4
တဖန်တုံ ၊ အချင်းလူသား ၊ အုတ် ပြားကိုယူ ၍ သင့် ရှေ့ မှာထား ပြီးလျှင် ၊ ယေရုရှလင် မြို့ ပုံကို ရေး လော့။ မြို့ ကို ဝိုင်း ၍ မြို့ ပြင် ၌ တပ် တည် လော့။ မြေရိုး ကိုလည်း ဖို့ လော့။ တပ် သားတို့ကိုလည်း ခင်းကျင်း လော့။ မြို့ ပတ်လည် တွင် ဝက်ခွ တိုင်တို့၌ တုံးတို့ကိုလည်း ဆွဲ ထားလော့။ ထိုမှတပါး ၊ သံ ပြား ကိုယူ ၍ ၊ သင် နှင့် မြို့ စပ်ကြား မှာ သံ ရိုး ဖြစ်စေခြင်းငှါ ထောင် ပြီးလျှင် ၊ မြို့ တဘက် ၌ သင် ၏မျက်နှာ ကိုထား လော့။ ထိုသို့ ဝိုင်း ထားသဖြင့် ၊ ထိုမြို့ သည်ဝိုင်း ထားခြင်းကိုခံရမည်။ ဤ သည်ကား ဣသရေလ အမျိုး အား နိမိတ် လက္ခဏာဖြစ် လိမ့်မည်။ ထိုမှတပါး ၊ သင် သည် လက်ဝဲ နံစောင်း ဖြင့် အိပ် ၍ ၊ ဣသရေလ အမျိုး ၏အပြစ် ကို ထိုနံစောင်း၌ တင် ထား လော့။ ထိုသို့ အိပ် ရသော နေ့ရက် အရေအတွက် အတိုင်း သူ တို့အပြစ် ကိုခံရ မည်။ အကြောင်း မူကား၊ အရက် သုံး ရာ ကိုး ဆယ် အရေအတွက် အတိုင်း ၊ သူ တို့အပြစ် နှင့်ယှဉ်သော နှစ် ပေါင်းကိုသင် ၏အပေါ် ၌ ငါ တင် ထားပြီ။ ထိုသို့ ဣသရေလ အမျိုး ၏ အပြစ် ကို သင်သည် ခံရ မည်။ ထို နေ့ရက်စေ့ ပြီးမှ ၊ တဖန် လက်ျာ နံစောင်း ဖြင့် အိပ် ၍၊ အရက် လေးဆယ် ပတ်လုံးယုဒ အမျိုး ၏ အပြစ် ကိုခံ ဦးလော့။ နှစ် အစား ၌ ရက် ကို ငါထား ပြီ။ သင်သည် ယေရုရှလင် မြို့ကို ဝိုင်း ထားသည် အမှုမှာ၊ မျက်နှာ ထား ၍ လက်ရုံး ကိုဆန့် လျက် ၊ မြို့ တဘက် ၌ ပရောဖက် ပြုရမည်။ ငါသည် သင့် ကို ချည်နှောင် ၍ ဝိုင်း ထားခြင်းအမှုကို ပြုရသော ကာလ မ စေ့ မှီ၊ သင် သည် တဘက် မှ တဘက် သို့ မ စောင်း ရ။ ထို မှတပါး၊ ဂျုံ ဆန်၊ မုယော ဆန်၊ ပဲ ဆန်နှစ်မျိုးနှင့် ပြောင်းဆန်၊ ကောက် ဆန်တို့ကို ယူ၍ အိုး တလုံး ၌ ရောနှော လျက်ထားရမည်။ နံစောင်း တဘက်ဖြင့် အိပ် ရသော နေ့ရက် သုံးရာ ကိုးဆယ်ပတ်လုံး၊ ထို ရောနှောသောဆန်ကို မုန့် လုပ် ၍ စား ရမည်။ 10  ထို မုန့် ကို တနေ့ တနေ့လျှင် အကျပ် နှစ်ဆယ် စီ ချိန် ၍ စား ရမည်။ 11  ရေ ကိုလည်း တနေ့ တနေ့လျှင် တဗတ် စီခြင် ၍ သောက် ရမည်။ 12  မုယော မုန့်ပြား ကို စားသကဲ့သို့စားအံ့သောငှါ၊ လူ များရှေ့ တွင် လူ ၏မစင် နှင့် ဖုတ် ရမည်။ 13  ထိုသို့ ငါနှင်ထုတ် ရာအရပ် ၊ တပါးအမျိုးသား တို့ နေရာ ၌ ၊ ဣသရေလ အမျိုး တို့သည် ညစ်ညူး သောမုန့် ကို စား ရကြမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ 14  ငါကလည်း၊ အိုအရှင် ထာဝရဘုရား ၊ အကျွန်ုပ် သည် ညစ်ညူး ခြင်းသို့ မ ရောက်ပါသေး။ အလိုလို သေ သောအကောင်၊ သားရဲ ကိုက်၍ သေသောအကောင်၊ ရွံ့ရှာဘွယ် သောအကောင်၏ အသား ကို ငယ် သော အသက်အရွယ်မှစ၍ ယခု တိုင်အောင် အကျွန်ုပ် သည် မ စား ပါဟု လျှောက် လျှင် ၊ 15  လူ ၏မစင် အရာ ၌ နွား ချေး ကို ငါပေး ၏။ နွားချေးနှင့်သင့် မုန့် ကို ဖုတ် ရမည်ဟု မိန့် တော်မူ၏။ 16  တဖန်တုံ ၊ အချင်းလူသား ၊ ယေရုရှလင် မြို့၌ မုန့် အထောက် အပင့်ကို ငါ ချိုး မည်။ မြို့သားတို့သည် မုန့် ကိုချိန် လျက် ၊ စိုးရိမ် သောစိတ် နှင့် စား ရကြမည်။ ရေ ကိုလည်း ခြင် လျက် ၊ မိန်းမော တွေဝေခြင်းနှင့် သောက် ရကြမည်။ 17  မုန့် နှင့် ရေ ခေါင်းပါး သဖြင့် ၊ မြို့သားတို့သည် တညီတညွတ်တည်းမိန်းမော တွေဝေ၍ ၊ မိမိ တို့အပြစ် ကြောင့် ပိန်ကြုံ ခြင်းသို့ ရောက်ရကြမည်ဟု မိန့်တော်မူ၏။