25
ထိုအခါ ကောင်းကင် နိုင်ငံ တော် သည် ကား၊ မင်္ဂလာဆောင် လုလင်ကို ခရီးဦးကြိုပြု အံ့သောငှာ မီးခွက် ကိုကိုင်ယူ ၍ ထွက်သွား သောသတို့သမီး တစ်ကျိပ် နှင့်တူ ၏။ ထိုသတို့သမီး တို့တွင် ငါး ယောက်သည် ပညာ သတိရှိကြ၏။ ငါး ယောက်မူကား အမိုက် ဖြစ် ကြ၏။ မိုက် သောသူ တို့သည် မီးခွက် တို့ကိုသာယူ ၍ ဆီ ကို မ ယူ ကြ။ ပညာ သတိရှိသောသူ တို့မူကား ၊ မီးခွက် နှင့်တကွ ဘူး ၌ ပါသောဆီ ကိုလည်း ယူ ကြ၏။ မင်္ဂလာဆောင် လုလင်သည် မ လာဘဲနေစဉ်၊ ထိုသတို့သမီးအပေါင်း တို့သည် ငိုက် ၍ အိပ်ပျော် ကြ၏။ သန်းခေါင်ယံ ၌ကြည့် ပါ။ မင်္ဂလာဆောင် လုလင်သည် လာပြီ။ ခရီးဦးကြိုပြု ခြင်းငှာ ထွက်သွား ကြကုန်ဟု ကြွေးကြော် လျှင် ၊ ထို သတို့သမီး အပေါင်း တို့သည် ထ ၍ မီးခွက် များကို ပြင်ဆင် ကြ၏။ မိုက် သောသူ တို့က ငါ တို့ဆီမီး သေ ပါပြီ။ သင် တို့ ဆီ ကိုအနည်းငယ်ပေး ပါဟု ပညာရှိ သောသူ တို့အား တောင်း ကြ၏။ ပညာရှိ သောသူ တို့ကလည်း သင်တို့ အဘို့နှင့် ငါ တို့အဘို့ ဆီမ လောက် ။ ထို့ကြောင့်ဆီရောင်း သောသူ ရှိရာ သို့သွား ၍ ကိုယ် သုံးဘို့ဝယ် လျှင် သာ၍ ကောင်းသည်ဟု ပြန်ပြော ကြ၏။ 10  ထိုသူ တို့သည် ဆီဝယ် သွား သည်အခိုက်တွင် မင်္ဂလာဆောင် လုလင်သည်လာ ၍ ၊ အသင့် ရှိသော သတို့သမီး တို့သည် လုလင် နှင့်အတူ ပွဲ သို့ ဝင် ကြပြီးလျှင် တံခါး ကိုပိတ် ထား၏။ 11  ထိုနောက် ကြွင်း သောသတို့သမီး တို့သည်လာ ၍ အရှင် ၊ အရှင် ၊ ကျွန်မ တို့အား တံခါးကိုဖွင့် ပါဟု တောင်းလျှောက် ကြသော်၊ 12  အရှင် ကလည်း ၊ ငါအမှန် ဆို သည်ကား၊ သင် တို့ကို ငါမ သိ ဟု ပြန်ပြော လေ၏။ 13 သို့ဖြစ်၍ လူသားသည် ကြွလာအံ့သောနေ့ရက် ၊ အချိန် နာရီကို သင်တို့သည်မ သိ သောကြောင့် စောင့် နေကြလော့။
14  ဥပမာ ကား၊ လူ တစ်ဦးသည် အခြားသောပြည်သို့သွား မည်ဟု အကြံရှိလျက်၊ မိမိ ငယ်သား တို့ကိုခေါ် ၍ မိမိ ဥစ္စာ များကို အပ်ပေး ၏။ သူတို့သည် အသီးအသီး အစွမ်း သတ္တိရှိသည်အတိုင်း ၊ တစ်ဦး ၌ ငွေ အခွက်ငါးဆယ် ၊ 15  တစ်ဦး ၌ အခွက်နှစ်ဆယ် ၊ တစ်ဦး ၌ အခွက်တစ်ဆယ် ကို အပ်ပေး ပြီးမှချက်ခြင်း သွား