နယ်တို့မှသတ်မှတ်ပေးခြင်းဖြစ်၏။
17 ဗင်္ယာမိန်၏နယ်မြေမှသူတို့အားဂိဗောင်မြို့၊ ဂေဗမြို့၊- 18 အာနသုတ်မြို့၊ အာလမုန်မြို့စသည့်မြို့လေး မြို့နှင့်တကွ ယင်းတို့၏ပတ်ဝန်းကျင်ရှိစား ကျက်များကိုသတ်မှတ်ပေးလေသည်။
19 သို့ဖြစ်၍အာရုန်၏အဆက်အနွယ်ယဇ်ပုရော ဟိတ်တို့အား မြို့ပေါင်းတစ်ဆယ်သုံးမြို့နှင့်ယင်း တို့၏ပတ်ဝန်းကျင်ရှိစားကျက်များကိုသတ် မှတ်ပေးလေသည်။
20 လေဝိအနွယ်ဝင်ကောဟတ်၏ကျန်သောသား ချင်းစုတို့အား ဧဖရိမ်နယ်မြေထဲမှမြို့ အချို့ကိုသတ်မှတ်ပေးသည်။- 21 သူတို့သည်ဧဖရိမ်တောင်ကုန်းဒေသတွင်ရှိ သောရှေခင်မြို့(ခိုလှုံရာမြို့တစ်မြို့၊) ဂေဇာမြို့၊- 22 ကိဗဇိမ်မြို့၊ ဗေသောရုန်မြို့စသည့်မြို့လေး မြို့နှင့်ပတ်ဝန်းကျင်ရှိစားကျက်များကိုရ ရှိကြသည်။- 23 သူတို့သည်ဒန်နယ်မြေထဲမှဧလတေက မြို့၊ ဂိဗ္ဗသုန်မြို့၊- 24 အာဇလုန်မြို့၊ ဂါသရိမ္မုန်မြို့ စသည့်မြို့လေး မြို့နှင့်ပတ်ဝန်းကျင်ရှိစားကျက်များကိုရရှိ ကြသည်။- 25 သူတို့သည်အနောက်မနာရှေနယ်မြေမှမြို့နှစ် မြို့ကိုရရှိကြသည်။ ယင်းတို့မှာပတ်ဝန်းကျင် ရှိစားကျက်များအပါအဝင်တာနက်မြို့နှင့် ဂါသရိမ္မုန်မြို့များဖြစ်သည်။- 26 သို့ဖြစ်၍ကျန်သောကောဟတ်သားချင်းစုသည် မြို့ကြီးစုစုပေါင်းဆယ်မြို့နှင့်ပတ်ဝန်းကျင်ရှိ စားကျက်များကိုရရှိကြလေသည်။
27 လေဝိအနွယ်ဝင်ဂေရရှုံ၏သားချင်းစုတို့ သည်အရှေ့မနာရှေနယ်မြေမှမြို့နှစ်မြို့ ကိုရရှိကြ၏။ ၎င်းတို့မှာပတ်ဝန်းကျင်ရှိ စားကျက်များအပါအဝင်ဗာရှန်ပြည်ရှိ ဂေါလန်မြို့(ခိုလှုံရာမြို့တစ်မြို့) နှင့်ဗေရှ တေရမြို့တို့ဖြစ်သည်။- 28 သူတို့သည်ဣသခါနယ်မြေမှမြို့လေးမြို့ ကိုရရှိကြ၏။ ယင်းတို့မှာပတ်ဝန်းကျင်ရှိ စားကျက်များအပါအဝင်ကိရှုန်မြို့၊ ဒါ ဗရေမြို့၊- 29 ယာမုတ်မြို့နှင့်အင်္ဂေန္နမ်မြို့တို့ဖြစ်ကြ၏။- 30 သူတို့သည်အာရှာနယ်မြေထဲမှမြို့လေးမြို့ ကိုရရှိကြ၏။ ယင်းတို့မှာပတ်ဝန်းကျင်ရှိစား ကျက်များအပါအဝင်မိရှလမြို့၊ အာဗဒုန် မြို့၊- 31 ဟေလကတ်မြို့နှင့်ရဟောဘမြို့တို့ဖြစ်ကြ၏။- 32 သူတို့သည်နဿလိနယ်မြေမှမြို့သုံးမြို့ကို ရရှိကြ၏။ ယင်းတို့မှာပတ်ဝန်းကျင်ရှိစား ကျက်များအပါအဝင်ဂါလိလဲပြည်ရှိ ကေဒေရှမြို့(ခိုလှုံရာမြို့တစ်မြို့၊) ဟမ္မုဒ္ဒေါမြို့၊ ကာတံမြို့တို့ဖြစ်ကြ၏။- 33 သို့ဖြစ်၍ဂေရရှုံ၏သားချင်းစုသည်မြို့ ပေါင်းတစ်ဆယ့်သုံးမြို့နှင့် ယင်းတို့၏ပတ်ဝန်း ကျင်ရှိစားကျက်များကိုရရှိကြလေသည်။
34 ကျန်ရှိနေသောလေဝိအနွယ်ဝင်ဖြစ်သည့်မေရာ ရိသားချင်းစုတို့သည် ဇာဗုလုန်နယ်မြေမှမြို့ လေးမြို့ကိုရရှိကြ၏။ ယင်းတို့မှာပတ်ဝန်းကျင် ရှိစားကျက်များအပါအဝင်ယောကနံမြို့၊ ကာတမြို့၊- 35 ဒိမနမြို့၊ နဟာလာလမြို့တို့ဖြစ်ကြ၏။
36 သူတို့သည်ရုဗင်နယ်မြေမှမြို့လေးမြို့ကိုရရှိ ကြ၏။ ယင်းတို့မှာပတ်ဝန်းကျင်ရှိစားကျက် များအပါအဝင်ဗေဇာမြို့၊ ယဟာဇာမြို့၊- 37 ကေဒမုတ်မြို့၊ မေဖတ်မြို့တို့ဖြစ်ကြ၏။
38-39 သူတို့သည်ဂဒ်နယ်မြေမှမြို့လေးမြို့ကိုရရှိ ကြ၏။ ယင်းတို့မှာပတ်ဝန်းကျင်ရှိစားကျက် များအပါအဝင်ဂိလဒ်ပြည်ရှိရာမုတ်မြို့(ခို လှုံရာမြို့တစ်မြို့၊) မဟာနိမ်မြို့၊ ဟေရှဘုန်မြို့၊ ယာဇာမြို့တို့ဖြစ်ကြ၏။- 40 သို့ဖြစ်၍မေရာရိသားချင်းစုသည်မြို့ပေါင်း တစ်ဆယ့်နှစ်မြို့ကိုရရှိကြသည်။
41-42 အချုပ်အားဖြင့်ဆိုသော်ဣသရေလအမျိုးသား တို့ပိုင်သောပြည်ထဲမှမြို့ပေါင်းလေးဆယ့်ရှစ်မြို့ နှင့်တကွ ပတ်ဝန်းကျင်ရှိစားကျက်များကိုလေဝိ အနွယ်ဝင်တို့အားခွဲဝေသတ်မှတ်ပေးကြ၏။
ဣသရေလအမျိုးသားတို့သည် တစ်ပြည်လုံးကိုသိမ်းပိုက်ခြင်း
43 ဤကဲ့သို့ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့၏ဘိုးဘေးတို့အားပေးမည်ဟု ကတိထားတော်မူသောပြည်တစ်ပြည်လုံးကို သူတို့အားပေးတော်မူ၏။ သူတို့သည်ထိုပြည် ကိုသိမ်းပိုက်၍အခြေစိုက်နေထိုင်ကြလေ သည်။- 44 ထာဝရဘုရားသည်သူတို့၏ဘိုးဘေးတို့အား ကတိထားတော်မူသည့်အတိုင်းတစ်ပြည်လုံး တွင်ငြိမ်းချမ်းသာယာမှုရှိလေ၏။ ထာဝရ ဘုရားသည်ဣသရေလအမျိုးသားတို့အား ရန်သူရှိသမျှတို့ကိုတိုက်ခိုက်အောင်မြင် စေတော်မူ၏။ မည်သည့်ရန်သူကမျှသူတို့ ကိုမခုခံနိုင်။- 45 ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အား ထားတော်မူသောကတိတော် ရှိသမျှအတိုင်းပြုတော်မူသတည်း။