5
1 ယေရှု သည် ခရစ်တော် ဖြစ် တော်မူသည်ကို ယုံကြည် သောသူ မည်သည်ကား ၊ ဘုရားသခင် ဖြစ်ဘွား စေတော်မူသောသူဖြစ်၏။ အဘကိုချစ်သောသူသည် သားကိုလည်းချစ်တတ်သည်နှင့်အညီ၊ 2 ငါတို့သည် ဘုရားသခင် ကိုချစ် ၍၊ ပညတ် တော်တို့ကို စောင့် ကြည့်လျှင်၊ ဘုရားသခင် ၏သား တို့ကို ချစ် ကြသည်ကို ငါတို့သိ ရကြ၏။ 3 ပညတ် တော်တို့ကို စောင့် ခြင်းအရာသည် ဘုရားသခင် ကိုချစ် ရာရောက် ၏။ ပညတ် တော်တို့ကို စောင့် ခဲ သည်မ ဟုတ်။ 4 ဘုရားသခင် ၏သား ဖြစ်သောသူ မည်သည်ကား၊ လောက ကို အောင် တတ်၏။ လောက ကို အောင် ခြင်း အကြောင်းမူကား၊ ငါ တို့၏ ယုံကြည် ခြင်းပေတည်း။ 5 ယေရှု သည် ဘုရားသခင် ၏ သား တော်ဖြစ် သည်ကို ယုံကြည် သောသူ မှတပါး ၊ အဘယ်သူ သည်လောက ကို အောင် နိုင်သနည်း ။ 6 ထိုသခင် ကား ၊ ရေ အားဖြင့် ၎င်း ၊ အသွေး အားဖြင့်၎င်း ကြွလာ သောသူ တည်းဟူသောယေရှု ခရစ် ပေတည်း။ ရေ အားဖြင့် သာ မ ဟုတ်၊ ရေ အားဖြင့် ၎င်း ၊ အသွေး အားဖြင့် ၎င်း ကြွလာတော်မူ၏။ သက်သေခံ ဟူမူကား၊ ဝိညာဉ် တော်သည် သမ္မာတရား ဖြစ် ၍ သက်သေခံတော်မူ၏။ 7 သို့ဖြစ်လျှင် ၊ ကောင်းကင်ဘုံ၌ ခမည်းတော်တစ်ပါး နှုတ်ကပတ်တော်တစ်ပါး၊ သန့်ရှင်းသော ဝိညာဉ်တော်တစ်ပါး၊ သက်သေခံ သုံး ပါးရှိ ၍ ထိုသုံး ပါးတို့သည် တလုံးတဝတည်း ဖြစ် တော်မူ၏။ 8 မြေကြီးပေါ်၌လည်း ဝိညာဉ် တော်တစ်ပါး၊ ရေ တစ်ပါး၊ အသွေး တစ်ပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါး တို့သည် တစ်ညီတစ်ညွတ်တည်းဖြစ်၏။ 9 လူ ၏သက်သေ ကိုယုံ ရလျှင် ၊ ဘုရားသခင် ၏ သက်သေ တော်ကိုသာ၍ ယုံဘွယ်ရာအကြောင်း ရှိ ၏။ ယခု ဆိုခဲ့ပြီးသော သက်သေ ကား၊ ဘုရားသခင် သည် မိမိ သား တော်၏အကြောင်း ကို သက်သေခံ တော်မူချက်ဖြစ် သတည်း။ 10 ဘုရားသခင် ၏သား တော်ကို ယုံကြည် သောသူ သည်၊ မိမိ အထဲ ၌ ထိုသက်သေ ကိုရ ၏။ ဘုရားသခင် ကို မ ယုံကြည် သောသူ မူကား၊ ဘုရားသခင် ကို မုသာ အပြစ်တင် ၏။ အဘယ်သို့ နည်းဟူမူကား၊ ဘုရားသခင် သည် မိမိ သား တော်၏အကြောင်း မှာ သက်သေခံ တော်မူသောစကားတော်ကို ထိုသူသည် မ ယုံ ဘဲနေ၏။ 11 သက်သေခံ တော်မူချက်ဟူမူကား၊ ဘုရားသခင် သည် ငါ တို့အား ထာဝရ အသက် ကိုပေး တော်မူ၍ ၊ ထို အသက် သည်လည်း သား တော်၌ ပါ၏ ။ 12 သား တော်ကိုရ သောသူ သည် အသက် ကိုရ ၏။ ဘုရားသခင် ၏သား တော်ကို မ ရ သောသူ မူကား အသက် ကိုမ ရ ။ 13 ဘုရားသခင် ၏သား တော်ကို ယုံကြည် သောသင်တို့သည် ထာဝရ အသက် ကိုကိုယ်တိုင်ရ သည်ဟု သိ စေခြင်းငှာ ၊ ဤအရာ များကို သင် တို့အား ငါရေး ၍ပေးလိုက်၏။ 14 ငါ တို့သည် ဘုရားသခင့် အထံ တော်၌ ရဲရင့် ခြင်းအကြောင်း ဟူမူကား၊ ငါတို့သည်အလို တော်နှင့်အညီ တစ်စုံတစ်ခု သောဆုကိုတောင်း လျှင် ၊ ဘုရားသခင် သည် နားထောင် တော်မူ၏။ 15 ဆုတောင်း သမျှ သောစကားတို့ကို နားထောင် တော်မူသည်ကို ငါတို့သိ လျှင် ၊ အထံ တော်၌ တောင်း သောဆုတို့ကို ရ မည်ဟုသိ ရကြ၏။ 16 ညီအစ်ကို ချင်းသည် သေ ပြစ်မ သင့် သောဒုစရိုက် ကို ပြု မိသည်ကို တစ်စုံတစ်ယောက် သောသူသည် မြင် လျှင် ၊ ထိုသူသည် ဆုတောင်း ရမည်။ သေ ပြစ် ကို မ ပြု သောသူ တို့အဘို့အလိုငှာ၊ ဘုရားသခင်သည် ထိုသူ အား အသက် ကိုပေး တော်မူမည်။ သေ ပြစ်သင့် သောဒုစရိုက် ရှိ ၏။ ထိုဒုစရိုက် အပြစ်ကို လွှတ်စေခြင်းငှာ ဆုတောင်း ရမည်ဟုငါမ ဆို ။ 17 မတရား သောအမှုမည်သည်ကား ဒုစရိုက် ဖြစ် ၏။ သို့သော်လည်း သေ ပြစ်မ သင့် သောဒုစရိုက် ရှိ ၏။ 18 ဘုရားသခင် ၏သား ဖြစ်သမျှ သောသူတို့သည် ဒုစရိုက် ကိုမ ပြုတတ်သည်ကို ငါတို့သိ ကြ၏။ ဘုရားသခင် ဖြစ်ဘွား စေတော်မူသောသူ သည်၊ မိမိ ကိုမိမိစောင့်ရှောက် သဖြင့် ၊ မာရ်နတ် သည်ထိုသူ ကို မ ထိ မခိုက်နိုင်ရာ။ 19 ငါတို့သည် ဘုရားသခင် နှင့်စပ်ဆိုင် သည်ကို၎င်း ၊ လောကီသား အပေါင်း တို့သည် မာရ်နတ် ၏လက်၌ ရှိကြသည်ကို၎င်း ငါတို့သိ ကြ၏။ 20 ဘုရားသခင် ၏သား တော်သည်ကြွလာ ၍ ၊ မှန် သောဘုရားသခင်ကို သိသောဉာဏ် ကို ငါ တို့အား ပေး တော်မူသည်ကိုလည်း ငါတို့သိ ကြ၏။ မှန် သောဘုရားသခင်၌ ၎င်း ၊ သား တော်ယေရှု ခရစ် ၌ ၎င်းငါတို့သည် တည်လျက်ရှိ ကြ၏။ ထိုသူ သည်မှန် သော ဘုရားသခင် ဖြစ်တော်မူ၏။ ထာဝရ အသက် လည်း ဖြစ် တော်မူ၏။ 21 ချစ်သား တို့၊ ရုပ်တု ဆင်းတုကို ကြဉ်ရှောင် ကြလော့။