13
1 တဖန် ဒါဝိဒ် သည် လူတထောင် အုပ် ၊ တရာ အုပ် အစရှိသော အကြီးအကဲ အပေါင်း တို့နှင့် တိုင်ပင် ပြီးလျှင်၊ 2 ဣသရေလ အမျိုး ပရိသတ် အပေါင်း တို့အား ၊ သင်တို့သည် အလိုရှိ၍ ငါ တို့၏ဘုရားသခင် ထာဝရဘုရား အခွင့်ပေးတော်မူလျှင် ၊ ဣသရေလ နိုင်ငံအရပ်ရပ် ၌ ကျန်ကြွင်း သေးသော ငါ တို့ညီအစ်ကို များ၊ မြို့ နှင့်မြို့နယ် ၌ နေသောယဇ်ပုရောဟိတ် ၊ လေဝိ သားများတို့သည် ငါ တို့ နှင့်အတူ စည်းဝေး စေခြင်းငှါအနှံ့အပြား စေလွှတ် ကြကုန်အံ့။ 3 ငါ တို့၏ဘုရားသခင် သေတ္တာ တော်ကို တဖန် ဆောင်ခဲ့ကြကုန်အံ့။ ရှောလု လက်ထက် ၌ ထိုသေတ္တာ တော်ရှေ့မှာ မေးမြန်း လေ့မ ရှိပါတကားဟု မိန့်တော်မူသောစကားကို၊ 4 စည်းဝေးသော ပရိသတ် အပေါင်း တို့သည် နှစ်သက် သောကြောင့် ၊ အမိန့်တော်အတိုင်းပြု ပါမည်ဟု ဝန်ခံ ကြ၏။ 5 ထိုသို့ဒါဝိဒ် သည် ဘုရားသခင် ၏ သေတ္တာ တော် ကို၊ ကိရယတ်ယာရိမ် မြို့မှ ဆောင် ခဲ့ခြင်းငှါ အဲဂုတ္တု ပြည် အနား၊ ရှိဟောရ မြစ်မှစ၍ ဟာမတ် မြို့လမ်းဝတိုင်အောင် နေသောဣသရေလ အမျိုးသားအပေါင်း တို့ကို စုဝေး စေပြီးလျှင်၊ 6 ခေရုဗိမ် ကြားမှာ ကျိန်းဝပ် တော်မူသောထာဝရဘုရား ၏နာမ တော်နှင့်ဆိုင်သော ဘုရားသခင် ၏ သေတ္တာ တော်ကို ဆောင် ခဲ့ခြင်းငှါ ၊ ဣသရေလ အမျိုးသားအပေါင်း တို့နှင့်တကွ၊ ယုဒ ပြည်ကိရယတ်ယာရိမ် မြို့တည်းဟူသော ဗာလာ မြို့သို့ သွား လေ၏။ 7 ဘုရားသခင် ၏ သေတ္တာ တော်ကို လှည်း သစ် ပေါ် မှာတင်၍ အဘိနဒပ် အိမ် ထဲက ထုတ် ကြ၏။ ဩဇ နှင့် အဟိဩ သည်လှည်း ကို နှင် ကြ၏။ 8 ဒါဝိဒ် နှင့် ဣသရေလ အမျိုးသားအပေါင်း တို့ သည် သီချင်း ဆိုလျက် စောင်း ၊ တယော ၊ ပတ်သာ ၊ နှဲခရာ၊ ခွက်ကွင်း ၊ တံပိုး တို့ကို ကိုင်လျက် ထာဝရဘုရားရှေ့တော်၌ အား ထုတ်၍ တီးမှုတ် ကြ၏။ 9 ခိဒုန် ကောက်နယ်တလင်းသို့ ရောက် သောအခါ ၊ နွား တို့သည် ဘုရားသခင်၏ သေတ္တာ တော်ကို လှုပ်ရှား သောကြောင့် ၊ ဩဇ သည်လက် ကိုဆန့် ၍ သေတ္တာတော် ကို ကိုင် ၏။ 10 ထိုသို့ သေတ္တာ တော်ကို ကိုင် သောကြောင့် ၊ ထာဝရဘုရား သည် ဩဇ ကို အမျက် ထွက် ၍ ၊ ဒဏ်ခတ် တော်မူသဖြင့် ၊ ဩဇသည် ဘုရားသခင် ရှေ့ တော်၌ သေ လေ၏။ 11 ဩဇ ကို ထာဝရဘုရား ဒဏ်ခတ် တော်မူသောကြောင့် ဒါဝိဒ် သည် ညှိုးငယ် သောစိတ်ရှိ၏။ ထို အရပ် သည် ယနေ့ တိုင်အောင် ပေရဇောဇ အမည် ဖြင့် တွင် သတည်း။ 12 ထို နေ့ ၌ ဒါဝိဒ် သည် ဘုရားသခင် ကို ကြောက် ၍ ၊ ဘုရားသခင် ၏ သေတ္တာ တော်ကို အဘယ်ကြောင့်ငါ့ ထံသို့ ဆောင် ခဲ့ရမည်နည်းဟုဆို လျက်၊ 13 မိမိနေရာဒါဝိဒ် မြို့ ထဲသို့ သေတ္တာ တော်ကို မ ဆောင် ဘဲ ဂိတ္တိ လူဩဗဒေဒုံ အိမ် သို့ လွှဲ ၍ ဆောင်သွားလေ၏။ 14 ဘုရားသခင် ၏သေတ္တာ တော်သည် သုံး လ ပတ်လုံး၊ ဩဗဒေဒုံ အိမ် တွင် အိမ်သူ အိမ်သားများဆီမှာ ရှိ ၏။ ထာဝရဘုရား သည် ဩဗဒေဒုံ နှင့် အိမ်သူ အိမ်သား အပေါင်း တို့ကို ကောင်းကြီး ပေးတော်မူ၏။