လေ၏။ 16  အခွက် ငါးဆယ် ကိုခံ သောသူ သည် သွား ၍ကုန်သွယ်ခြင်းကိုပြု သဖြင့် အခြား သောအခွက်ငါးဆယ် ကို အမြတ်ရ လေ၏။ 17  ထိုနည်းတူ အခွက်နှစ်ဆယ် ကိုခံသောသူ သည်လည်း၊ အခြား သောအခွက်နှစ်ဆယ် ကို အမြတ်ရ လေ၏။ 18  အခွက်တစ်ဆယ် ကို ခံ သောသူ မူကား ၊ သွား ၍ မြေ ၌တွင်းတူး ပြီးလျှင် အရှင် ၏ငွေ ကိုဝှက်ထား လေ၏။ 19  ကာလ ကြာမြင့် ပြီးမှ ထို ငယ်သား တို့၏ အရှင် သည်လာ ၍ သူ တို့ကိုစာရင်း ယူ လေ၏။ 20  အခွက် ငါးဆယ် ကို ခံ သောသူ သည်ချဉ်းကပ် ၍ အခြား သောအခွက် ငါးဆယ် ကိုဆက် လျက်၊ သခင် ၊ ကိုယ်တော်သည် အကျွန်ုပ် ၌ အခွက် ငါးဆယ်ကို အပ်ပေး တော်မူ၏။ အခြား သောအခွက် ငါးဆယ် ကို အကျွန်ုပ်အမြတ်ရ ပါပြီဟု လျှောက် လေ၏။ 21  အရှင် ကလည်း၊ သာဓု ၊ သစ္စာရှိ သော ငယ်သား ကောင်း ။ သင်သည် အမှုငယ် ၌သစ္စာစောင့် လေပြီ။ များစွာ သော အမှုအခွင့်ကို သင် ၌ငါအပ်ပေး မည်။ သင် ၏သခင် နှင့်အတူစည်းစိမ် ကိုဝင်စား လော့ဟု မိန့် တော်မူ၏။ 22  အခွက် နှစ်ဆယ် ကို ခံသောသူ သည်လည်း ချဉ်းကပ် ၍ သခင် ၊ ကိုယ်တော်သည် အကျွန်ုပ် ၌ အခွက် နှစ်ဆယ် ကို အပ်ပေး တော်မူ၏။ အခြား သောအခွက် နှစ်ဆယ် ကို အကျွန်ုပ်အမြတ်ရ ပါပြီဟု လျှောက် လေသော်၊ 23  အရှင် က၊ သာဓု သစ္စာရှိ သောငယ်သား ကောင်း ၊ သင်သည် အမှုငယ် ၌ သစ္စာစောင့် လေပြီ။ များစွာ သော အမှုအခွင့်ကို သင် ၌ ငါအပ်ပေး မည်။ သင် ၏ သခင် နှင့်အတူစည်းစိမ် ကိုဝင်စား လော့ဟု မိန့် တော်မူ၏။ 24  အခွက် တစ်ဆယ် ကို ခံ သောသူ သည်လည်း ချဉ်းကပ် ၍ သခင် ၊ ကိုယ်တော် သည် ခဲယဉ်း သောသူ ဖြစ် သည်နှင့် ကိုယ်မ စိုက် မပျိုးသောအရပ် ၌ရိတ် ၍၊ ကိုယ်မ ဖြန့် မကြဲသောအရပ် ၌ စုသိမ်း တတ်သည်ကို အကျွန်ုပ်သိ ၍ ၊ 25  ကြောက် သောကြောင့် ၊ အခြားသို့သွား ၍ ကိုယ်တော် ၏ ငွေ အခွက်တဆယ်ကို မြေ ၌ ဝှက်ထား ပါပြီ။ ယခုကိုယ်တော် ၏ ဥစ္စာ ရှိ ပါသည်ဟု လျှောက် ၏။ 26  အရှင် ကလည်း ၊ ဆိုးညစ် ပျင်းရိ သောငယ်သား ၊ ငါသည် ကိုယ်မ စိုက် မပျိုးသောအရပ် ၌ ရိတ် ၍၊ ကိုယ် မ ဖြန့် မကြဲသောအရပ် ၌ စုသိမ်း သည်ကို သင်သိ သည်မှန်လျှင်၊ 27  ငါ့ ငွေ ကို ပွဲစား လက်သို့ အပ် ရမည်။ ထိုသို့ အပ်လျှင် ငါ ပြန်လာ သောအခါ ငွေရင်း နှင့် အတိုး ကိုရ နိုင်၏။ 28  ထို့ကြောင့် အခွက် တဆယ်ကို ထိုသူ ၏ လက်မှ နှုတ် ကြ။ အခွက် တရာ ရှိ သောသူ ကို ပေး ကြ။ 29  အကြောင်းမူကား ၊ အကြင်သူသည်ရ တတ်၏။ ထိုသူ၌ ကြွယ်ဝ ပြည့်စုံစေခြင်းငှာပေး ဦးမည်။ အကြင်သူ သည် ဆင်းရဲ ၏။ ထိုသူ ၌ ရှိသမျှ ကိုပင် နှုတ် လိမ့်မည်။ 30  အသုံး မရသော ထိုငယ်သား ကိုငိုကြွေး ခြင်း၊ အံသွား ခဲကြိတ် ခြင်းရှိရာ ၊ ပြင် အရပ်မှောင်မိုက် ထဲသို့ နှင်ထုတ် ချလိုက်ကြဟု စီရင် တော်မူ၏။ 31  လူ သား သည် မိမိ ဘုန်း အာနုဘော်ကို ဆောင် လျက်၊ သန့်ရှင်းသော ကောင်းကင် တမန်များ အခြံအရံ တို့နှင့်တကွ ကြွလာ တော်မူသောအခါ ဘုန်း ရှိသော ပလ္လင် တော်ပေါ်မှာ ထိုင် ၍ ၊ 32  ရှေ့ တော်၌ လူမျိုး အပေါင်း တို့ကို စုဝေး စေသဖြင့် ၊ သိုးထိန်း သည် သိုး နှင့်ဆိတ် တို့ကို အသီးအခြား ခွဲ ၍ ၊ 33  သိုး တို့ကို လက်ျာ တော်ဘက် ၊ ဆိတ် တို့ကို လက်ဝဲ တော်ဘက် ၌ ထား တော်မူလတံ့။ 34  ထိုအခါ လက်ျာ တော်ဘက် ၌ရှိသော သူ တို့အား မင်းကြီး က၊ ငါ့ ခမည်းတော် ထံ ကောင်းကြီး မင်္ဂလာကိုခံသောသူ တို့၊ ကမ္ဘာ ဦး ကပင် သင်တို့ အဘို့ ပြင်ဆင် သောနိုင်ငံ ကို လာ ၍ အမွေခံ ကြလော့။ 35  အကြောင်းမူကား ၊ ငါ သည် မွတ်သိပ် သောအခါ သင်တို့သည် ကျွေး ကြ၏။ ငါ သည် ရေငတ် သောအခါ သင်တို့သည် သောက် ဘို့ပေးကြ၏။ ငါ သည် ဧည့်သည် ဖြစ် သောအခါ သင်တို့သည်ဧည့်သည် ဝတ်ကို ပြုကြ၏။ 36  ငါ သည် အဝတ် အချည်းစည်းရှိသောအခါ သင်တို့သည် အဝတ် နှင့်ဖုံးလွှမ်းကြ၏။ ငါသည် အနာ ရောဂါ စွဲသောအခါ သင်တို့သည်ကြည့်ရှု ပြုစုကြ၏။ ငါသည် ထောင် ထဲမှာ နေ ရသောအခါ သင်တို့သည် ငါ့ ထံသို့ လာ ကြ၏ဟု မိန့် တော်မူလျှင်၊ 37  ဖြောင့်မတ် သောသူ တို့က၊ သခင် ၊ ကိုယ်တော် သည် မွတ်သိပ် တော်မူသည်ကို အဘယ် အခါ၌ အကျွန်ုပ်တို့သည်မြင် ၍ ကိုယ်တော်ကို လုပ်ကျွေး ပါသနည်း။ ရေငတ် တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည် မြင်၍ ကိုယ်တော်ကို သောက် ဘို့ပေးပါသနည်း။ 38  