3
1 ထို အကြောင်းကြောင့် ငါ ပေါလု သည် ယေရှု ခရစ် နှင့် စပ်ဆိုင်သောအားဖြင့် အကျဉ်း ခံရ၏။ 2 သင် တို့အကျိုးကို ထောက် ၍ ငါ့ အားအပ်ပေး တော်မူသောဘုရားသခင် ၏ကျေးဇူး တော်သာသနာ ကို သင်တို့ကြားသိ ရသည်နှင့်အညီ၊ တစ်ပါး အမျိုးသားဖြစ်သော သင် တို့အတွက် ကြောင့် ငါခံရ၏။ 3 ကျေးဇူးတော်သာသနာကို အပ်ပေးသည် အကြောင်းဟူမူကား ၊ ငါသည်အထက် က အနည်းငယ် ရေးထားခဲ့သည်အတိုင်း ၊ ဘုရားသခင်သည် ဗျာဒိတ် တော်အားဖြင့် နက်နဲ သောအရာကို ငါ့ အားပြ တော်မူ၏။ 4 ထိုစကား ကိုဘတ်ရွတ် လျှင် ၊ ခရစ်တော် ၏ နက်နဲ သောအရာ၌ ငါ လေ့ကျက် သည်ကို သင်တို့သည် သိ ရ ကြ မည်။ 5 ထိုနက်နဲသောအရာကိုသန့်ရှင်း သော တမန်တော် တို့နှင့် ပရောဖက် တို့အား၊ ယခု ကာလ၌ ဝိညာဉ် တော်အားဖြင့် ဖွင့်လှစ် တော်မူသည်နည်းတူ ၊ အခြား သော ကာလတို့၌ လူမျိုး တို့အား ပြ တော်မ မူ။ 6 ထိုနက်နဲသောအရာဟူကား၊ တစ်ပါး အမျိုးသားတို့သည် ဧဝံဂလိ တရားအားဖြင့် ယုဒလူမျိုးတို့နှင့်အတူ အမွေခံ၍ ၊ တစ်လုံးတစ်ဝ တစ်ကိုယ်တည်းဖြစ် လျက်၊ ခရစ်တော် နှင့် ဆိုင်သောဂတိ တော်ကို ဆက်ဆံကြရသတည်း။ 7 တန်ခိုး တော်ပြုပြင် သောအားဖြင့် ငါ့ အားပေး သနားတော်မူသော ဘုရားသခင် ၏ ကျေးဇူး တော်ကို ခံရ သည်နှင့်အညီ ၊ ထိုတရားကို ဟောပြောသောဆရာ ၏ အဖြစ်သို့ ငါရောက် ရပြီ။ 8 စစ် ၍မကုန်နိုင်သော ခရစ်တော် ၏ ကြွယ်ဝ ပြည့်စုံခြင်း၏ ဧဝံဂေလိ တရားကို တစ်ပါး အမျိုးသားတို့အား ဟောပြောခြင်းငှာ၎င်း၊ အလုံးစုံ တို့ကို ယေရှု ခရစ်အားဖြင့် ဖန်ဆင်း တော်မူသောဘုရားသခင် ၌ ရှေး ကပ်ကာလပတ်လုံးဝှက်ထား လျက်ရှိသော ထို နက်နဲ သောအရာနှင့် စပ်ဆိုင်သော သာသနာ သည် အဘယ်သို့ ဖြစ်သည်ကို လူအပေါင်း တို့အား ထင်ရှား စေခြင်းငှာ၎င်း ၊ 9 သန့်ရှင်း သူအပေါင်း တို့တွင် အငယ်ဆုံးသော သူထက်သာ၍ငယ် သော ငါ အားထို ကျေးဇူး တော်ကို ပေး တော်မူပြီ။ 10 အဘယ်ကြောင့်နည်းဟူမူကား၊ ငါ တို့သခင် ယေရှု ခရစ် ကို အကြောင်း ပြု၍ ထာဝရ အကြံ တော် ရှိသည်နှင့်အညီ ၊ 11 ကောင်းကင် အရပ်တို့၌ အထွဋ်အမြတ် အာဏာစက် တို့သည်၊ ဘုရားသခင် ၏ထူးဆန်း သော ပညတ် တော်ကို အသင်းတော် အားဖြင့် ယခု သိ ကြရမည် အကြောင်း တည်း။ 12 ထိုသခင် ကိုယုံကြည် ခြင်းအားဖြင့် ငါတို့သည် ရဲရင့် သောစိတ်နှင့် တိုးဝင် ၍ အသနားတော်ခံရသော အခွင့် ကိုရ ကြပြီ။ 13 ထိုကြောင့် သင် တို့၏အသရေ ကို ပြုစု ၍ သင် တို့အတွက် ကြောင့် ငါ ခံရသော ဆင်းရဲ ခြင်းကို မြင်လျှင်၊ ရွေ့လျော့ သော စိတ်မ ရှိကြပါစေနှင့်။ 14 အထက်ဆိုခဲ့ပြီးသော အကြောင်းကြောင့်၊ ကောင်းကင် ၊ မြေကြီး ပေါ်မှာ ရှိသော တစ် အိမ်ထောင်လုံး တည်းဟူသောသားတော်အပေါင်းတို့၏ အချုပ်အခြာဖြစ်တော်မူသော၊ 15 ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော် ရှေ့ မှာ ငါ သည် ဒူး ထောက် ၍ ဆုတောင်းလေ့ရှိ၏။ 16 ဆုတောင်းသောအချက်ဟူမူကား၊ ဝိညာဉ် တော်အားဖြင့် သင်တို့၏အတွင်း လူ ကို ခွန်အား နှင့် မြဲမြံ ခိုင်ခံ့စေ၍၊ 17 ယုံကြည် ခြင်းအားဖြင့် ခရစ်တော် သည် သင် တို့၏ စိတ် နှလုံးအထဲ ၌ ကျိန်းဝပ် တော်မူမည်အကြောင်း၊ ဘုန်း တော်ကြွယ်ဝ ပြည်စုံခြင်းနှင့် ညီလျော်စွာ သင် တို့အား ပေး တော်မူ၍၊ မေတ္တာ ၌ စိုက်ပျိုး ခြင်း၊ တိုက်မြစ်လည်းကျတည် ခြင်းရှိသဖြင့် ၊ 18 သင် တို့သည်သန့်ရှင်း သူအပေါင်း တို့၏ နည်းတူ ၊ အနံ အလျား အနက် အမြင့် တို့ကို ပိုင်းခြား ၍ သိခြင်းငှာ ၎င်း၊ 19 ကိုယ်ဉာဏ် နှင့် မသိနိုင်သော ခရစ်တော် ၏ မေတ္တာ တော်ကို သိ နားလည်ခြင်းငှာ၎င်း၊ သင်တို့သည် တတ်စွမ်းနိုင်သဖြင့် ဘုရားသခင် ၏ ပြည်စုံ တော်မူခြင်းရှိသမျှ နှင့်အညီပြည့်စုံ ကြပါမည်အကြောင်း ၊ ငါသည် ဆုတောင်းလေ့ရှိ၏။ 20 ငါ တို့၌ ပြုပြင်သောတန်ခိုး တော်အတိုင်း ၊ ငါတို့တောင်းပန် ကြံစည် သမျှ ထက် အလွန် ထူးခြား စွာ ပြု ခြင်းငှာတတ်နိုင် တော်မူသော ဘုရားသခင် သည်၊ 21 ယေရှု ခရစ် အားဖြင့် အသင်းတော် ၌ ကမ္ဘာ အဆက်ဆက် ဘုန်းကြီး တော်မူစေသတည်း။ အာမင် ။