ဧည့်သည် ဖြစ်တော်မူသည်ကို အဘယ် အခါ၌ အကျွန်ုပ်တို့သည်မြင် ၍ ဧည့်သည်ဝတ်ကို ကိုယ်တော် အား ပြု ပါသနည်း။ အဝတ် အချည်းစည်းရှိတော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည်မြင်၍ ကိုယ်တော်ကို အဝတ် နှင့်ဖုံးလွှမ်းပါသနည်း။ 39  အနာ စွဲတော်မူသည်ကို၎င်း၊ ထောင် ထဲမှာ နေတော်မူသည်ကို၎င်း၊ အဘယ် အခါ၌ အကျွန်ုပ်တို့သည် မြင် ၍ အထံ တော်သို့ ရောက် ပါသနည်းဟု ပြန် ၍လျှောက်ကြသော် ၊ 40  မင်းကြီး က၊ ငါအမှန် ဆို သည်ကား၊ သင်တို့သည် ဤ သူတည်းဟူသောငါ့ ညီ တို့တွင် အငယ်ဆုံး သော သူ တစ်ယောက်အား ပြု ကြသမျှ တို့ကို ငါ့ အား ပြု ကြပြီဟု ပြန်၍မိန့် တော်မူလတံ့။ 41  ထိုအခါ လက်ဝဲ တော်ဘက် ၌ရှိသောသူ တို့အား မင်းကြီးက၊ ကျိန် ခြင်းကို ခံရသောသူ တို့၊ မာရ်နတ် နှင့် သူ ၏တမန် တို့အဘို့ ပြင်ဆင် သောထာဝရ မီး ထဲသို့ ငါ့ ထံမှ ခွာသွား ကြလော့။ 42  အကြောင်းမူကား ၊ ငါသည် မွတ်သိပ် သောအခါ သင်တို့သည်မ ကျွေး ၊ ငါသည် ရေငတ် သောအခါ သင် တို့သည် သောက် ဘို့မ ပေး။ 43  ငါ သည် ဧည့်သည် ဖြစ် သောအခါ သင်တို့သည် ဧည့်သည် ဝတ်ကိုမ ပြု။ ငါ သည် အဝတ် အချည်းစည်းရှိ သောအခါ သင်တို့သည် အဝတ် နှင့်မ ဖုံးမလွှမ်း။ ငါ သည် အနာ ရောဂါစွဲသောအခါ ၌၎င်း ၊ ထောင် ထဲမှာ နေရ သောအခါ၌၎င်း၊ သင်တို့သည် မ ကြည့်ရှု မပြုစုဟု မိန့် တော်မူလျှင်၊ 44  ထိုသူ တို့က၊ သခင် ၊ ကိုယ်တော် သည် မွတ်သိပ် တော်မူခြင်း၊ ရေငတ် တော်မူခြင်း၊ ဧည့်သည် ဖြစ်တော်မူခြင်း၊ အဝတ် အချည်းစည်းရှိတော်မူခြင်း၊ အနာ စွဲတော်မူခြင်း၊ ထောင် ထဲမှာ နေတော်မူခြင်းတို့ကို အကျွန်ုပ်တို့ သည် အဘယ် အခါ၌မြင် ၍ ကိုယ်တော် ကို မ ပြုစု မလုပ်ကျွေးဘဲ နေပါသနည်းဟု ပြန်၍လျှောက် ကြသော်၊ 45  မင်းကြီးက၊ ငါအမှန် ဆို သည်ကား၊ သင်တို့သည် ဤ သူ တို့တွင် အငယ်ဆုံး သောသူ တစ်ယောက်အား မ ပြု သမျှ တို့ကို ငါ့ အား မ ပြု ကြပြီဟုပြန်၍မိန့် တော်မူလတံ့။ 46  ထိုသူ တို့သည် ထာဝရ အပြစ် ဒဏ်ခံရာသို့ ၎င်း ၊ ဖြောင့်မတ် သောသူ တို့မူကား ၊ ထာဝရ အသက် ရှင်ရာ သို့ ၎င်း သွား ရကြလတံ့ ဟု မိန့် တော်မူ၏။